မြန်မာပြည် လေကြောင်းတိုက်ပွဲစဉ်များ(1941-1945)

( 0 မှတ်ချက်)

4000 (ကျပ်)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် ဆင်နွှဲခဲ့သော တိုက်ပွဲစဉ်များကို မေ့ပျောက်ခြင်းခံရသော စစ်ပွဲဟူ၍လည်းကောင်း၊ ပါဝင်တိုက်ခိုက်ခဲ့သော အမှတ်(၁၄) တပ်တော်ကို မေ့ပျောက်ခြင်းခံရသော တပ်တော်ဟူ၍လည်းကောင်း တင်စားပြောဆိုကြပါသည်။ မြန်မာပြည်တိုက်ပွဲစဉ်များတွင် ဆောင်ရွက်ခဲ့သော လေကြောင်းစစ်ဆင်မှုများနှင့် ပတ်သက်လျှင်မှု ပို၍ပင် အမှတ်တရမရှိကြကြောင်းလေ့လာတွေ့ရှိရပါသည်။

အမှန်အားဖြင့် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း တရုတ်၊ မြန်မာ၊ အိန္ဒိယစစ်မျက်နှာများတွင် လေကြောင်းစွမ်းအားသည် စစ်ကဏ္ဍအားလုံးတွင် ပါဝင်ပတ်သက်ခဲ့သည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ဗြိတိသျှတပ်ဖွဲ့များသည် လေကြောင်းမှ ထောက်ပံ့ကူညီမှုမပါဘဲ အိန္ဒိယပြည်သို့ အောင်မြင်စွာဆုတ်ခွာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်ပင် အရှေ့တောင်အာရှတပ်ပေါင်းစု၏ လေတပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ACM Sir Keith Park က အနောက်ဘက်စစ်မျက်နှာတွင် တိုက်ပွဲဝင်ခဲ့သော မဟာမိတ်မြေပြင်တပ်များသည် အတောင်ပံများ၏ အကာအကွယ်အောက်မှ ချီတက်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်စစ်မြေပြင်တွင်မူ မဟာမိတ်မြေပြင်တပ်ဖွဲ့များသည် မိမိတို့လေတပ်၏ အတောင်ပံများပေါ်မှ လိုက်ပါချီတက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ယခုစာအုပ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်တော်မှ မြန်မာပြည်စစ်မျက်နှာပြင်တွင် ဆင်နွှဲခဲ့သော လေကြောင်းတိုက်ပွဲစဉ်မျာအကြောင်းကို အသေးစိတ်မှတ်တမ်းရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

382

စာအုပ်အရွယ်အစား

5.3 x 0.9 x 8.1 inches

ပုံနှိပ်မှတ်တမ်း

သစ်ခွရောင်စာပေ၊ 2021 ဇွန်လ (ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြန်မာပြည် လေကြောင်းတိုက်ပွဲစဉ်များ(1941-1945)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ရဲဇော် စာအုပ်များ