ဘဝက တကယ်ရောအဆင်ပြေရဲ့လား

( 0 မှတ်ချက်)

5000 (ကျပ်)

အဆင်ပြေရဲ့လားလို့ တစ်ယောက်ယောက်က မေးလာရင် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေမှန်းမသိ၊ အဆင်မပြေမှန်းမသိတဲ့ အခိုက်အတန့်မျိုးတွေ ရှိကြမယ်ထင်ပါတယ်။

အသက်ရှူဖို့ မေ့နေလောက်အောင် လူ့လောကမှာ ရုန်းကန်လှုပ်ရှားရင်းနဲ့ ကိုယ်အဆင်ပြေနေရဲ့လားဆိုတာကို သေချာမသိတာမျိုး ဖြစ်တတ်ပါတယ်။

နိစ္စဓူဝ အလုပ်အကိုင်နဲ့ ရှင်သန်နေရတဲ့ အသိုင်းအဝိုင်းတွေထဲမှာ ကျင်လည်နေရတာ တော်တော်ရှုပ်ထွေးတယ်ဆိုတာ ပိုမိုသိလာတော့ လူတွေက လက်ရှိဘဝမှာ ပျော်ရွှင်မှုတွေမရကြဘူး။ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ အလုပ်ခွင်တွေမှာ၊ ပညာရေးတွေမှာ၊ ပေါင်းသင်းဆက်ဆံမှုတွေမှာ အနုတ်ဘက်ကို ယိုင်လဲလာမှန်းမသိ ယိုင်လဲလာခဲ့ရတယ်။

ဒါကြောင့် ရိုးရှင်းတဲ့ဘဝတစ်ခုကို လိုချင်တယ်။ အေးအေးချမ်းချမ်းတွေပဲ လိုချင်တယ်။ စိတ်ထွက်ပေါက်တွေ လိုချင်နေပြီဆိုတဲ့ လူတွေက တော်တော်များများပါပဲ။

ဒီစာအုပ်လေးထဲမှာ ဘယ်လိုအပြုအမူတွေက ကိုယ့်ကို ရှုပ်ထွေးမှုဖြစ်စေလဲဆိုတာကို ဆင်ခြင်ပြီး ပျော်ရွှင်ရိုးရှင်းတဲ့ဘဝဆီကို လျှောက်လှမ်းနိုင်မယ့် လမ်းညွှန်စာစုလေးတွေ ပါဝင်ပါတယ်။

စာမျက်နှာ

95

စာအုပ်အရွယ်အစား

5.3 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

လောကသစ္စာစာပေ 2024 ဇူလိုင်လ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘဝက တကယ်ရောအဆင်ပြေရဲ့လား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လောကသစ္စာ စာအုပ်များ