အာရကန်

( 0 မှတ်ချက်)

10000 (ကျပ်)

အာရကန်(Arakan)စာအုပ်ဟာ ရခိုင်ပြည်အတွက် အစောဆုံး ရှေးဟောင်းသုတေသန အစီရင်ခံစာဖြစ်ပါတယ်။အစီရင်ခံစာတင်သွင်းသူကတော့ ရှေးဟောင်သုတေသနအရာရှိ ဂျာမန်လူမျိုး အီမန်ညူဝယ် ဖော်ချမ်းမားပါ။ ၁၈၉၁ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

အာရကန်ဆိုတဲ့ နာမည်နဲ့ လိုက်လျောညီထွေစွာပဲ ရခိုင်ပြည်ရဲ့ မဟာမုနိ(ကျောက်တော်မြို့နယ်) ၊ မြို့ဟောင်း(မြောက်ဦး) ရဲ့ အထင်ကရ သာသနိကအဆောက်အဦး(၁၆)ခု၊ မင်းပြားမြို့နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့က ရှေ့ဟောင်းသုဒေသနဆိုင်ရာနေရာများ ၊ အဆောက်အဦးများ၊ မြို့တော်အသစ်စစ်တွေ ၊ သံတွဲမြို့က အထင်ကရ စေတီသုံးဆူနဲ့ ပေါက်တောမြို့က နာမည်ကျော် ဆံတော်ရှင် တန်းခိုးကြီးဘုရား စသည်တို့ရဲ့ သမိုင်းနောက်ခံ လက်ရှိအခြေအနေ ၊ ဗုဒ္ဓဝင်ဆိုင်ရာဆက်နွယ်မူတွေကို အသေးစိတ်သုတေသနပြုလုပ်ထားချက်တွေဖြစ်ပါတယ်။ ရှေ့ဟောင်းကျောက်စာများ၊ အဆောက်အဦးများရဲ့ စနစ်ပုံများ၊ ဓာတ်ပုံများ စုံလင်အောင်ဖော်ပြထားတာတွေ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း၁၃၀က အစီအရင်ခံဖော်ပြချက်တွေကို ရှေးဝေါင်း ကျမ်းစာ၊ ပေစာ ၊ ပရပိုက်စာတွေနဲ့ ညှိနိူင်းကိုးကားပြီး ဆရာဝေသာက အပိုအလိုမရှိ သေ သပ်တိကျစွာ မြန်မာဘာသာပြန်ဆိုတင်ဆက်ထားတာဖြစ်ပါတယ်။

စာမျက်နှာ

215

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.5 inches

ပုံနှိပ်မှတ်တမ်း

Roma Time 2022 ဇူလိုင်လ

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အာရကန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဝေသာ စာအုပ်များ