အမှောင်မှာပျံတဲ့ငှက်

( 1 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်တွင် အမှောင်မှာပျံတဲ့ငှက်အပါအဝင် အခြားစာပေလက်ရာပေါင်း 15 မျိုးခန့်ပါဝင်ပြီး စာရေးသူ၏ ဘ၀အမှတ်တရများကို မတူညီတဲ့ပုံစံနှင့် ဖန်တီးရေးသားထားသည့် ရေးသားမှုလက်ရာများဖြစ်ပါတယ်။ ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေးနှင့် ဇာတ်ညွှန်း တို့ကိုလည်း ထည့်သွင်းထားပါတယ်။

စာမျက်နှာ

153

စာအုပ်အရွယ်အစား

5.5 × 0.4× 8.3 inches

ပုံနှိပ်မှတ်တမ်း

အာသီသစာပေ၊၊ ၂၀၂၀ ဇူလိုင်လ၊ (ပ-ကြိမ်)

3 in stock

အမှောင်မှာပျံတဲ့ငှက် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. ‎Pyae Ar Kar‎

    အမှောင်မှာ ပျံသန်းဖို့ ကြိုးစားနေတဲ့ ညဥ့်ငှက်လေးတစ်ကောင်ရဲ့ နောက်ကွယ်မှာ အခက်အခဲ‌ေတွ အများကြီးရှိတယ် ၊ တချို့က ဒီလမ်းကို ငွေရွှင်လို့ရောက်လာတယ် တချို့က ပျော်လို့ကိုရောက်လာတယ် တချို့ကတော့ မဖြစ်မနေဖြေရှင်းရမဲ့ အခက်အခဲ‌တွေကြောင့် ဒီလမ်းကိုရောက်လာတယ် ၊ ဒီထဲမှာပါတဲ့ ညဥ့်နက်နက်မှာ ပျံသန်းဖို့ကြိုးစားနေတဲ့ ညဉ့်ငှက်လေးတစ်ကောင်ရဲ့ အကြောင်းကကော …

    ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ကြယ်ကလေးတစ်ပွင့်အကြောင်းကတော့ ဆရာကောင်းတစ်ယောက်ရဲ့ အကြောင်းလေး ၊ အကျင့်စာရိတ္တပျက်ဆီးနေတဲ့ တပည့်ဖြစ်သူကို အပြစ်မယူဘဲ အနုနည်းနဲ့ ဆုံးမတဲ့ ပုံစံလေးကို သဘောကျတယ် …

    အချစ်နဲ့ကျွဲ ဆိုတဲ့အကြောင်းမှာတော့ ငိုအားထက် ရယ်အားသန်ရတဲ့ အဖြစ် ၊ ရှားရှားပါးပါး ရည်းစားလေးတစ်ယောက်ရပါတယ် ၊ ကျွဲလိုက်လို့ ပြေးတော့သူက ရည်းစားကိုထားပြီး ရှေ့ဆုံးကပြေးတယ် ၊ ဟိုက အနီရဲရဲနဲ့ဆိုတော့ ကျွဲက သူ့နောက်လိုက်တယ် ၊ ဒါကို ဒင်းကြီးက သူ့ကိုထားပြီး ပြေးတော့ စိတ်နာပြီလေ …

    ကိုယ်ပိုင်မီး သို့မဟုတ် ကိုယ်တိုင်လည်းမီး ဆိုတာမှာတော့ ဆင်းရဲသားနင်းပြားတွေရဲ လုံးလည် ချာလည်လိုက်နေတဲ့ ဘ၀အခြေအနေလေးကို ဖော်ပြထားတယ် ၊ မိဘနဲ့ သားသမီးကြားတောင် ငွေအချေးအငှား ဖြစ်နေရတဲ့ ကိစ္စတွေဟာ တိမ်မယောင်နဲ့ သိပ်နက်တယ်ကွယ် …

    စာရေးသူဟာ ဇာတ်ညွှန်းရေးသူ မို့လို့လားမသိ အရေးအသားပြေပြစ်ပြီး စာပုဒ်တိုင်းမှာ message တွေ ပေးထားလေ့ရှိတာကို ခံစားမိတယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းတခေတ် စာအုပ်များ