အကြော်ဟင်းလျာ(၆၃)မျိုး
7000 (ကျပ်)
ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိစာကောင်း၊ လုပ်ရတာမြန်ဆန်လွယ်ကူတဲ့ အကြော်ဟင်းလျာတွေ အိမ်မှာချက်ချင်တာဖြစ်ဖြစ်၊ ဆိုင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ် ဒီစာအုပ်က လက်စွဲပါ။
တရုတ်ဆိုင်တော်တော်များများမှာ အကြော်ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်တဲ့သူကို အကြော်ဆရာလို့ခေါ်ကြတာ ကြားဖူးကြမှာပါ။ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ ထမင်းကြော် စတဲ့ဟင်းလျာတွေက လူသိများတဲ့ အကြော်ဟင်းလျာတွေပါ။ ဒီချက်နည်းက ဆီနည်းနည်း၊ မီးနိုင်နိုင်နဲ့ အိုးပူပူမှာ မြန်မြန်ချက်ရတာကြောင့် ပါဝင်တဲ့ အသား၊ အသီးအရွက်တွေရဲ့ အာဟာရဓာတ်တွေ လျော့မသွားသလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာလည်းရှိပါတယ်။
ဒီစာအုပ်မှာ အကြော်ဟင်းလျာချက်တဲ့အခါ လိုအပ်တဲ့ မီးအချိန်အဆအကြောင်း၊ လိုအပ်တဲ့ ဒယ်အိုး၊ ပါဝင်ပစ္စည်း၊ ကြော်ချက်ပုံ၊ စားဖိုမှူးအကြိုက်ဆီမွှေး အသုံးပြုပုံတို့ကို ဖော်ပြထားပါတယ်။ အကြော်ဟင်းလျာ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ ထမင်းကြော်စတဲ့ မြင်နေကြ အကြော်ဟင်းလျာတွေအပြင် စားဖိုမှူးအံ့ဝင့်ထွဋ် ဖန်တီးထားတဲ့ ဟင်းလျာများလဲ ပါဝင်ပါတယ်။ နမူနာဟင်းလျာစုစုပေါင်း ၆၃မျိူးကို ဓာတ်ပုံများနှင့် ဖော်ပြထားပါတယ်။ Cook Book ဟင်းလျာချက်နည်း စာအုပ်တွေဆိုရင် စိတ်ဝင်စားသူတွေအတွက်တော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။
စာမျက်နှာ | 112 |
---|---|
ပုံနှိပ်မှတ်တမ်း | Betterday 2022၊ မတ်လ (ပ-ကြိမ်) |
စာအုပ်အရွယ်အစား | 7.5× 0.2 ×9.7 inches |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ