ဆာဒါကို (အာဃာတဗိုင်းရပ်စ်)

( 0 မှတ်ချက်)

10000 (ကျပ်)

နေ့ရက်တစ်ရက်ရဲ့ ည ဆယ်နာရီ … အဲ့ဒီ တစ်ချိန်တည်းမှာပဲ လူလေးဦးဟာ မူမမှန်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် သေဆုံးခဲ့တယ်။

သတင်းထောက် အဆာကာဝါဟာ နားမလည်နိုင်လောက်တဲ့ ပုံစံနဲ့ သေဆုံးသွားတဲ့ သူ့တူမ အကြောင်းကြောင့် အံ့အားသင့်ခဲ့ရတယ်။ ဒါ့အပြင် ဒီလို သေဆုံးတဲ့ အခြားအလောင်းတွေအကြောင်းကိုလည်း အဆာကာဝါ သိလိုက်ရတယ်။ ဗီဒီယိုတိပ်ခွေကို ကြည့်ရှုပြီး သေဆုံးတာချင်း တူနေပါလား။

အဲဒီသေဆုံးမှုတွေက တောတွင်းအပန်းဖြေစခန်းတစ်ခု၊ ဗီဒီယိုတိပ်ခွေတစ်ခွေနဲ့ ဆက်စပ်မှု ရှိနေသလား?

ဒါဟာ ကျိန်စာသက်သက်လား၊ သဘာဝလွန် ပရလောကသားတွေရဲ့ အနှောက်အယှက် ပါသလား? နောက်ကွယ်က အကြောင်းရင်းခံက ဘာတွေဖြစ်မလဲ?

အကြောင်းရင်းခံ သေချာမသိဘဲ စူးစမ်းချင်စိတ်တစ်ခုတည်းနဲ့ ပါဝင်ပတ်သက်မိသူ သတင်းထောက် အဆာကာဝါကရော ဒီကိစ္စတွေထဲက လွတ်မြောက်နိုင်မလား။ သူလိုအပ်နေတဲ့ အကူအညီတွေရော ရနိုင်ပါ့မလား။

ဆာဒါကို ဟာ ဂျပန်စာရေးဆရာ koji Suzuki ရဲ့ Ring ကို ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ရဲ့ ဇာတ်လမ်းကို အခြေခံပြီး ရိုက်ထားတဲ့ The Ring Movie တွေက အင်မတန် အောင်မြင်ပြီး ကြည့်ဖူးသူတိုင်း စွဲလမ်းနှစ်သက်ကြတယ်။ လက်ရှိကာလမှာ နာမည်ကြီးနေတဲ့ The Nun ရုပ်ရှင်လိုပဲ ဆမ်မရာ (Samara Morgan) ဆိုတဲ့ နာမည်ကို မသိရင်တောင် Ring ဆိုတာနဲ့ ဆံပင်အရှည်ကြီး ရှေ့ချပြီး တီဗီထဲကနေ လေးဖက်ထောက်ထွက်လာတဲ့ သရဲမကို မှတ်မိကြတယ်။ စာအုပ်နဲ့ ရုပ်ရှင် ကွာခြားချက်တွေ ရှိတတ်တဲ့အတိုင်း The Ring ရုပ်ရှင်မှာ အဓိကဇာတ်ကောင်က စပြီး ပြောင်းလဲလိုက်တာတွေ၊ Ring စာအုပ်က အခန်းတွေ၊ ဇာတ်ကြောင်းတွေ ဖြုတ်ပစ်လိုက်တာ အများကြီးဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် သိရမှာပါ။

Ring ဇာတ်လမ်းကို အခြေတည်ပြီး ရိုက်ထားတဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါတယ်။ ဂျပန်လိုက ၁၉၉၈ မှာ ထွက်ခဲ့ပြီး ၂၀၀၂ မှာ မင်းသမီး Naomi Watts ပါတဲ့ The Ring (အမေရိကန်) ထွက်ခဲ့တယ်။ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး ကိုဂျီ ဆူဇူကီးကလည်း ဒီစီးရီးနဲ့တင် အပေါက်ဆုံး စာရေးဆရာ ဖြစ်ခဲ့ပါတယ်။ ဒီစီးရီးက အစက သုံးအုပ်တွဲ (trilogy) အထိပဲ ထွက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်တော့ ဈေးကွက်တောင်းဆိုချက်အရ ဝတ္ထုရှည် ၅အုပ်နဲ့ ဝတ္ထုတိုအစု တစ်အုပ် – ပေါင်း ၆အုပ် ထွက်ခဲ့ပါတယ်။ ဝတ္ထုတင်မက မန်ဂ လို့ခေါ်တဲ့ ဂျပန်ရုပ်ပြတွေကလည်း အောင်မြင်တာပါပဲ။

ဆန်းပြားတဲ့ ဇာတ်အိမ်၊ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းမျိုး ဖတ်ချင်သူတွေအတွက် Koji Suzuki ရဲ့ Ring ကို “နဒီလင်းသစ်” ဘာသာပြန်တဲ့ “ဆာဒါကို” က သင့်ကို အကြီးအကျယ် ရှော့ခ်ရစေမယ့် plot twist နဲ့အတူ စောင့်ကြိုနေပါလိမ့်မယ်။

စာမျက်နှာ

161

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 အောက်တိုဘာလ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆာဒါကို (အာဃာတဗိုင်းရပ်စ်)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နဒီလင်းသစ်(ဆေး-၂) စာအုပ်များ