အန်းဖရန့်
2000 (ကျပ်)
အန်းဖရန့်သည် ဂျာမနီနွယ်ဖွား ဂျူးလူမျိုးမိန်းကလေးတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နယ်သာလန်နိုင်ငံကို ဂျာမန်တို့သိမ်းပိုက်ထားစဉ် ဂျာမန်တို့ရန်ကြောင့် မိသားစုလိုက် ပုန်းအောင်းနေခဲ့ရသည်။ ၂ နှစ်ကြာ ပုန်းအောင်းနေခဲ့ရပြီးနောက် အန်းဖရန့်နှင့် မိသားစုသည် သစ္စာဖောက်ခံခဲ့ရကာ ထိန်းသိမ်းရေးစခန်းသို့ အပို့ခံခဲ့ကြရသည်။ ပုန်းအောင်းနေစဉ်ရက်များအတွင်း သူမ ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်း စာအုပ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက် ကမ္ဘာကျော်မှတ်တမ်းစာအုပ်အဖြစ် သမိုင်းဝင်ခဲ့ပြီး အစုလိုက် အပြုံလိုက် ဒုက္ခခံစားကြရသူများ၏ ဘဝကို ထင်ဟပ်ပြစေခဲ့သည်။ သူမ၏ စာအရေးအသားစွမ်းရည်ကို ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု ချီးကျူးခဲ့ကြသော်လည်း သူမကိုယ်တိုင် မြင်တွေ့မသွားခဲ့ရရှာပေ။ စစ်ပြီးဆုံးခါနီးကာလတွင် ဂျာမန်တို့၏ အကျဉ်းစခန်းတစ်နေရာတွင် သူမ ကွယ်လွန်သွားခဲ့ရှာသည်။
စာမျက်နှာ | 112 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 မတ်လ (ပ-ကြိမ်) |
11 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ