အဖေသို့ပေးစာ
3500 (ကျပ်)
ယခုစာအုပ်သည် စာရေးသူ၏ ပထမဆုံးစာအုပ်ဖြစ်သည့် “အမေ့သားတို့ အမေ့ထံပြန်ပါ” နှင့် ဒုတိယမြောက် “ပန်းသီကြိုး” စသည့် ၀တ္ထုတိုစုစည်းမှု စာအုပ် (၂) အုပ်ကိုပေါင်းစည်းထားခြင်းဖြစ်ပါတယ်။
မိဘနေရာကပဲဖတ်ဖတ်၊ သားသမီးနေရာကပဲဖတ်ဖတ်၊ ကိုယ့်သားသမီး၊မြေးမြစ်တွေကို ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားလေးစားမှုကို တိုတိုနှင့်လိုရင်းရောက်အောင် ရေးသားထားပါတယ်။ စာအုပ်ထဲတွင် ဖခင်မေတ္တာဖွဲ့၊ မိခင်မေတ္တာဖွဲ့၊ မြင်အောင်ကြည့်ရမည့် ပတ်ဝန်းကျင်က ကျေးဇူးတရားများ ဖော်ကြူးခံစားထားသည့် ၀တ္ထုတိုများ ပါဝင်ပြီး ဖတ်မိသူရင်ထဲ မိဘနဲ့သားသမီး၊ မိမိနှင့်ပတ်ဝန်းကျင်၊ သစ်ပင်သစ်တောချစ်ခင်မှုသာမက ပရဟိတ စိတ်လေးတွေအပြင် ချစ်ခြင်းမေတ္တာဖွဲ့အလွမ်း၊ အဆွေး၀တ္ထုတိုအစုံပါဝင်တာကြောင့် ဘယ်အရာကိုပဲဖတ်ဖတ် ရင်ထဲကောင်းမွန်သည့်အချက် စွဲထင်ကျန်ရစ်ခဲ့မှာပဲဖြစ်ပါတယ်။
စာမျက်နှာ | 281 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.8 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | ဆန်းစသော်တာစာပေ၊ 2020 အောက်တိုဘာလ၊ (ပ-ကြိမ်) |
7 in stock
Mi Shwe Yee Win Htet –
#အဖေသို့ပေးစာ
အများအားဖြင့် အမေအတွက်ဖွဲ့သီ ထားတဲ့သီချင်းတွေ၊ကဗျာတွေ၊စာတွေကို နေရာတိုင်းအချိန်တိုင်းမှာ မြင်ဖူးကြားဖူးနေရပါတယ်။ဒါပေမဲ့ အဖေတွေအတွက် နည်းပါးလာပါတယ်။ ဒီစာအုပ်ခေါင်းစဥ်ဟာ ရှားပါးတဲ့ ခေါင်းစဥ်လို့ပဲပြောရမှာပါ။ အဝေးရောက်နေတဲ့ အဖေ့ကို သတိရသောအားဖြင့်ဒီစာအုပ်ကိုမှာလိုက်တာပါ။
ကျွန်မသည် မမြင်နိုင်တဲ့ အဖေ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီစာအုပ်ထဲမှာ ရှိကောင်းရှိလိမ့်မယ်လို့ထင်တဲ့အတွက် ဖတ်လိုစိတ်ပြင်းပြခဲ့ပါတယ်။ သေချာတာကတော့ အဖေ့အပေါ်တင်နေတဲ့ အကြွေးတွေအတွက်
ဒီစာအုပ်ကိုကိုင်တွယ်ဖတ်ရှုးနေရင်းနှင့်ပင် ကျေးဇူးဆပ်နိုင်လိမ့်မယ်လို့ယုံကြည်မိတယ်။
စာအုပ်နာမည်က အဖေသို့ပေးစာဆိုပေမဲ့ စာအုပ်တစ်အုပ်လုံးမှာ မိဘမေတ္တာတွေသာမက မိသားစုတစ်စုရဲ့ပျော်ရွှင်မှုတွေ၊ညီအစ်ကိုမောင်နှစ်မတွေရဲ့စည်းလုံးညီသွတ်မှုတွေ၊ အိမ်တစ်အိမ်မှာရှိသင့်တဲ့ နွေးထွေးမှုတွေ၊ ပြန်မရနိုင်တော့တဲ့ ကလေးဘဝတွေ၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ ကလေးတွေလည်း ပျက်းဆီးလာတတ်သလို အခုခေတ်ကလေးတွေအတွက် နှမျောစရာ အရင်တုန်းကစားနည်းတွေ၊ ဘိုးဘွားခေတ်က နေထိုင်ခဲ့တဲ့ ပုံစံ အသုံးအဆောင်များ အခေါ်အဝေါ်များ စတဲ့ဗဟုသုတရစရာတွေ ကို စိတ်ဝင်စားဖွယ်၊ဝမ်းနည်းဖွယ်၊ စတဲ့ ရသများနှင့် ဝတ္ထုတိုပုံစံဖြင့်ရေးသားထားပါတယ်။
စာအုပ်ရဲ့စာမျက်နှာကတော့ (281)အထိပါဝင်ပြီး အထဲမှာ စုစုပေါင်း ခေါင်းစဥ်(32)ခု ပါဝင်ပါတယ်။
အဖေသို့ပေးစာ ဆိုပေမဲ့ ခေါင်းစဥ်တိုင်းဟာ အဖေအပါအဝင် အမေတွေရဲ့ မေတ္တာတရားတွေကို မြင်တွေ့နိုင်ပါတယ်။ သားသမီးအပေါ် အဖေတစ်လှည့် အမေတစ်လှည့် မေတ္တာတွေကို အပြိုင်အဆိုင်ပေးနေကြတဲ့ မိဘတွေကို ဒီစာအုပ်မှာ မြင်တွေ့ ခံစားစေပါတယ်။ဒါ့အပြင် ပြန်မရနိုင်တော့တဲ့ မိဘအပေါ်
နောင်တရစရာတွေ ဆိုးမိုက်ခဲ့တာတွေကို ချက်ချင်းသိမြင်လာစေတာအမှန်ပါပဲ။
မိဘမေတ္တာလို့ ပြောရင် လူတွေမထင်ထားတဲ့ အဖေတွေရဲ့ မေတ္တာဟာ ပိုပြီး ကြီးမားနေတယ်ဆိုတာ အဖေသို့ပေးစာ စာအုပ်ဟာ သက်သေပြလိုက်တာပဲ။
စာအုပ်ကိုစဖတ်တာနဲ့ ပထမဆုံးဝတ္ထုတိုလေးဟာ ကျွန်မကို မျက်ရည်ကျစေခဲ့တယ်။ ဆက်ပြီးဖတ်တယ် ။မျက်ရည်တွေကိုဆက်ပြီးထိန်းထားပြန်တယ်။
ဒီဝတ္ထုတိုလေးကြောင့် ဝမ်းနည်းစရာတွေဖြစ်လာခဲ့ပြီး နောက်ပိုင်း ဒီဝတ္ထုတိုလေးကြောင့်ပဲ သန်မာလာခဲ့ပါတယ်။
ဖြစ်ပေါ်လာတဲ့သန်မာမှုနဲ့ စာအုပ်မှာပါတဲ့ မိဘတွေရဲ့ သန်မာမှုတွေကို နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ပုရွက်ဆိတ်နှင့် ဆင်လို ဖြစ်နေတယ်။ အဲ့တော့ သားသမီးတစ်ယောက်အနေနဲ့ ဒီစာအုပ်တစ်အုပ်လုံးရဲ့ အကြောင်းအရာတွေကို သိရှိသွားခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ်မိတယ်။ အချိန်မနောက်ကျသေးခင် မှာ သိသင့်သိထိုက်တဲ့ အရာတွေ၊လုံးဝမသိလိုက်ရတဲ့ အရာတွေ ကို သိခွင့်ရတဲ့ အတွက် ဝမ်းသာမိတယ်။
အမြည်းအနေနဲ့အကြိုက်ဆုံးစာသားလေးတွေကို ဝေမျှပေးချင်ပါတယ်။
?????
****************
သင်တို့မိဘကို တစ်ဖန်ပြန်လည်လုပ်ကျွေးနိုင်တဲ့ အချိန်ရောက်နေပြီဆိုရင် သင့်ဖို့ဆိုတာထက် သင့်မိဘဖို့အတွက်ဆိုပြီး ဦးစားပေးလို့
သင့်ဘဝမှာဘယ်နှစ်ကြိမ်လုပ်ခဲ့ဖူးသလဲ။ ဥပမာတစ်ခုအနေနဲ့ သင်ယခုဖုန်းတစ်လုံးကိုင်တယ်ဆိုပါစို့ …။ သင်သုံးနေတဲ့ ဖုန်းထက်အမျိုးအစား၊ ဈေးနှုန်းကောင်းတာ
သင့်မိဘဖို့ဆိုပြီး သင်ဝယ်ပေးဖူးသလားပေါ့ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးသေးရင်လည်း သင်နောက်မကျသေးပါဘူး။
သင့်မိဘအတွက်ဘဝမှာတစ်ကြိမ်လောက်တော့ ကိုယ့်အဖို့ဆိုတာထက် သင့်မိဘဖို့လုပ်ပေးကြည့်ပါ…။
****************************
သား လောကမှာ သားသမီးဆီက မမျှော်လင့်ဘူးဆိုတဲ့ မိဘဆိုတာအလကား အနည်းနဲ့ အများတော့ သားသမီးဆီက မိဘတိုင်း မျှော်လင့်ကြတာပဲ၊ အမေလည်း မျှော်လင့်တာပဲ။
***************************
ကမ္ဘာပေါ်ရှိ မိဘတိုင်းမှာ ကိုယ် မထင်ထားတဲ့ ရှုထောင့်ကနေ အဝေးရောက်သားသမီးတွေအပေါ် လွမ်းဆွတ်ခံစားမှုတွေကို ဖော်မပြဘဲ သိမ့်နေရတတ်တယ်ဆိုတာ –
***************************
ယောကျာ်း တစ်ယောက်ရဲ့ ဘုဆတ်ဆတ် အပြောတွေကြောင့် ချစ်ယောင်မပြတတ်တဲ့ အဖေကို
ဘယ်သူတွေ နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ အတူနေရသည်ဖြစ်စေ ၊ အတူမနေရသည်ဖြစ်စေ
အဖေရဲ့ ရင်တွင်းစကားနဲ့ ကျွန်တော့်ရဲ့ အတွေးတစ်စ နီးနီးစပ်စပ် တူနေမှာ မြေကြီးလက်ခတ် မလွဲလောက်ဘူးဆိုတာ တွေးမိရင်း ..
*****************************
“မရှိရင်ငါရှာပေးမယ်
ငါ့သားမယား သိကခှာမကစှရဘေူး”
******************************
ဘယ်သားသမီးကိုမှတော့ ဘယ်မိဘက ငါတို့ကို ဘယ်လိုပြန် ထောက်ပံ့ပါ ၊
စောင့်ရှောက်ပါလို့တော့ ပြောမှာမဟုတ်ဘူး သား သူတို့အသိစိတ်နဲ့ လုပ်ပေးတဲ့အပေါ်မှာပဲ ၊ မိဘတွေက ကျေနပ်နှစ်သက်မှုကို ခံစားကြတာ ငါ့သားလည်း တစ်နေ့ ဒီနေရာရောက်လာတဲ့ တစ်နေ့ မိဘကို ပြန်လည်လုပ်ကျွေးနိုင်တဲ့ တစ်နေ့ အမေ ဒီလောကမှာ ရှိနေသည် ဖြစ်စေ မရှိတော့သည်ဖြစ်စေ ၊ အမေပြောတဲ့ စကားကို သားအမြဲသတိရနေပါ..
**********************************
“သား
လောကမှာ သားသမီးဆီက မမျှော်လင့်ဘူးဆိုတဲ့ မိဘဆိုတာအလကား အနည်းနဲ့ အများတော့ သားသမီးဆီက မိဘတိုင်း မျှော်လင့်ကြတာပဲ၊ အမေလည်း မျှော်လင့်တာပဲ
**********************************
ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး သား/သမီးနဲ့ ပတ်သက်လာရင် ဘယ်မိခင်မှ မကြွားတတ်ပါ။
သူမတို့ သားသမီးတွေရဲ့ ကြိုးစားမှု သိတတ်မှုလေးတွေကို ဂုဏ်ယူတတ်ကြတာပင်
*************************
“ပန်းပျိုးသူပါ၊ ဒါပေမဲ့လည်း မျိုးစေ့မရွေး မွေးထုတ်ပေးတာ ဒို့အမေပေါ့ …။ မွေးဖွားသန့်စင် ဖွားမြင်ရင်လည်း ရွှေလင်ပန်းနဲ့ အချင်းမဆေးပေမဲ့ အမေ့ရဲ့ ရင်ငွေ့ ပန်းကြောင့် သားလန်းခဲ့ရတာပါ…။ ထားပေးတဲ့ တက္ကသိုလ် အများလို လူတစ်လုံးသူတစ်လုံး ငါ့သားရဲ့ ကံ ငါ့ သားစံရတာဆိုတဲ့ အမေ။”