ဗိုက်ဝအောင်စားပြီး အဆီချကြမယ်

( 14 မှတ်ချက်)

4000 (ကျပ်)

ဒီစာအုပ်ထဲမှာ
– လူတိုင်းနီးပါးလိုက်နာစားသောက်နိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်သော diet plan…
– သက်ကြီးရွယ်အိုနှင့် eating disorder ရှိသူများ အစမ်းလေ့ကျင့်စားနိုင်သော အခြေခံ plan…
– နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကလေးမထိခိုက်ပဲ အဆီတက်မလာအောင် ထိန်းသိမ်းစားသောက်နိုင်သော maternity plan…
တွေပါဝင်ပါတယ် ။

– အခြားခေါင်းစဥ်များအနေဖြင့်
🍔 Cheat day ယူနည်း
☕ Diet coffee ဖျော်နည်း
🥘 Hot pot ကိုဝိတ်မတက်အောင်စားနည်း
🍝 Instant noodles (အသင့်စားခေါက်ဆွဲခြောက်တွေကို ဝိတ်မတက်အောင်စားနည်း)
💧Water retention (ရေဝိတ်တက်ခြင်းအကြောင်း)

အစရှိတဲ့ စိတ်ဝင်စားဖွယ် အကျိုးရှိစေမယ့် topic တွေအများကြီး ပါဝင်တာကြောင့်…ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ချင်သူ၊ ဝိတ်ထိန်းချင်သူနှင့် ဝိတ်ကျချင်သူများအတွက်မရှိမဖြစ် အိမ်မှာဆောင်ထားသင့်သော
လက်စွဲစာအုပ်ကလေးဖြစ်ပါတယ်…

စာမျက်နှာ

148

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ခင်ခင်မေကျော်၊ 2021 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

Out of stock

ဗိုက်ဝအောင်စားပြီး အဆီချကြမယ် အား ဝေဖန်သုံးသပ်မှု 14 ရှိပါသည်။

  1. Poe

    Group name လေးနဲ့စာအုပ်ထုတ်တာလေးကို သဘောအရမ်းကျပါတယ် ဝိတ်ချတာကို ခက်ခက်ခဲခဲ အပင်ပန်းခံစရာမလိုပဲ အဆင်ပြေပြေဖြစ်အောင် ကြိုးစားလေ့လာပြီး ဝေမျှပေးတါအတွက်လည်း ကျေးဇူးတင်ပါတယ် တခုခုသိချင်ရင် အရင်ကလို လိုင်းပေါ်မှာပြန်ရှာနေစရာမလိုပဲ စာအုပ်လေးကိုင်ပြီး သိချင်တာပြန်ရှာလို့ရတာကို သဘောကျတဲ့အတွက်ရယ် စာအုပ်နဲ့ဖတ်ရင်ပိုမှတ်မိလွယ်တာကြောင့် စာရေးသူလက်မှတ်လေးပါတဲ့စာအုပ်ကိုမှာထားပါတယ်ရှင် ကျန်းမာရေးမထိခိုက်ပဲ ဝိတ်ကျချင်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့စာအုပ်တစ်အုပ်ပါပဲရှင်❤

  2. Nga Ye

    အစာစားရင်း weight ချဖို့အတွက် တကယ်ထိရောက်တဲ့ စာအုပ်လေးပါ။
    အစားလည်း မဖြတ်ချင် weight လည်း ချချင်တဲ့ သူတိုင်း ဖတ်သင့်ပါတယ်။

  3. Nyein

    တော်တော်လေးကို လက်တွေ့ကျတဲ့စာအုပ်လေးပါ ။
    ၃ခါမြောက်ဖတ်ပြီးပါပြီ ။ စာအုပ်ထဲက plan အတိုင်းလိုက်စားကြည့်တာ ၁၀ရက်မြောက်နေ့မှာတင် ၆ပေါင်ကျလို့ ပျော်နေရပါပြီ ။ အရမ်းလဲလိုက်နာရလွယ်ကူပြီး အကျိုးရှိပါတယ် ။
    နောက်ဆုံးအခန်းက လျှို့ဝှက်ချက်လေးတွေကလဲ ဝိတ်ချနေတဲ့သူတိုင်း သိထားသင့်ပါတယ် ။ တော်တော်ကောင်းတဲ့စာအုပ်လေးပါ ။ 😍😍😍

  4. Mi Da

    ကျေးဇူးပါ ပိုကျန်းမာပြီလေ အကူရှိလို့😊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်ခင်မေကျော် စာအုပ်များ