အမှောင်ရိပ်ဝယ်

( 1 မှတ်ချက်)

6500 (ကျပ်)

စာမျက်နှာ

273

စာအုပ်အရွယ်အစား

5.4 x 0.7 x 8.4 inches

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ 2020 နိုဝင်ဘာလ(ဆဋ္ဌမ-ကြိမ်)

4 in stock

အမှောင်ရိပ်ဝယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan (verified owner)

    #အမှောင်ရိပ်ဝယ်
    #မြသန်းတင့်

    ပထမတစ်ခေါက် (ဆရာကြီး)မြသန်းတင့် ထောင်ကျတုန်းက အခြားအကျဥ်းသားတစ်ယောက် ဆရာ့ကို တွေ့ရင်း သူ့အဖြစ်အပျက်တွေကို ပြောပြပြီး ဝတ္ထုပုံစံရေးပြပေးဖို့ (ဆရာကြီး)မြသန်းတင့်ကို တောင်းဆိုရင်းကနေ အမှောင်ရိပ်ဝယ်ဆိုတဲ့ဇာတ်လမ်း ဖြစ်လာခဲ့တယ်။ တောင်းဆိုတဲ့သူက ဒီဝတ္ထုရဲ့ ဇာတ်လိုက်ပါ။

    ဆင်းရဲသားဘဝမှာ ကြီးပြင်းခဲ့ရတဲ့ ကျော်မောင်ဟာ ဖဲရှုံးလို့ အမေ့ရဲ့ပစ္စည်းတွေခိုးပြီး ပေါင်နှံရာကနေ နောက်ဆုံး သမ္မတဟောင်း ဒေါက်တာဘဦးရဲ့အိမ်ကိုဖောက်ထွင်းတဲ့ဘဝ ရောက်သွားတဲ့အထိဖြစ်လာခဲ့တဲ့ ဇာတ်လမ်းပါ။ (ဖောက်ထွင်းဝိဇ္ဇာလို့ လည်း နာမည်ကြီးပါတယ်။)

    အမှောင်ရိပ်ဝယ်ဝတ္ထုဟာ မိဘရဲ့တန်ဖိုး ၊ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင် ၊ မကောင်းမှုဒုစရိုက်တွေနဲ့ ရုန်းထွက်ချင်စိတ် စတာတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝသရုပ်ဖော် ရသဝတ္ထုရှည်တစ်ပုဒ်။

    ဒီဝတ္ထုက သံဝေဂရမယ့် စက်ဆုပ်ဖွယ်ကောင်းမယ့် ကြောက်စရာကောင်းမယ့် သင်ခန်းစာတွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

    နောက်ဆုံး ကျော်မောင်တစ်ယောက် ဖောက်ထွင်းဝိဇ္ဇာဘဝကနေ ရုန်းထွက်နိုင်ပါ့မလား ၊ သူချစ်ရတဲ့ မခင်လှိုင်နဲ့ အိမ်ထောင်ကျပြီး ကောင်းရောင်းကောင်းဝယ်နဲ့ လုပ်နိုင်မှာလား ၊ ဖောက်ထွင်းခိုးယူမှုသံသရာတွေနဲ့ ကျင်လည်ရင်း ထောင်ထဲမှာပဲ အဆုံးသတ်ရမလား ……. ရင်တမမနဲ့ ထိတွေ့ခံစားရမယ့် စာအုပ်ပါ။

    လူငယ်တွေအနေနဲ့ ဖတ်သင့်တဲ့ တကယ့်ဖြစ်ရပ်မှန်ဝတ္ထုလို့လည်း ပြောလို့ရတယ်။

    စွမ်းအားကျော်ဇံ
    ၂၁ – ၁ – ၂၀၂၂ (သောကြာနေ့)

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ