ကျွန်တော်ချစ်မိ အပြစ်ရှိသော်
6500 (ကျပ်)
“ငါ မင်းကိုချစ်တယ်ဆိုတာ မင်းရဲ့ ဖြစ်တည်မှုကို ချစ်တာ” ဆိုတဲ့ ဓောနမင်း
နှလုံးသားကိုပဲ ရွေးချယ်ရမလား၊ သမားရိုးကျဘဝမှာပဲ မိဘတွေစကားကိုနားထောင်ရင်း ဖြတ်သန်းသွားရမလား ရွေးချယ်ရခက်နေတဲ့ ခိုင်ခန့်ဇော်
သူငယ်ချင်းသုံးယောက် ဖြစ်တဲ့ ယုမော်၊ အကြင်နာနဲ့ ခိုင်ခန့်ဇော်။ ငယ်စဉ်ကတည်းက မခွဲအတူ ယှဉ်မကွာ ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းသုံးယောက်ကြားထဲက ဖြူစင်သန့်ရှင်းတဲ့ သံယောဇဉ်။ ကိုယ့်သူငယ်ချင်းကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ အရိုးသားဆုံး စေတနာမေတ္တာ။ ဘယ်လောက်ပဲ ပြောမနာဆိုမနာ ဖြစ်နေအုံးတော့ သူငယ်ချင်းကို ထိလျှင်တော့ ငါတို့နဲ့အရင်တွေ့မယ်ဆိုတဲ့ စပ်စပ်ကြဲ မိန်းကလေးနှစ်ယောက် ယုမော်နဲ့ အကြင်နာတို့ရဲ့ တလွဲလေးများ။ သူငယ်ချင်းသုံးယောက်ရဲ့ လူငယ်ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အလွဲဟာသလေးတွေ၊ သာမန်အဖြစ်အပျက်လေးတွေကနေ တစ်နေ့ သာမန်မဟုတ်တဲ့ ချစ်ခြင်းတရားတစ်ခု ပေါ်ပေါက်လာတဲ့အခါ ဘာတွေ ဘယ်လို ကြုံရမလဲ။ ဓောနမင်းဆိုတဲ့ လူတစ်ယောက်က ဒီသူငယ်ချင်းသုံးယောက်ကြား ဝင်ဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်ပြီး ဓောနမင်း သဘောကျတာဟာ မိန်းကလေး နှစ်ယောက် မဟုတ်ပါပဲ ခိုင်ခန့်ဇော် ဆိုတဲ့ ကောင်လေး ဖြစ်နေတဲ့အခါ … ဘာတွေဆက်ဖြစ်လာမလဲ။
လူငယ်နှစ်ဦးကြားထဲမှာ ရိုးသားရှင်းသန့်စွာ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းလေးကို ဆရာဂျင်ဂျာက လှပစွာ ရေးသားဖော်ပြထားပါတယ်။ အခါးတွေများလှတဲ့ဘဝကြီးမှာ ခေတ္တခဏ အမောပြေစေဖို့ အချိုဓာတ်ကလေးတစ်ခုလိုသလိုပဲ၊ ဆရာ့ရဲ့ ရှေ့စာအုပ်တွေမှာ မောခဲ့သမျှ ဒီစာအူပ်လေးကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန် ဖန်ဆီဇာတ်လမ်းလေးဖြစ်တာမို့ အပန်းမကြီးပဲ ဖတ်ရှုသွားရမှာဖြစ်ပါတယ်။
စာမျက်နှာ | 161 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ