အလီနဲ့နီနို ၊အချစ်ပုံပြင်
7500 (ကျပ်)
အချစ်၊ စစ်နှင့် နိုင်ငံရေးနောက်ခံ ပန်းချီကားတစ်ချပ်ပေါ်တွင် လွမ်းဆွတ်ဖွယ် ခြယ်မှုန်းထားသော အလီ နှင့် နီနိုအမည်ရှိ ဖိုနှင့်မ လူငယ်နှစ်ယောက်၏ ချစ်မေတ္တာဇာတ်လမ်းဖြစ်သည်။
အလီနှင့် နီနိုသည် ကက်စပီယမ်ပင်လယ်အော်တွင်ရှိသော ဘာကူးမြို့လေးတွင် အတူကြီးပြင်းလာကြရာ မတူကွဲပြားသော ယဉ်ကျေးမှု၊ နေထိုင်မှု ဘဝပုံစံများအကြား ကလေးဘဝထဲကတည်းက ရှိခဲ့သော သံယောဇဉ်၊ ရှုပ်ထွေးပွေလီလှသည့် သမိုင်းကြောင်း၊ ဒေသ၏ဓလေ့ထုံးစံများ၊ ယုံကြည်မှုများနှင့် သူတို့နှစ်ဦး၏ဘဝကို ရောမွှေထားသည်။ ကုလားအုတ်များ၊ မောင်းမဆောင်များ၊ မွတ်စလင် အိမ်ထောင်စု၏ အတွင်းရေး၊ ဒေသတွင်း ဒဏ္ဍာရီပုံပြင်များနှင့် ပါးစပ်ရာဇဝင်များ၊ ထမင်းစားချိန်များ နှင့် ကျင့်ဝတ်စည်းကမ်းများ၊ အမျိုးသမီးများ၏နေရာ၊ စစ်မှုထမ်းတို့၏ တာဝန်များ၊ မင်္ဂလာဦးညနှင့် ပတ်သက်သည့် ဟာသများ၊ ကိုးကွယ်သည့် ဘာသာများရှိ ဘာသာရေးကျင့်ဝတ်များကိုလည်း သူတို့နှစ်ဦး၏ ချစ်ခရီးလမ်း အခက်အခဲများနှင့် ယှက်နွယ်ဖော်ပြထားသည်။
ပုဂ္ဂိုလ်ရေးရာ သူရဲကောင်းဝါဒ၊ တိုင်းပြည်အတွက် စွန့်စားမှု၊ သွေးကြွေး ရန်ငြှိုးများ၊ မဆုံးနိုင်သော စစ်ပွဲများ၊ ကသောင်းကနင်းနိုင်သော လူ့အဖွဲ့အစည်းများကြားတွင် ပေါက်ဖွားခဲ့သော ဖို-မ နှစ်ဦး၏ အချစ်ကို မမေ့နိုင်အောင် ခံစားရသည့် မေတ္တာတရားကို လွမ်းမောဖွယ်ဖြစ်အောင်ဖော်ကျူးထားသည်။
ကသောင်းကနင်း ဖြစ်ပေါ်နေသောဝါဒနှင့် ယဉ်ကျေးမှုများ၏ ရိုက်ခတ်မှုကို အန်တု၍ ရင်ဆိုင်ခဲ့ကြသော လူငယ်တို့၏ ချစ်ခြင်းမေတ္တာဘွဲ့ဝတ္ထုဖြစ်သည်။
စာမျက်နှာ | 342 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.5 x 8.7 inches |
ပုံနှိပ်မှတ်တမ်း | Myanmar heritage၊ 2022 မေလ (ပထမအကြိမ်) |
စာအုပ်ကုန်နေပါသဖြင့် ပြန်လည်မှာယူထားပါသည်။ (၃) ရက်အတွင်း ပြန်လည်ရရှိချိန်တွင် ဆက်သွယ်ပို့ဆောင်ပါမည်
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ