နှလုံးသားအတွက် အားဖြည့်စာ
3500 (ကျပ်)
အွန်လိုင်းမှာ လူငယ်အလင်းဖွင့်စာစုလေးတွေရေးသားရင်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ဆရာမျိုးနိုင်(တန့်ဆည်)ရဲ့စာအုပ်ဖြစ်ပါတယ်။ ဆရာမျိုးနိုင်ဟာ လက်ရှိမှာ လူငယ်တွေကို အနီးကပ်စာသင်ကြားပြသပေးနေတဲ့ ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့အတွက် ခေတ်လူငယ်တွေရဲ့အမူအကျင့်၊ ကောင်းခြင်း၊ ဆိုးခြင်းတွေကို အသေးစိတ်ပဲ့ထိန်းရေးသားထားပါတယ်။ ဘုရားဟောဇာတ်နိပါတ်တော်တွေနဲ့အတူ အခြားသောပုံပြင်ကောင်းတွေကိုလည်း ဗဟုသုတတိုးပွားလာအောင် ထည့်သွင်းဖော်ပြထားပါတယ်။
စီစဉ်သူဆရာဆူးရင့်က‘‘စာမူတွေဖတ်ကြည့်မိတော့ လူ့ဘဝ၊ လူ့စံနှုန်း၊ လူ့ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေအပြင် လူတိုင်းကိုယ်စီ ပြုပြင်ပြောင်းလဲသင့်တဲ့ ကိုယ်နှုတ်စိတ်ရဲ့အက်ရှင် များ၊ ဇာတ်တော်တွေကတစ်ဆင့် မှတ်သားစရာ၊ ရယူစရာသင်ခန်းစာများ၊ လောကထဲဖြတ်သန်းရင်း တွေ့ကြုံခဲ့ရတဲ့ အကောင်းအဆိုးလောကဓံများ၊ ဥပမာဥပမေယျများ၊ အနုပညာရသခံစားမှုနဲ့ ဗဟုသုတရယူစရာများ စုံစုံလင်လင်ပြင်ဆင်တည်ခင်းဧည့်ခံထားတာကို တွေ့မြင်ရပါတယ်’’လို့ ဆိုထားပါတယ်။
စာမျက်နှာ | 184 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | Pica၊ 2020 ဒီဇင်ဘာလ(ပ-အကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ