အခါတစ်ပါး
2500 (ကျပ်)
တခှို့ တံခါးတှကတေော့ တဈကှိမွ ပိတသွိမွးလိုကပွှီ ဆိုတာနဲ့ တဈသကစွာ ပှနဖွှငွ့ခှငွ့ မရှိတော့ဘူး။
ခစှတွယဆွိုတာ မတှေ့တာ နှဈနဲ့ခှီ ကှာနတောတောငွ သူ ကှိုကတွဲ့ ကောဖွီ အရသာကို မှတမွိနတောမှိုး။
ခစှတွယွ ဆိုတာ အားလုံးဝိုငွးထိုငပွှီး မုနွ့ဟငွးခါး စားနခှေိနမွှ ကှကသွှနွဥလေးတှကေို ကိုယွ့ပနွးကနထွဲ တိတတွိတလွေး ထညွ့ပေးလိုကတွာမှိုး။
ဖှငွ့ဟ ပှောမှ ခစှတွယလွို့ သိရမှာလား လို့ မေးခှနွးထုတခွငှစွိတွ ပေါကလွာတဲ့ သုံးပှငွ့ဆိုငွ ဇာတလွမွးလေး။
စိတထွဲရှိသမှှ စကားတှေ အကုနပွှောပှဖို့ ခစှတွဲ့သူနှဈယောကွ အတှကွ ဘာလို့မှား အခှငွ့အရေး မရှိခဲ့တာလဲ။
မရရောတဲ့ လမွးတဈခုပေါမွှာ စောငွ့စားသူ ရောကလွာမလာခဲ့တာတောငွ ကံကှမမြာကို ယုံကှညပွှီးနှဈရှညလွမှား စောငွ့စားနခေဲ့သူ လေးလေးမောွ။
ဘယတွော့မှ မပှောခဲ့တဲ့ စကားတှဟော ဘယတွော့မှလညွး ထပကွှားစရာ မလိုဘဲ မှမှေုနလွေးတှေ ကှားထဲ တိုးဝငွ ပှောကကွှယသွှားတော့မလား လို့ ခံစားနရတေဲ့ သကဇွောွ ခေါွ ရညွးစားမှားတဲ့ ကောငခွှောလေး ဖိုးသကွ။
သဘောကောငွးသူ တဈယောကလွို့ ပတဝွနွးကငှကွ ယုံမှတစွဖေို့ စညွးတှေ ဘောငတွှေ ကှားမှာ အတငွး လူကှီးဆနနွရတေဲ့ ကိုကို မငွးထကွ ။
သူတို့ သုံးဦးရဲ့ ရငမွောဖှယွ၊ စိတလွှုပရွှားဖှယွ အခစှဇွာတလွမွး ရိုးရိုးလေးတဈပုဒွ။
အမှိုးသားစာပဆေုရ ဆရာမ စံပယဖွှူနု ရဲ့ ပထမဦးဆုံး လကရွာဖှဈတဲ့ ဝတထြုလတွ။
လှတလွပမွှုကို မှတနွိုးတဲ့ မိနွးမငယလွေး တဈယောကရွဲ့ အတှငွး အဇဇြှတတြ အတှေးတှေ၊ ရငခွုနွ လှိုကမွောစရာတှကေို ခံစားမိစမယွေ့ ဝတထြုတဈပုဒွ။
စာမျက်နှာ | 136 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မဟာစာပေ၊ 2020၊ အောက်တိုဘာလ (ပ-အကြိမ်) |
1 in stock
Mon Mon Aung –
#အခါတစ်ပါး
#စံပယ်ဖြူနု
ဖွင့်ဟပြောမှ ချစ်တယ်လို့သတ်မှတ်မှာလား။ပိုင်ဆိုင်လိုစိတ်မရှိဘဲ အဝေးကနေတိတ်တိတ်ကလေးချစ်နေတဲ့ချစ်ခြင်းကိုရော
နားလည်နိုင်ပါ့မလား။
‘လွန်လေပြီး နှစ်ကာလများဟာ ပြီးခဲ့သော
ဇာတ်လမ်းအကျဥ်း ဆိုတာလိုမျိုး ဆွဲချုံ့လိုက်ရင် စာကြောင်းရေ သိပ်များများစားစားတောင်မလိုပါဘူး။ကျွန်မတို့တွေအတူကြီးပြင်းခဲ့ကြတယ်။
နောက်တော့လည်းရေကြည်ရာမြက်နုရာ
ခွဲခွာခဲ့ကြတယ်ပေါ့။
တချို့ကတော့ မြို့မှာကျန်ရစ်ပြီး တချို့ကျတော့လည်း လဲမှိုလေးတွေ လေအနှင်လွင့်ပါးသလို
ရပ်ဝေးကိုထွက်သွားကြတယ်ပေါ့လေ။’
ဘယ်လောက်ပဲနာကျင်စရာတွေရှိခဲ့ပါစေ။
တွယ်ငြိခဲ့တဲ့သံယောဇဥ်က. သာမန်ထက်ပိုခဲ့တော့ ဘယ်လောက်ပဲဝေးကွာပါစေ။အချိန်တွေဘယ်လောက်ပဲ ကြာမြင့်ပါစေ။
ကိုယ့်အနားမှာ သူရှိနေသလိုခံစားရတာ
အချစ်ပဲလား…။နှစ်တွေဘယ်လောက်ကြာကြာ
သူသောက်တဲ့ကော်ဖီအရသာကိုမှတ်မိနေတာ၊
ခြေသံကြားရင်တောင်သူ ဆိုပြီးအလိုလိုသိနေတတ်တာ၊သူ့လက်ရေးလှလှလေးတွေနဲ့ပို့တဲ့စာလေးတွေကို မျှော်နေမိတာအမြတ်တနိုးသိမ်းထားတတ်တာကို သူသိခဲ့ပါ့မလား။စိတ်ထဲရှိသမျှစကားတွေ
အကုန်ဖွင့်ပြောဖို့ အခွင့်အရေးမရှိတော့တဲ့အခါ မျှော်လင့်စောင့်စားခွင့်မရှိတော့ပေမယ့် မှန်ဝိုင်းလေးထဲမှာတော့ သူ့အရိပ်ကလေးကို
ငေးကြည့်ခွင့်ရှိသေးတယ်မဟုတ်လား…။
‘ဒီသစ်သားတံခါးလေးကတော့ အချိန်တန်ရင်
ပြန်ဖွင့်ရဦးမှာပေါ့။တချို့တံခါးတွေကတော့
တစ်ကြိမ်ပိတ်သိမ်းလိုက်ပြီ ဆိုတာနဲ့
တစ်သက်စာ ပြန်ဖွင့်ခွင့်မရှိတော့ပါဘူး။’
တစ်ဖက်မှာလည်း စွန့်လွှတ်ခြင်းနဲ့ချစ်တဲ့အချစ်လို့ပဲခေါ်မလားနော်။ကိုယ်တကယ်မြတ်နိုးရသူကို ချစ်နေရုံသက်သက်ပဲ၊ချစ်ရသူကို သူ့ဘဝထဲကို ဆွဲခေါ်လိုက်လို့နာကျင်စေရမယ်ဆိုရင် ချစ်နေရုံချစ်နေရတဲ့လမ်းကိုပဲ သူရွေးချင်သတဲ့။အဲဒီလိုဆုံးဖြတ်ဖို့လည်း သူ့အနေနဲ့ ဘယ်လောက်သတ္တိမွေးရတယ်
ဆိုတာရော သူမြတ်နိုးတဲ့သူလေး
နားလည်ပါ့မလား…..။
‘ဘယ်တော့မှ မပြောခဲ့တဲ့စကားတွေဟာ
ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ
မြေမှုန့်လေးတွေ ကြားထဲ တိုးဝင်ပျောက်ကွယ်သွားတော့မလား’ ။
စာအုပ်အဖုံးလေးက စ ပြီး သဘောကျရတဲ့
ဆရာမ ဖြူနုရဲ့ အခါတစ်ပါးကို ဖတ်လိုက်ရတာဟာကော်ဖီဆိမ့်ဆိမ့်လေးသောက်ရသလိုမျိုး၊နူးညံသိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ လေးနက်မှုကို ခံစားလိုက်ရသလိုမျိုးပါပဲ။ သေချာတာကတော့ အခါတစ်ပါးဖတ်ပြီးချိန်မှာတော့ ဘာကိုလွမ်းမှန်း
မသိ လွမ်းလွမ်းကြီး ကျန်ခဲ့ပါတော့တယ်ရှင်….. ။
သူ့အရိပ် ကိုယ့်အရိပ်
အပြန်အလှန် ငေးရင်းနဲ့ပဲ
သူ့အရိပ် ကိုယ့်အရိပ်
မမြင်ကြရတော့တာ…
#Mon
Aye Thiri Nyein –
#အခါတစ်ပါး
#စံပါယ်ဖြူနု
ဒီလိုဇာတ်အိမ်မျိုးက စာရေးဆရာတော်တော်များများလည်း ရေးတတ်တယ်။
တော်တော်များများကလည်း နာမည်ကြီးတွေဖြစ်ပေမယ့် ကျမအတွက် အခါတစ်ပါးကို အကြိုက်ဆုံးပါ။
ငယ်ငယ်ကတည်းက ခင်လာကြပြီး ဖွင့်မပြောပဲ ဟိုလိုလို ဒီလိုလိုပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွေကို ဖတ်ရတာ သိပ်မကြိုက်တတ်ခဲ့ဘူး။
အခါတစ်ပါးကတော့ ဆရာမရဲ့အရေးအသားက အဓိကလို့ထင်ပါတယ်။
ဇာတ်အိမ်တူတာတွေအများကြီးရှိတာတောင် နင့်နင့်နဲနဲဖြစ်အောင် ရေးနိုင်ပါတယ်။
လှုပ်ခတ်ကျန်ခဲ့တဲ့ ခြံတံခါးကို မြင်နေရသလိုမျိုး တစ်ခုခုကို နှမြောတသနဲ့ မပိုင်ဆိုင်ရတဲ့ခံစားမှုမျိုးကို ပေးပါတယ်။
မြို့လေးကထွက်သွားပြီး ကြီးပွားပြီး ပြန်မလာနိုင်တဲ့ သက်ဇော်က တကယ့်ဘဝတွေလိုပဲ..
သတ္တိမရှိဘူးပြောရင်နာတတ်တဲ့ သက်ဇော်အတွက် တစ်ချိန်တော့ သတ္တိရှိပေးချင်တဲ့မိန်းခလေးတစ်ယောက်ပေါ်လာမှာပါ။
လက်တွေ့ဘဝမှာ ဂါဝန်ကြီးမပြီး မင်္ဂလာပွဲထဲက ထွက်ပြေးဖို့က လေးအတွက်မဟုတ်ဘူး အားလုံးအတွက်ခက်တယ်။ အဲဒါထက် ဘယ်သူ့ဆီကို ထွက်ပြေးရမှန်းမသိတဲ့ လေးကပိုခက်ခဲ့မယ်ထင်ပါတယ်။
“သူ့အရိပ် ကိုယ့်အရိပ်
အပြန်အလှန် ငေးရင်းနဲ့ပဲ
သူ့အရိပ် ကိုယ့်အရိပ်
မမြင်ကြရတော့တာ… ”
#AyeThiriNyein
Khin Myo Myat (verified owner) –
အခါတစ်ပါး- စံပယ်ဖြူနု
ရင်ထဲထိချက်ပဲ…
“…လူတစ်ယောက်ကို ချစ်တယ်ဆိုပြီး အနားကိုခေါ်ပြီး ဒုက္ခပေးတဲ့ အဖြစ်မျိုး ရောက်အောင် ငါ ဘယ်တော့မှ မလုပ်ဘူး၊ ငါ ဘာတာဝန်မှ မထမ်းချင်ဘူး၊ အိမ်ထောင်တစ်ခုကို ပျော်ရွှင်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ့ကိုယ်ငါ မယုံကြည်ဘူး၊ ငါ ခင်ပွန်းကောင်းလည်း ဖြစ်လာမှာမဟုတ်ဘူး၊ ဖခင်ကောင်းလည်း ဖြစ်လာမှာမဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အခုလို အေးအေးနေတာလည်း ငါ တတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာပဲ” ဆိုတဲ့ သက်ဇော်..(ဒီစာသားကြောင့် ကိုယ်ဝယ်ဖတ်ဖြစ်ခဲ့တာ)
‘မျက်ရည်မကျပါဘူးလေ။ တစ်ပါးသူစိတ်အနှောင့်အယှက်မဖြစ်ဖို့ရာ ကိုယ့်မျက်ရည်ကိုယ် ပြန်သိမ်းထားလိုက်ဖို့ လိုအပ်ရင်လည်း သိမ်းရမှာပေါ့။ မဟုတ်ဘူးလား..။’ ဆိုတဲ့ လေး..
တစ်ခုခုဆို မေးငေါ့ဖို့ အဆင်သင့်ဖြစ်နေတတ်တဲ့ လူမှုဝန်းကျင်ရဲ့ ဓလေ့သဘော…
အသက်တွေဘယ်လောက်ရရ ခဏတဖြုတ်ဆုံခွင့်ရရုံနဲ့ အပူတွေလျော့သွားစေတဲ့ ရင်ဘတ်တူ သူငယ်ချင်းတွေရဲ့ အဖိုးတန်မှု…
‘မိသားစုဆိုတာ ပတ်သက်ဆက်နွှယ်မှုအရ စကားလုံးသက်သက်ပဲ ကျန်ရစ်ပြီး ပြောစရာကုန်သွားတဲ့အဖြစ်ဟာ တွေးလိုက်ရင် ဝမ်းနည်းစရာပါပဲ။’ ဆိုတဲ့ မိသားစုများစွာကို ကိုယ်စားပြုနိုင်သော…
စကားလုံးတွေနဲ့ ထုတ်ဖော်မပြောခဲ့ကြပေမဲ့ စိတ်တွင်းစကားသံတွေကတဆင့် မသိမသာဂရုစိုက်မှုတွေကတဆင့် သံယောဇဥ်မြစ်ဖျားခံတဲ့ နှစ်ယောက်ကြားက အသံတိတ်ချစ်ခြင်းတွေ…
အဲဒီချစ်ခြင်းတွေဟာ စိတ်ရဲ့အပြင်ပန်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ အဆုံးသတ်သွားပါတယ်၊ သမားရိုးကျ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ စိတ်အတွင်းပိုင်းအထိ လှမ်းမြင်ရစေတဲ့ အရေးအသားတွေကြောင့်သာ ဟာပြီးရင်းဟာ ဆွေးပြီးရင်းဆွေး ကျန်ခဲ့ရတာ?