တစ်ခါတုန်းကအယ်နီ
3000 (ကျပ်)
ဒီ အယ်နီ စာအုပ်အသစ်ဟာ အရှေ့က စာအုပ်နှစ်အုပ်နဲ့ မတူညီတဲ့ နောက်ထပ်ပုံစံတစ်ခုပါ။ တစ်အုပ်လုံး ဇာတ်လမ်းတစ်ခုတည်း တောက်လျှောက်သွားနေတဲ့ ပုံစံ။
အယ်နီဟာ ချောင်းဖက်ကမ်း သစ်တောထဲက ကလေးမလေးတစ်ယောက်ရဲ့ သီချင်းသံ .. ပြီးတော့ ငိုသံ ကြားတာနဲ့ ချောင်းကူးတံတားလေးကို ဖြတ်ပြီး သစ်တောထဲ ဝင်ခဲ့သတဲ့။
သစ်တောထဲရောက်တော့ ရွယ်တူ ကလေးမလေးတစ်ယောက်ကိုတွေ့ရပြီး အဲဒီကလေးမလေးဟာ သူနဲ့ အချိန်ကအစ မတူညီတဲ့ တိုင်းပြည်တစ်ခုက လာတဲ့သူ ဖြစ်နေပါသတဲ့။
အဲဒီနောက် ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ရာ အယ်နီ့အကူအညီ လိုနေတဲ့ ကလေးမလေးက သူတို့တိုင်းပြည် လိုက်ခဲ့ဖို့ အယ်နီ့ကို ခေါ်ပါသတဲ့။
ပန်းပွင့်တိုင်းပြည်ကို လိုက်သွားရာက စလို့ ဖြစ်ပျက်လာခဲ့သမျှကို အယ်နီဟာ တစ်ခါတုန်းကလို့ အစချီပြီး ပြန်လည်ပြောပြထားပါတယ်။
စာမျက်နှာ | 186 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2020 ဇွန်လ (ပ-ကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ