အတာ

( 1 မှတ်ချက်)

9000 (ကျပ်)

စာမျက်နှာ

409

စာအုပ်အရွယ်အစား

5.3 x 0.6 x 8.2 inches

စျေးနှုန်းအပြောင်းအလဲ

23.1.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

8 in stock

အတာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Nyi Nyi Tun

    ဒီစာအုပ်နဲ့ ပက်သတ်ပြီးပြောရမယ်ဆိုရင်
    ဒီစာအုပ်က ဆရာအတာဘဝဇာတ်ကြောင်း
    ကိုးဆယ်ရာခိုင်နှုန်းလောက်ပါတဲ့ ဝတ္ထုရှည်
    စာအုပ်တစ်အုပ်လို့ပြောရင်လည်းမှန်ပါတယ်
    လူ့လောကကြီးထဲမှာ အတာလိုလူမျိုး
    ဘယ်နှစ်ယောက်လောက်များရှိနေမလည်းဆိုပြီး
    တွေးဆပြီး ရင်နင့်မိပါတယ်
    ဒီစာအုပ်ထဲမှာ ပါဝင်တဲ့အဓိက
    ဇာတ်ကောင်တွေ အတာ သူ့မိခင်ဖြစ်သူ မသိန်းမေ ဖထွေးဖြစ်သူ ကိုထွန်းအောင်တို့ပဲ ဖြစ်ပါတယ်
    ယောကျာ်းဆုံးပါးတော့အမျိုးတွေရှိရာကို သားလေးအတာနှင့်သမီးလေးအမာကို နားအေးပြီးရောဆိုတဲ့ ပုံစံနဲ့ကိုယ်လွတ်ရုန်းချင်တဲ့မသိန်းမေဟာ
    တစ်နေ့တစ်နေ့ လောင်းကစားနဲ့ပက်သက်ပြီး ၃၆ကောင်ထီထိုးမြင်းလောင်း တစ်နေ့လုပ်စာ တစ်နေ့ ရှာဖွေရသမျှလောင်းကစားနဲ့ကုန်ပြီး ဒိုင်ကို
    အလှူကြီးပေးလေ့ရှိပါတယ် ဒီလိုနဲ့ပဲ မသိန်းမေဟာ
    တစ်နေ့မှာတော့ တစ်လလုပ်အားခ ၄၂ကျပ်ရတဲ့ စာရေးဖြစ်သူ ကိုထွန်းအောင်နဲ့လက်ထပ်ခဲ့ပါတယ်
    အတာကို သားအရင်းလိုပြုစုယုယချစ်ခင်တဲ့
    ကိုထွန်းအောင်ဟာ ဖထွေးလို့တောင် မခေါ်ထိုက်လောက်အောင်ကို အတာအပေါ်မှာ ကောင်းပါတယ်
    မသိန်းမေကတော့ အသိဉာဏ်မရှိ စာမတတ်သူပီပီ
    သားဖြစ်သူ အတာကို ပညာသင်ရင် အလကားပိုက်ဆံကုန်တယ်ထင်ပြီး ပညာရေးနဲ့ပက်သတ်ပြီး ကျောင်းထားဖို့စိတ်ကူးမရှိတဲ့အပြင် ကိုထွန်းအောင်က ကျောင်းထားပေးပြန်တော့လည်း မိခင် အရင်းဖြစ်တဲ့မသိန်းမေက အတာကို မုန့်ဖိုးလည်း
    ပုံမှန်မပေး ကျောင်းလခလည်းပုံမှန်မပေး
    ပေးတော့လည်း လောက်ငှအောင်ပေးခြင်းမရှိ အဝတ်အစားလည်း ဆင်ပေးရကောင်းမှန်းမသိ လောင်းကစားကသာလျှင် သူ့ရဲအရာရာဖြစ်နေသူတစ်ယောက်ပါအတာလေးက သိတတ်ပြီး စာကြိုးစားသလောက်မသိန်းမေက ထောက်ပံခြင်းမရှိ တစ်ပတ်တစ်ခါ မြင်းလောင်းရင် နှစ်ဆယ်ကျော်ထိုးနေတဲ့သူတစ်ယောက်က သားကျောင်းလခ နှစ်ကျပ်ကိုတောင်မှ ပေးရကောင်းမှန်းမသိ နှစ်လသုံးလစာအထိပေးနိင်ပဲနေလေ့ရှိပါတယ် ကျောင်းဆင်းရင်အတန်းထဲမှာ စျေးရောင်းပြီးမိမိကျောင်းလခကို
    ကိုယ့်ဘာသာကိုရှာ ကိုယ့်ဒူးကိုယ်ချွန်ပြီး
    စာရေးပစ္စည်းကိရိယာကအစဝယ်သုံးခဲ့တဲ့
    လိမ္မာရေးခြားရှိလှသူတစ်ယောက်ဖြစ်တာနဲ့အညီ ဆရာ ဆရာမတွေသာမက သူငယ်ချင်းတွေကပါချစ်ခင်ကြတဲ့ စာအလွန်တော်တဲ့အတာဟာ
    လူဖြစ်ရကျိုးမနပ်လောက်အောက်ကို သူ့ရဲ့ဘဝက ခါးသီးလှပါတယ် ကျောင်းလခနှစ်ကျပ်ပြည့်အောင် မစားရက်မသောက်ရက် ချွေတာ စုဆောင်းပြီး ကျောင်းလခရှာကြံပေးရတာတွေကို ဖတ်ရူ့ရင်း အသည်းခိုက်လှပါတယ်ကိုထွန်းအောင်စာရေးလခရလို့ မသိန်းမေအပ်ပြန်တော့လည်း အပ်သမျှပိုက်ဆံအကုန် လောင်းကစားမှာပဲ ကုန်နေလေ့ရှိပါတယ် ဆင်ခြင်တုံတရားမရှိတဲ့မအေဖြစ်သူ မသိန်းမေက သားကို စေတနာနဲ့ကျောင်းထားပေးတဲ့ ဒေါ်ဒေါ်သန်းတို့ဝယ်ပေးထားသော သားဖြစ်သူ ပုဆိုးကအစပေါင်နှံပြီး လောင်းကစားကို အရူးအမူးဖြစ်နေသူတစ်ယောက်ပါ ကိုထွန်းအောင် စာရေးအလုပ်ပြုတ်ပြီး တစ်ရက်မှာတော့ မိတ္ထီလာကို ကျောက်ထိုးအတတ်ပညာ သွားသင်နေတဲ့ကာလကတော့အတာအတွက် ကံဆိုးမိုးမှောင်ပိုပြီးကျခဲ့ရတဲ့နေ့ရက်တစ်ချို့ပါပဲ ကံဆိုးမှု ကိုးဆယ်ရာခိုင်နှုန်း
    လောက်ကြုံတွေ့နေရတဲ့အတာဟာ ကျောင်းထွက်ဖို့အထိပါ စိတ်ဒုက္ခရောက်ခဲ့ရပုံတွေ အဘက်ဘက်က
    စိတ်ဆင်းရဲမှု ဒဏ်တွေကြောင့်လူပေါင်းမှားသွားရပုံတွေ နောက်ပိုင်းမှာတော့
    အတာဘဝအပြောင်းအလဲဖြစ်ပြီး လောင်းကစားကို
    စွန့်လွှတ်လိုက်တဲ့ မသိန်းမေအသိတရားရလာပုံအတာဘဝကိုကံကောင်းမှုနဲ့အဆုံးသတ်ပေးထားတဲ့ စာရေးဆရာ သာဓု၏စာပေလက်ရာကောင်း ဝတ္ထုတစ်ပုဒ်ဟုတင်ပြရင်း ဖတ်ကြည့်ကြပါလို့
    စာဖတ်သူများအားအကြံပြုပါရစေ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သာဓု စာအုပ်များ