စာအုပ် မိတ်ဆက်ခြင်း
ဂ
5000 (ကျပ်)
၁၉၃၈ ခုနှစ် တစ်ဝိုက် တိုးတက်ရေးသတင်းစာတွင် အခန်းဆက်ဝတ္ထုရှည်ရေးသားခဲ့ရာ ထိုစဉ်က သတင်းစာဖတ်ပရိသတ်တို့ စိတ်ဝင်စားသော အခြားဖြစ်ရပ်သတင်း များနှင့်အတူ ဝတ္ထုကိုလည်း တွဲဖက်၍ စိတ်ဝင်စားမှုအရှိန်မြင့်ခဲ့သည်ဟု ပြောစမှတ်ဖြစ်ခဲ့သည့် ထူးခြားသော သတင်းစာအခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စာရေးဆရာရန်အောင်သည် ၁၉၃၈ ခုနှစ် သူ့အသက် ၃၄ နှစ်က ရေးခဲ့သော အဆိုပါ အညာသားကလေးဝတ္ထုကို အသစ်တစ်ဖန် ပြန်လည်ရေးသားကာ ထုတ်ဝေခဲ့ရာ တွင်လည်း အောင်မြင်မှုရရှိခဲ့ပြန်ပါသည်။ စာရေးသူ၏ ဘဝအတွေ့အကြုံအပေါ် အခြေခံကာ ပေါက်ဖွားခဲ့သော အညာသားကလေး ဝတ္ထုသည် အထက်တန်းလွှာနှင့် အောက်တန်းလွှာတို့၏ ပဋိပက္ခကို ဇာတ်အိမ်ဆင်ထားသည်ဟု ဆိုရပေမည်။ငထူးအမည်ရှိ အညာသားကလေးဝတ္ထု၏ အဓိကဇာတ်ဆောင်သည် အထက်တန်းလွှာ မိသားစုအကြားမှ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပြီး ထိုမှ ကြိုးစားအားထုတ် ဖောက်ထွက်ခဲ့ပုံကို ဝတ္ထုက ပေါ်လွင်အောင် ရေးဖွဲ့ခဲ့သော်လည်း အချစ်ရေးမှာမူ အားနည်းပျော့ညံ့သူတစ်ဦးအဖြစ် စာရေးသူက ပုံဖော်ထားခဲ့သည်။ ထိုခေတ်ထိုအခါက ဝတ္ထုဇာတ်လမ်းများသည် အထက်တန်းစားတို့၏ ဘဝကိုသာ အားကျအောင် ရေးဖွဲ့လေ့ရှိကြလေရာ ရန်အောင်၏ ဤဝတ္ထုက ထူးခြားကွဲလွဲသော ဝတ္ထုတစ်ပုဒ်အဖြစ် ထင်ရှားအောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ ထိုစဉ်က ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့ရသည်။
စာမျက်နှာ | 207 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 နိုဝင်ဘာလ (ပဉ္စအကြိမ်) |
2 in stock
ဂ
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ