အခွံကလေးတွေနှင့် မဂ္ဂဇင်း၀တ္ထုတိုများ

( 0 မှတ်ချက်)

4500 (ကျပ်)

‘အခွံကလေးတွေ’ ဟာ ရွှေအမြုတေ စာပေဆုရဝတ္ထုတိုဖြစ်ပြီး အထက်တန်းတွဲ ရထားစီးမိသားစုနဲ့ ရထားဘူတာရုံမှာ ရထားဆိုက်ရင် ဈေးရောင်းသူတွေ၊ ရေသန့်ဘူးကောက်သူတွေကြား ရထားစီးမိသားစုက လူတန်းစေ့နေထိုင်ရတဲ့ ငါးနှစ်သမီးလေးတစ်ယောက်နဲ့ သူနဲ့ ရွယ်တူသာသာ ဖအေဘယ်သူမှန်းမသိတဲ့ ရေသန့်ဘူးကောက်သူ ကောင်မလေးတို့ကြားက ဖျတ်ခနဲ ချိတ်ဆက်မှုပါးပါးလေးကို ဖတ်နေရင်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်နိုင်အောင် တင်ပြလိုက်တော့ မင်းဝေဟင်ဟာ ဆုရသွားတယ်လို့ ရွှေအမြုတေပဲ့ကိုင်ရှင် ဦးဝင်းငြိမ်းက ပြောခဲ့ပါတယ်။ မင်းဝေဟင်ဟာ ပတ်ဝန်းကျင်ကို လေ့လာမှုအားကောင်းသလို အများသူငါ မမြင်နိုင်တဲ့ အခြေအနေတွေ၊ အချက်အလက်တွေကို မှတ်သားပြီး ရိုးရှင်းတဲ့တင်ပြပုံ အရေးအသားနဲ့ ဖော်ပြလိုက်တဲ့အခါ အများသူငါမြင်တွေ့နေလျက်နဲ့ မျက်စိမှောက်နေတဲ့ဇာတ်လမ်းများဟာ ဖတ်ချင့်စဖွယ် ကြွတက်လာပါတော့တယ်။
‘အာဝါဟ ဝိဝါဟ’မှာ မင်္ဂလာသတို့သားတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကာလက စပြီး မင်္ဂလာဦးည ကာလအထိ သူ့မျက်စိမှာ ဒေါင့်မကျိုးတဲ့သူတွေကို မြင်မိတာရယ်၊ မြင်နေတော့ စိတ်ထဲကတွေးမိတာတွေရယ်ကို ဖတ်တဲ့သူ မပြုံးဘဲမနေနိုင်အောင် ရေးဖွဲ့ထားတာကို ဖတ်ရမှာဖြစ်ပြီး ‘အစိမ်းရင့်ရင့်ဆူး’ ဟာ ဆိုရင် ခေတ်ပေါ် အထက်တန်းပြကျူရှင်ဆရာတစ်ဦးရဲ့ ဘဝလှိုင်းတွေ၊ နေထိုင်မှုစရိုက်၊ ကျောင်းသားတွအပေါ် ချစ်ခင်စိတ် အတိမ်အနက်တို့ကို ဖတ်နေရင်း ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားကို ကြည့်နေရသလို မြင်တွေ့ခံစားရမယ့် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.5 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2021 စက်တင်ဘာလ (တ-ကြိမ်)

16 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အခွံကလေးတွေနှင့် မဂ္ဂဇင်း၀တ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မင်းဝေဟင် စာအုပ်များ