အမှတ်အသားသရုပ် ဂုဏ်သိက္ခာအတွက်တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး
7000 (ကျပ်)
အမှတ်အသားသရုပ် ဂုဏ်သိက္ခာအတွက်တောင်းဆိုချက်နှင့် မကျေနပ်မှု၏နိုင်ငံရေး သည် Francis Fukuyama ၏ IDENTITY ကို ဆရာကျော်ဝင်းက အစ-အဆုံး ဘာသာပြန်ထားသော စာအုပ်အသစ် ဖြစ်သည်။
အင်္ဂလန်က ဥရောပသမဂ္ဂမှထွက်ပြီး အမေရိကတွင် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ရောက်လာခြင်းသည် အမှတ်အသားသရုပ်နိုင်ငံရေး ရှေ့ရောက်လာသည့် ခေတ်ရေစီးပင်ဖြစ်သည်။ အမှတ်အသားသရုပ်ဆိုသည်မှာ အမျိုးသားရေး၊ လူမျိုးရေး၊ လူမျိုးစုရေး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ၊ ကျား-မ အမှတ်အသား သရုပ်များ ပါဝင်သည်။ အဆိုပါ အမှတ်အသားသရုပ်အသီးသီးသည် လူ့အဖွဲ့အစည်း၏ လုံလောက်သော အသိအမှတ်ပြုခံလိုမှု မရဟု သက်ဆိုင်ရာ လူမှုအုပ်စုများက ခံယူထားကြဟန်ရှိသည်။ ဆိုခဲ့ပါ အမှတ်အသားသရုပ်ဆိုင်ရာ “အသိအမှတ်ပြုခံလိုမှု” က လစ်ဘရယ် ဒီမိုကရေစီကို စိန်ခေါ်လာနိုင်သည်ဟု နိုင်ငံရေးသိပ္ပံ ပညာရှင်များက ထောက်ပြကြသည်။ မြန်မာ့နိုင်ငံရေးမှာ အမှတ်အသားသရုပ်နိုင်ငံရေးနှင့် ဒီမိုကရေစီ တို့ တပြိုင်နက်တည်း ကြိုးစားနေရချိန်နှင့် ချိန်ခါသင့်တိုက်ဆိုင်နေသည်။
အမှတ်အသားသရုပ်နှင့်ဒီမိုကရေစီ သည် မိတ်ဘက်လော…။ ရန်ဘက်လော…။ မိတ်ဘက်ဆိုလျှင် မြန်မာ့နိုင်ငံရေးမှာ အောင်မြင်နိုင်ချေရှိသည်။ ရန်ဘက်ဆိုလျှင်ကား ယခုစာအုပ်ကို သေချာစွာဖတ်ကြည့်လျှင် အဖြေတစ်ခုခု တွေ့ပါလိမ့်မည်ဟု ဘာသာပြန်ဆိုသူက ဆိုထားလေရာ….။
စာမျက်နှာ | 304 |
---|---|
စာအုပ်အရွယ်အစား | 6 x 0.5 x 9 inches |
ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ 2021 နိုဝင်ဘာလ (ပ-ကြိမ်) |
2 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ