အသုံးမကျတဲ့ဘ၀

( 0 မှတ်ချက်)

3000 (ကျပ်)

“မင်း… အခုချိန်ထိ မျက်ကန်းယုံကြည်မှုနဲ့ ဆင်ကန်းတောတိုးနေတုန်းပဲလား…”
အောင်မြင်မှုရရှိဖို့ ကြိုးစားနေရုံနဲ့ ကိုယ့်လူငယ်ဘဝရဲ့အနှစ်သာရပြည့်စုံပြီလို့ မထင်မှတ်လိုက်ကြပါနဲ့။ ခိုင်မာတဲ့ရည်ရွယ်ချက် ရေရေရာရာမရှိဘဲ တွေ့သမျှမြင်သမျှကို အပြင်းအထန်ကြိုးစားပြနေရုံနဲ့ ကိုယ့်ကိုယ်ကိုယ်အာဂသူရဲကောင်းကြီးလို့လည်း မသတ်မှတ်လိုက်ကြပါနဲ့။ လူ့ဘဝခရီးဆိုတာ အဲဒီလောက်လွယ်လို့လား။ မလွယ်ပါဘူး။ကြိုးစားဖြတ်သန်းရာလမ်းကြောင်းတိုင်းမှာ အသက်အရွယ်အပိုင်းအခြားအလိုက် ဆောင်ရန်ရှောင်ရန် Ethicတွေရှိပါတယ်။ ဒီအချက်တွေကို ခုခေတ်လူငယ်တွေ ဆင်ခြင်စဥ်းစားသင့်ပါတယ်။
အဲဒီလို လူမှုကျင့်ဝတ်တွေအကြောင်းကို လူငယ်တွေ လိုက်နာကျင့်သုံးနိုင်စေဖို့ ဆရာမောင်မင်းစိုးရဲ့ယခုစာအုပ်လေး စီစဥ်ထုတ်ဝေပေးလိုက်ပါတယ်။ ကမ္ဘာကျော် ဇင်ပုံပြင်တွေကို မှီငြမ်းချဥ်းကပ်ရေးသားထားတဲ့ ဆင့်ပွားအတွေးအမြင်ဆောင်းပါးကောင်းတွေပဲဖြစ်ပါတယ်။
“တွေးပါ၊ မြင်ပါ၊ ကြိုးစားပါ၊
အကောင်အထည်ဖော်ပါ။
ဒါပေမယ့် လူမှုကျင့်ဝတ်အကြောင်း
ဘာမှမသိလိုက်ရဘဲ ကိုယ့်လူငယ်ဘဝကို
မကုန်ဆုံးပါစေနဲ့”။

စာမျက်နှာ

168

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Pica၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အသုံးမကျတဲ့ဘ၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်မင်းစိုး စာအုပ်များ