အရှေ့ကနေဝန်းထွက်သည့်ပမာ (ပထမတွဲ)+(ဒုတိယတွဲ)

( 0 မှတ်ချက်)

12000 (ကျပ်)

စာရေးဆရာ နိုင်ငံရေးသမား သိန်းဖေမြင့်၏ ၁၉၃၄-၁၉၄၂ ထိ မြန်မာနိုင်ငံရေး လွတ်လပ်ရေးအရေးတော်ပုံ သမိုင်းနောက်ခံ မြန်မာဝတ္ထုရှည်ကြီးဖြစ်သည်။
ကမာရွတ်အလုပ်သမားလှုပ်ရှားမှု၊ ရန်ကုန်မြို့နေ ဆင်းရဲသားလှုပ်ရှားမှု၊ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု၊ တောင်သူလယ်သမား မြေရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု စသည်ဖြင့် အလွှာအသီးသီးပါဝင်သော လှုပ်ရှားမှုများ ကို နောက်ခံထားရေးဖွဲ့သည်။
ဇာတ်လမ်း ဇာတ်အိမ် ဇာတ်ကွက်နှင့် ဇာတ်ကောင်တို့တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းဇာတ်ကွက်နှင့် အပြင်တွင် တကယ်ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်များက အဓိကပါဝင်သည်။ လူငယ်ဘဝ အချစ်ရေးကိုလည်း သကာဆမ်းသလို ခပ်ပါးပါးထည့်သွင်းရေးဖွဲ့ထားသည်။
၁၉၅၈ ခုနှစ် စာပေဗိမာန်ဆုရ ဝတ္ထုလည်းဖြစ်သည်။
ယခုထုတ်ဝေမှုတွင် တစ်အုပ်တည် ပေါင်းချုပ်အဖြစ် ကတ်ထူဖုံးခန့်ချုပ်ဖြင့် စာအုပ်စင်တွင် ခံ့ခံ့ညားညား ထည်ထည်ဝါဝါ သိမ်းဆည်းထားရှိနိုင်မည့် မူတစ်မျိုးရနိုင်သလို ကိုင်တွယ်ဖတ်ရှုရ လွယ်ကူသော အဖုံးပျော့ဖြင့် နှစ်အုပ်တွဲ မူကိုလည်း ရွေးချယ်လိုက ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

စာမျက်နှာ

456+496 (အဖုံးပျော့)

စာအုပ်အရွယ်အစား

5.9 x 1.7 x 8.7 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2021 နိုဝင်ဘာလ (တေရသမ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရှေ့ကနေဝန်းထွက်သည့်ပမာ (ပထမတွဲ)+(ဒုတိယတွဲ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သိန်းဖေမြင့် စာအုပ်များ