အညိုရောင်ကျွန်တော့်ရပ်ဝန်း အညိုရောင်ဟန်နေရပ်ဝန်း

( 1 မှတ်ချက်)

4000 (ကျပ်)

ကျွန်တော်တို့ဟာ ဘ၀မှာ
မဖြစ်မနေ သန်မာခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။
ဘယ်လောက်တောင်မှ ပြိုလဲချင်ပြီး စိတ်တွေအပိုင်းပိုင်းကျိုးကြေခဲ့ရလဲ
ငါလဲကျလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ သန်မာပြခဲ့ရတဲ့အချိန်တွေမှာ
ကျွန်တော့်အတွက် ထွက်ပေါက်က
ဒီစာလေးတွေ ကဗျာလေးတွေပါပဲ…။

(အညိုရောင် ကျွန်တော့်ရပ်ဝန်း )

ဘာရယ်မဟုတ်ပါဘူး
မပိုင်ဆိုင်ရတဲ့ဘ၀တစ်ခုအကြောင်းပါပဲ…
တိမ်တွေ ဘယ်လောက်လှလှ
ကျွန်တော်တို တစ်နေရာရာကနေ
အိမ်ပြတင်းပေါက်ကနေ လမ်းမကြီးထက်ကနေ
တပ်မက်စိတ်နဲ့ကြည့်ခွင့်ပဲရခဲ့ကြတယ်..
ဓာတ်ပုံရိုက်ခွင့် ပန်းချီဆွဲခွင့်ရမယ် ဒီလောက်ပါပဲ…
အလှငေးကြည့်ခွင့်ရရုံကလွှဲလို့ ကျွန်တော်တို့ဘယ်အရာကိုမှ အပိုင်မရတာ
ပြန်သတိပေးရင်းပေါ့…

(အညိုရောင် ဟန်နေရပ်ဝန်း)

 

ကဗျာဆိုတာဟာ ထွက်ပေါက်ပိတ်နေတဲ့ခံစားချက်တွေကို ဖွင့်ထုတ်ပြစ်လိုက်တဲ့ ကျယ်ပြောလှတဲ့ လွင်ပြင်ကြီးတခုပါ။ ဒီလိုလွင်ပြင်ကျယ်ကြီးထဲမှာ စကားလုံးလှလှလေးတွေလဲရှိမယ်…စကားလုံးကြမ်းကြမ်းတွေလဲရှိမယ်။ ဘာပဲဖြစ်ဖြစ် ရင်ဘတ်ခြင်းတူတဲ့တူတွေ အချင်းချင်း ပွေ့ဖက်နိုင်တဲ့ရပ်၀◌န်းတစ်ခု။

ဒီလိုရပ်ဝန်းတွေထဲမှာ ဖြစ်တည်မှုနှစ်မျိုးနဲ့ လူတစ်‌‌ယောက်ရဲ့ ခံစားချက်တွေကို အညိုရောင်ကျွန်တော့်ရပ်ဝန်း …အညိုရောင်ဟန်နေရပ်ဝန်း ဆိုတဲ့ မျက်နှာချင်းဆိုင်ရပ်ဝန်းနှစ်ခုထဲမှာ ထိတွေ့ခံစားနိုင်ပြန်ပါတယ်။

စာမျက်နှာ

166

စာအုပ်အရွယ်အစား

5.2 × 0.3 × 8.1 inches

ပုံနှိပ်မှတ်တမ်း

2023 ဧပြီလ (ပထမအကြိမ်)

စာအုပ်ထူးခြားမှု

ခေါင်းစဉ်နှစ်ခုနှင့် စာအုပ်လေးနှစ်အုပ်ကို ထူးထူးခြားခြား စာအုပ်တွဲလေးဖြစ်အောင် ရှေ့နောက် စာအုပ်နှစ်အုပ်ပုံစံဖြင့် ထုတ်ဝေထားပါသည်။

62 in stock

အညိုရောင်ကျွန်တော့်ရပ်ဝန်း အညိုရောင်ဟန်နေရပ်ဝန်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung

    📚ဒီတခါဖတ်ဖြစ်တဲ့စာအုပ်လေးကတော့ ဆရာမ ခေတ်ရှေးညို- Cho Yee Mon က မေတ္တာလက်ဆောင်ပို့ပေးတဲ့ သံစဉ်(MelodyAxis) ရဲ့ ကဗျာစာအုပ်လေးပါ။ ဒီစာအုပ်လေးက စိတ်ကူးအသစ်လေးနဲ့ ချစ်စရာလေးလို့ပြောရပါမယ်။ အညိုရောင်ကျွန်တော့်ရပ်ဝန်းဆိုပြီး တခြမ်း ၊ အညိုရောင်ဟန်နေရပ်ဝန်း ဆိုပြီး တခြမ်း တအုပ်ထဲမှာရှေ့နောက်ပါပါတယ်။

    📚 ပထမဆုံး ” အညိုရောင်ကျွန်တော့်ရပ်ဝန်း” ဆိုတဲ့ တခြမ်းကို အရင်ဖတ်ဖို့ရွေးခြယ်ဖြစ်ခဲ့ပါတယ်။ စစချင်းအဖုံးနောက်ကျောခေါက်ထားတာလေးမှာ ပါတဲ့ စာသားလေးကိုဖတ်မိရင်ပဲ ဒီစာအုပ်လေးဟာ ကိုယ့်အကြိုက်ဖြစ်ဖို့ရာခိုင်နှုန်းများပြီလို့ တွေးမိပါတယ်။
    ” ကျွန်တော်တို့ဟာ ဘဝမှာ
    မဖြစ်မနေ သန်မာခဲ့ရတဲ့အချိန်တွေ
    ရှိခဲ့ကြမှာပါ …။
    ဘယ်လောက်တောင်မှ ပြိုလဲချင်ပြီး
    စိတ်တွေအပိုင်းပိုင်းကျိူးကြေခဲ့ရလဲ
    ငါလဲကျလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့
    သန်မာပြခဲ့ရတဲ့အချိန်တွေမှာ
    ကျွန်တော့အတွက် ထွက်ပေါက်က
    ဒီစာလေးတွေ ကဗျာလေးတွေပါပဲ..။ ”
    ” အညိုရောင်ကျွန်တော့်ရပ်ဝန်း ” အခြမ်းမှာ ကဗျာပုဒ်ရေ (၆၀) ပါပါတယ်။ ကဗျာဆိုတဲ့အတိုင်း ဖတ်လိုက်တွေးလိုက်နဲ့ စီးမျောရတာကိုက အရသာတခုပါ ။အနားမှာကော်ဖီတခွက်လောက်ရှိရင် ကော်ဖီသောက်လိုက် ကဗျာလေးဖတ်လိုက်နဲ့ဆို ပိုကောင်းမယ်လို့တွေးမိပါသေးတယ်။ ပြီးရင် စီးကရက်မသောက်တတ်ပေမယ့် စီးကရက်ကိုရှိုက်ပြီး ကဗျာဖတ်လိုက် အငွေ့တွေမှုတ်ထုတ်ရင်း တွေးလိုက် လုပ်ချင်လာသလိုခံစားရပါတယ်။ ကဗျာတွေများစွာဖတ်ဖြစ်ခဲ့ပေမယ့် ဒီစာအုပ်ကျမှ အဲ့ခံစားချက် ဖြစ်မိတာတော့ ဝန်ခံပါရစေ။
    📚📚📚
    ( ၂၇ )
    ” ဒုက္ခလားဟေ့ လာခဲ့လေ
    တံခါးဖွင့်ထားတယ်
    အိမ်ရှေ့ကဝင် နောက်ဖေးကဆင်း
    အချိန်ရရင် ဧည့်ခန်းမှာနားပေါ့ကွာ
    ဒါပေမဲ့
    လူမသိသူမသိတော့မပြန်နဲ့
    တပွဲတလမ်းပေါ့
    အရိုးကြေကြေ အရေခမ်းခမ်း ”
    📚📚📚
    ( ၅၁ )
    ” ခင်ဗျား
    ကျွန်တော့်ကို တောင်းပန်စရာမလိုဘူး
    ဘယ်သူ့ကိုမှလဲ တောင်းပန်စရာမလိုဘူး
    ကျွန်တော်တို့ဟာ ဘယ်သူ့ရဲ့
    အပြစ်သားတွေမှ မဟုတ်ခဲ့သလို
    ကိုယ့်ကမ္ဘာမှာ ကိုယ်
    မှန်ခဲ့ကြတာပဲလေ …။”

    📚 ” အညိုရောင်ဟန်နေရပ်ဝန်း ” ဆိုတဲ့အခြမ်းကိုဆက်ဖတ်ဖြစ်ပါတယ်။ ဒီအခြမ်းမှာကျ ကဗျာပုဒ်ရေ ( ၆၃ ) ပုဒ်ပါပါတယ်။
    📚📚📚
    ( ၂ )
    ” သံသရာဟာ မင်းစိတ်နဲ့စပြီး
    မင်းစိတ်နဲ့ဆုံးတယ်
    လည်ပတ်ခြင်းကင်းတဲ့
    သိပ်ကိုလှတဲ့ သံသရာ
    ဟန်နေလို့ နာမည်ပေးထားတယ် ”

    📚 ဟန်နေကို ရည်ရွယ်ပြီး ရေးထားတာတွေဖတ်ရင်း နားထဲမှာကြားရောင်မိနေတာက Rဇာနည် ရဲ့ ” ဟန်နေ ” သီချင်း ။ အဲ့သီချင်းလေးကို ပြန်ရှာဖွင့်ပြီးနားထောင်ရင်း ဒီကဗျာတွေကိုဖတ်ရင် ပိုမိုက်မယ်ထင်ပါရဲ့။ကျွန်တော်ကတော့ ဒီ ” အညိုရောင်ဟန်နေရပ်ဝန်း “က ကဗျာတွေကို ပိုနှစ်သက်ပါတယ်။ လွမ်းရဆွေးရတာကိုမှ နှစ်သက်မိသူဆိုတော့လည်း ဒီအခြမ်းက ကဗျာတွေကို ပိုခံတွင်းတွေ့တာဖြစ်နိုင်ပါတယ်။
    📚📚📚
    ( ၁၂ )
    ” အချိန်ခါမဟုတ် လွမ်းတဲ့အခါ
    သတိရခြင်းတွေကို သိမ်းထုပ်ပြီး
    လွတ်လပ်စွာ ဖြန့်ကျဲလိုက်တယ်
    ငါ့ရဲ့မနက်ခင်းတိုင်းမှာ
    မင်း အမြဲရှိပါစေ။ “

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သံစဉ်(Melody Axis) စာအုပ်များ