အရှေ့ဘက်ကမ်းပါး

( 0 မှတ်ချက်)

5000 (ကျပ်)

မကြည်ဝေဟု ဖခင်ဖြစ်သူက ပညတ်ခဲ့သော “မိစု” ခေါ်  “ကျော့ရွှေစံ” သည် ခေတ်ဆိုးပုံရိပ်များစွာနှင့် မအေးချမ်းသော ဒေသများတွင် နေထိုင်ခဲ့ရသော အတွေ့အကြုံ၊ သဘာ၀အလှအပနှင့် ခေတ်ကာလ၏ တော်လှန်ရေး အမှောင်ညဆိုးများ၊ လွမ်းစရာ၊ ချစ်စရာများကို ဇာတ်ကောင်များစွာ ထည့်သွင်း၍ ကဗျာနှင့် ၀တ္ထုကောင်းများအဖြစ် ထုဆစ်ပုံဖော်နေခဲ့လေသည်။ မိဘနှစ်ပါးလုံး ကွယ်လွန်ပြီးသည့်နောက်တွင် ဆယ်ကျော်သက်အရွယ်  မကြည်ဝေသည် ခက်ခဲသော ဘ၀ကို ရင်ဆိုင်ရန်၊ ဝါသနာကို အကောင်အထည်ဖော်ရန်နှင့် ဆွေမျိုးများရှိရာ ရန်ကုန်စာပေနယ်သို့ ရောက်ရှိသွားခဲ့ပါသည်။

ဝါသနာအရ စာပေလောကသို့ စတင်ခြေချခွင့်ရသည်နှင့် ယု၀တီဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ ငွေတာရီနှင့် မြ၀တီမဂ္ဂဇင်းတို့တွင် ၀တ္ထုတို၊ ၀တ္ထုရှည်များ စတင်ရေးသားခဲ့သည်။ ထိုသို့ရေးသားရင်း ကြုံတွေ့ရသမျှသော အခက်အခဲမျိုးစုံကို စာပေ၏ လှေကားဟု မှတ်ယူကာ ကျော်ဖြတ်ခဲ့သည်။ သူ၏ စာပေလက်ရာများ အောင်မြင်လူသိများလာသောအခါ သူ၏လက်ရာများကို အဓိကထည့်သွင်းဖော်ပြနေသည့် ယု၀တီဂျာနယ်မှ စာရေးတော်သော အမျိုးသမီးကလောင်ရှင်များကို ဂုဏ်ပြုပေးလေ့ရှိသည့် “ယု၀တီဘွဲ့”ကိုပေးအပ်ပြီး၊ ကြည်ဝေဟူသော ကလောင်အမည်နှင့် တွဲဖက်၍ “ယု၀တီကြည်ဝေ” ဟု အောင်မြင်သော အမျိုးသမီး စာရေးဆရာမတစ်ဦးအဖြစ် မြန်မာ့စာပေစင်မြင့်တွင် ဂုဏ်ပြုမြှင့်တင် ပေးခဲ့သည်။

ယခုစာအုပ်သည် နှစ်တစ်ရာအတွင်း မြန်မာ၀တ္ထု(၁၀၀) ရွေးချယ်ခံစာရင်းဝင်စာအုပ်လည်းဖြစ်သည်။  စာရေးသူ ငယ်စဉ်က မိခင်ပြောပြသော ပုံပြင်များနှင့် စာရေးသူ ဖြတ်သန်းကျော်လွှားခဲ့ရသော ဘ၀ခရီးများနှင့် ပေါင်းစပ်ရေးသီထားခြင်းဖြစ်ပါသည်။ အမှောင်ခေတ်အတွင်းမှ လူငယ်တစ်ဦး၏ အချစ်နှင့် ဘ၀စရိုက်မျိုးစုံကို အဓိကထားရေးသားသည်။ တော်လှန်ရေးအချိန်ကာလ၊ ကျေးဇူးတရား၊ လူ့ကျင့်ဝတ်နှင့် ၀တ္တရားစောင့်ထိန်းပုံများကို ရေးသားတင်ပြထားသည်။

စာမျက်နှာ

228

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.4 inches

ပုံနှိပ်မှတ်တမ်း

အမေ့ဥယျာဉ်၊ 2021 နိုဝင်ဘာလ၊ (တ-ကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရှေ့ဘက်ကမ်းပါး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ယု၀တီကြည်ဝေ စာအုပ်များ