အာရှတိုက်၏ရတနာများ
2500 (ကျပ်)
ဒီစာအုပ်ဟာ စာရေးဆရာ Steven Howard နဲ့ Ran Kanfman တို့ ပြုစုရေးသားထားတဲ့ Asian Words of Wisdom ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ”ခေါင်းဆောင်မှု၊ နည်းပြခြင်းနဲ့ အကြံပေးခြင်း၊ ဈေးကွက်ဖြန့်ကြက်မှု၊ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု၊ ဆက်လက်သင်ယူမှတ်သားစရာများ” ဆိုပြီး ကဏ္ဍ ၅ ခု ခွဲထားပါတယ်။ ကဏ္ဍအလိုက် ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းတင်ပြပြီးတဲ့နောက် အာရှတိုက်နိုင်ငံများက အဓိပတိ ပညာရှင်ကြီးများရဲ့ အဆိုအမိန့် စာကိုး၊ စကားကိုးတွေကို ရေးစီထားတာပါ…
အာရှရဲ့ မဟာတွေးခေါ်ရှင်ကြီးတွေဖြစ်တဲ့ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ ဂန္ဒီ၊ ခရစ္စနားမူရ်တီ၊ မတ်ဆူရှီတာ၊ လောင်ဆူး၊ ဆွန်ဇူး စတဲ့ ပညာရှိခေါင်းဆောာင်ကြီးတွေရဲ့ စိတ်ဓာတ်ခွန်အား လှုံ့ဆော်ပေးတဲ့ ကောက်နှုတ်ချက်စကားတွေ၊ ခေါင်းဆောင်မှုစာစုတွေ၊ ဈေးကွက်စီးပွားရေးနဲ့ တစ်ကိုယ်ရေ တိုးတက်ကြီးပွားမှုတွေကို လမ်းညွှန်ပေးထားပါတယ်…
မိမိကိုယ်မိမိ သတိကပ်ပြီး ဉာဏ်အလင်းရဖို့၊ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုနဲ့ ခေါင်းဆောင်မှုအရည်အသွေး မြင့်မြင့်မားမားရှိဖို့ အာရှရဲ့ တွေးခေါ်ရှင်ကြီးတွေ၊ ပညာရှိခေါင်းဆောင်ကြီးတွေရဲ့ လမ်းညွှန်စကားကောက်နှုတ်ချက်ပေါင်း ၅၀၀ ကျော်ကို တွေးတစိမ့်စိမ့် ဖတ်ရှုရမှာဖြစ်ပါတယ်…
အရေးအကြီးဆုံးက အာရှတိုက်ရဲ့ ရတနာများဟာ စာဖတ်သူတစ်ဦးချင်းကို ဉာဏ်ကွန့်မြုူးမှုနဲ့ ထိုးထွင်းသိမြင်မှုတွေအရ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အောင်မြင်ကြီးပွားရေးအတွက် စိတ်ခွန်အားတွေ မြှင့်တင်ပေးဖို့၊ ဘဝလမ်းညွှန် အထောက်အကူပြုစေဖို့ ဖြစ်ပါတယ်…
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2019 ဒီဇင်ဘာလ (ဒု-ကြိမ်) |
17 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ