၄၀ မှာစတဲ့ဘဝ

( 2 မှတ်ချက်)

13000 (ကျပ်)

အသက် ၄၀ ကျော်ဆိုတာဟာ ဘ၀ရဲ့ အချိုးအကွေ့တစ်ခု Next Level တစ်ခုကိုစတင်ဖို့ အချိန်ပါပဲ။ ဒီအရွယ်မှာ အတိတ်ရဲ့အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေကြောင့် ပိုမိုခိုင်မာလာတဲ့ ဘ၀ အခြေအနေတွေရှိသလို၊ တစ်ဖက်မှာတော့ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရတဲ့အချိန်လည်း ဖြစ်ပါတယ်။

တစ်ခါတလေ, ငွေကြေး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေနဲ့ ဘ၀ဟာပြည့်စုံတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာအေးချမ်းစွာပျော်ရွှင်မှုကိုမရရှိနိုင်တဲ့ အချိန်တွေလည်းရှိနေတတ်တယ်။။ ဘ၀ရဲ့ ဖရိုဖရဲ အခြေအနေတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းချုပ်ဖို့ခက်ခဲနေတတ်တယ်။ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ရန်ဖြစ်နေတတ်တယ်။ ဘ၀မှာအပြောင်းလဲတွေအများကြီး ရင်ဆိုင်နေရချိန်ဖြစ်တယ်။

အသက်၄၀ကျော်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံး လာသလိုခံစားနေရတယ်ဆိုရင် ဒါဟာ သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။

ဒီစာအုပ်လေးမှာ စာရေးသူ ကိုယ်တိုင် ဖြစ်ခဲ့တယ်၊ ကြုံခဲ့တယ်၊ ခံစားခဲ့ရဖူးတယ်ဆိုတဲ့ အကြောင်းတွေကို ဝေမျှထားပြီး Midlife Crisis ခံစားနေရတဲ့ အသက် ၃၈ နှစ်ကနေ ၆၅ နှစ်အတွင်း သက်လတ်ပိုင်း အမျိုးသမီးတွေဖတ်ဖို့လည်း ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

စာမျက်နှာ

181 (Woodfree Paper – စက္ကူအဖြူ)

စာအုပ်အရွယ်အစား

6.5x 0.3x 8.9 inches

ပုံနှိပ်မှတ်တမ်း

ဇွဲသီဟစာပေ၊ 2025 ဖေဖော်ဝါရီလ (ပထမအကြိမ်)

7 in stock

၄၀ မှာစတဲ့ဘဝ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat –

    ကိုယ်မရောက်သေးတဲ့ အသက်အပိုင်းအခြားတစ်ခုအတွက် ရည်ရွယ်ထားတဲ့ စာအုပ်လေးဖြစ်ပေမယ့် ဆရာမမွန်စာတွေဖတ်ရင် ဆရာမရဲ့အတွေးတွေနဲ့နီးစပ်တယ်လို့ ခံစားရစေလို့ ဒီစာအုပ်လေးကို သဘောကျပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အားလုံး
    လူတွေထဲက လူတွေပဲမို့ ရှင်သန်နေသရွေ့ အသက်ကာလအပိုင်းအခြားတွေကို ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းကြရဦးမှာပါပဲ။
    စိတ်အေးချမ်းသာစွာ နေတတ်ဖို့၊မိမိကိုယ်ကိုယ် လေးစားတတ်ဖို့၊ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံ အရေးကြီးပုံတွေ၊ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများအတွက် သင့်တင့်မျှတစေမယ့် စာစုလေးတွေကို အပိုင်း(၆)ပိုင်းခွဲပြီး ရေးသားမျှဝေထားတာလေး ဖတ်ရပါတယ်။
    “ကိုယ်တိုင်ကျန်းမာအောင်နေတယ်ဆိုတာ Self Respectပါပဲ။”🌸🖤
    စိတ်အလိုလိုက်ပြီး စားတာတွေ၊နေတာတွေက တစ်ချိန်အသက်ရလာတဲ့အခါ
    အနည်းနဲ့အများဆိုသလို ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်ဆိုတဲ့ အသိလေး
    ကို Remindလုပ်မိတယ်။
    နောက်ပြီး စိတ်ကျန်းမာရေးအတွက်ဆိုရင် စိတ်ဖန်ပုလင်းလေးထဲ သဲကလေးတွေ တနည်း စိတ်အမှိုက်တွေ၊အရှုပ်အထွေးတွေကို မထည့်မိဖို့ရာလည်း
    ကြိုးစားနေထိုင်ဖို့ လိုအပ်တာလေး သိလိုက်ရတယ်။
    မသိလိုက် မသိဘာသာနဲ့ စိတ်အမှိုက်တွေကို ကိုယ်တိုင်က သယ်ဆောင်မိ၊လက်ခံမိတဲ့သူ ဖြစ်နေပါရော့လားလို့ သတိကပ်သွားတယ်။
    နောက်ထပ် သဘောကျမိတာက
    “Rich Inner World”ဆိုတဲ့ စကားလုံးလေးပါ။ကျွန်မအတွက်တော့ သိပ်ချစ်စရာကောင်းပြီးတော့ တန်ဖိုးရှိတဲ့ စကားလုံးလေးလည်း ဖြစ်ပါတယ်။ကိုယ်ပိုင်ဘဝဖြစ်အောင် ကြိုးစားနေရင်း ကိုယ်ဝါသနာပါတဲ့ စာဖတ်ခြင်း၊စာလေ့လာခြင်းတွေကို လုပ်နေရတဲ့ အချိန်တွေဟာ တကယ့်ကို Inner Peace& Rich Inner Worldလေးပါပဲ။🌸🖤
    “ဘဝမှာ အရေးကြီးတဲ့အရာက ကိုယ်ပိုင်စိတ်အေးချမ်းသာယာမှုဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ တည်ဆောက်နေတဲ့ဘဝဟာ တကယ်သက်တောင့်သက်သာ ဖြစ်စေတဲ့
    ဘဝပါ။” 🌸🖤
    ဒီစာအုပ်လေးထဲမှာ ဆရာမမွန်ရဲ့
    မိတ်ဆွေအမျိုးသမီးတွေအကြောင်း၊
    ဆရာမကိုယ်တိုင်ရဲ့အကြောင်း၊နောက်ပြီး အခြားသော ဘဝအခြေအနေအကြောင်း
    တွေကို ထည့်ပြီးရေးထားတာမို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
    ကျွန်မကတော့ ဆရာမမွန်ကို အများကြီးချစ်ခင်လေးစားသူမို့ ဆရာမစာလေးတွေဖတ်ရင်း ကျွန်မကိုယ်တိုင်ရဲ့ စိတ်နဲ့ relateလုပ်ရတာ၊ ပြုပြင်စရာရှိတဲ့အချက်လေးတွေ မှတ်သားရတာမျိုးကို အရမ်းကို သဘောကျပါတယ်။
    ဘယ်လိုအသက်အရွယ်အတွက်ပဲဖြစ်ပါစေ… ဆရာမက အမျိုးသမီးတွေအားလုံးအတွက် စိတ်စေတနာအပြည့်နဲ့ ရေးထားတာလေးကိုလည်း ခံစားမိပါတယ်။
    ကျွန်မအတွက်တော့ ထပ်ဖတ်ဖြစ်ဦးမယ့်စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
    ဒီစာအုပ်လေး ဖတ်ခွင့်ရတဲ့အတွက်လည်း ဆရာမမွန် Mon Halsey ကို ကျေးဇူးအများကြီးတင်ပါတယ်🌸🖤

  2. စိုးဘားဒိုင် –

    REDEFINING LIFE @ 40+++ ၄၀မှာစတဲ့ဘဝလို့ အမည်ပေးထားတဲ့စာအုပ်ဟာ ဆရာမမွန်ဟော်စီက ၄၀ကျော်လာချိန် ဘဝလည်ပြန်ကနေ ရှေ့တူရူဘဝဆီကို ဦးတည်လို့ပြန်လည်ရှာဖွေရယူဖြည့်ဆည်း ဆင်ခြင်သုံးသပ်ပြီး ရှေ့ဆက်ဖို့ရာအတွက် ရေးသားမျှဝေထားတာလို့ဆိုနိုင်တယ်။သူ့ဘဝအတွေ့အကြုံ၊သူ့ဖြည့်ဆည်းမှု၊သူ့ရင့်ကျက်မှုတွေနဲ့အတူ သူဘယ်လိုခရီးဆက်မယ်ဆိုတာကို ကိုယ့်ဘဝအဆင်အဖြစ် ရေးသားပြီး ကိုယ်တိုင်ဖတ်ဖို့၊
    အရွယ်တူတွေလည်း ဖတ်နိုင်ဖို့ ရေးသားတဲ့ပုံစံမျိုးလို့လည်း ဆိုနိုင်ပါတယ်။
    သူ့ကိုယ်သူတည်ပြီးရေးသားထားတာဖြစ်လို့ ပထမနာမ်စားနဲ့ရေးတဲ့ လုံးချင်းဝတ္ထုတစ်ပုဒ်ရဲ့ မက်ဆေ့၊အကြောင်းအရာများကိုဖတ်ရှုရသလိုပါပဲ။လွှမ်းခြုံမြှုပ်နှံထားတဲ့ဇာတ်လမ်းကို ဖတ်နေရင်းခံစားထိတွေ့နေရပေမယ့် ဇာတ်ကောင်စရိုက်အဖွဲ့မျိုးထင်ထင်ရှားရှားမတွေ့ရတဲ့ စရိုက်ဖွဲ့အရေးအသားဆန်ဆန်တွေကိုလည်းဖတ်ရတယ်။ဒါကြောင့်ဖတ်ရတာ ဆွဲဆောင်မှုရှိတယ်။တရင်းတနှီးရေးတတ်တဲ့ သူ့အရေးအသားကြောင့် ဖတ်ရသူက
    လည်း တရင်းတနှီးဖြစ်ရတယ်။
    အမျိုးသမီးအတွက် အားပြုရေးသား
    ထားတာတွေဖတ်ရတာမှာ သူတို့အမျိုးသမီး
    တွေရဲ့ စိတ်အထာတွေကိုလည်း စောကြောနား
    လည်မိတဲ့ အမျိုးသားတစ်ယောက်ရဲ့စာဖတ်အတွေ့အကြုံမျိုး ကျွန်တော်ရလိုက်တယ်။အမျိုးသမီးတွေအကြောင်းပြောနေတာတွေဟာ အမျိုးသားတွေနဲ့ လွတ်လွတ်ကင်းကင်းကြီးမဟုတ်ဘူးလို့ဆိုချင်တာပါ။
    လုံးချင်းဝတ္ထုတစ်ပုဒ်ရဲ့အကြောင်းအရာမျိုး၊တစ်စိတ်တစ်ပိုင်းကိုယ်ရေးအချက်အလက်မျိုးတွေဖြစ်လို့ ခံစားမှု၊အတွေးအမြင်၊ဆင်ခြင်သုံးသပ်မှု၊ပိုင်းဖြတ်မှု၊ရှင်သန်ရပ်တည်မှု၊ဘဝအထာ၊လူ့ဖြစ်ထွေ စသည်စသည်ဖြင့် အများအပြားထိတွေ့ရတဲ့စာ
    လည်းဖြစ်ပါတယ်။၄၀ကျော်မှာဘဝစတယ်လို့
    ဆိုရင် အဲဒီဘဝအစဟာ ကလေးဘဝကစတဲ့ဘဝအစမျိုးမဟုတ်ဘဲ ၄၀ကျော်ဖြတ်သန်းမှု
    အတွေ့အကြုံတွေနဲ့ စတဲ့ဘဝ။ကလေးဘဝက
    နေ ၄၀အထိကို အခြေတည်တဲ့ဘဝလို့ဆိုရင်
    ၄၀ကျော်မှာစတဲ့ဘဝဟာ ရုပ်လုံးပေါ်လာတဲ့ဘဝလို့ ဆိုရမှာပေါ့။
    ဆရာမမွန်ဟော်စီက သူ့ဘဝသူပြန်လည်
    သုံးသပ်ဆင်ခြင်ရင်း သူ့ဘဝရဲ့တန်ဖိုးနဲ့ သူကိုယ်တိုင်ရဲ့ တန်ဖိုးတွေကို စေ့ငုထားတယ်။
    စာဖတ်သူတွေကိုလည်း အတူစေ့ငုကြည့်ဖို့
    ဘေးမှာထားပြီး ပြောနေသလိုမျိုး။
    ဘဝအတွေ့အကြုံတွေကနေ အပေါင်းလက္ခဏာတွေကို စုစည်းသိမ်းထုပ်ပြီး၊အနုတ်တွေကို ရင်ဆိုင်ဖြတ်သန်း ရွေးနုတ်
    ထားတာကိုလည်း သဘောကျစရာတွေ့ရတယ်။သူက ကိုယ်စိတ်နှစ်ပါးလုံးနဲ့အတူ နီးနီး
    ဝေးဝေးဆက်ဆံရေးအထာတွေကိုလည်း သူ့
    အတွေ့အကြုံနဲ့အတူ ဆွေးနွေးထားတယ်လို့လည်း ခံစားရတယ်။ကိုယ်စိတ်နှစ်ပါးစလုံးရဲ့
    ကျန်းမာသန်စွမ်းရေးဆိုင်ရာ သဘောသဘာဝ
    နဲ့သဘောအထာတွေကို အုတ်မြစ်အပေါ်မှာ
    အဆောက်အဦးတည်ဆောက်ထားတာမျိုးလို့
    လည်း ထိတွေ့ရတယ်။
    သူတစ်ယောက်ကနေ သူများဆီအထိ
    သူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံ၊ဖြတ်သန်းမှု၊
    ရင်ဆိုင်ဖြေရှင်းမှု၊ပြန်လည်တည့်မတ် ထူထောင်မှုတွေကို ယေဘုယျကနေ ထဲထဲဝင်
    ဝင်အထိ ပြန်လည်သုံးသပ်ပြောဆိုထားတာကို
    လည်း သတိထားမိတယ်။ဒါကြောင့်ပဲ သူ့စာအုပ်ကို အသက်၄၀ဆိုတာဟာ ဘဝရဲ့အချိုးအကွေ့တစ်ခု၊ Next Level တစ်ခုကိုစတင်ဖို့ အချိန်ပါပဲလို့ ရည်ညွှန်းထားတာဖြစ်ပါလိမ့်မယ်။
    သူရည်ညွှန်းပြောနေတာတွေ၊နမူနာတွေ
    ကလည်း ဝတ္ထုတိုလေးတွေဖတ်နေရသလိုပါပဲ။တဖွဲ့တနွဲ့မရောက်ရင်တောင် တဖွဲ့တသိတော့ အသေအချာရစေတာကို သတိပြုမိတယ်။ကိုယ့်ကိုယ်ကိုယ်လည်ပြန်ကြည့်ခြင်းနဲ့
    ရှေ့တူရူကို ပြင်ဆင်ကြိုလင့်ခြင်းမှာ သူ့ကိုယ်သူစေတနာထားသလို သူ့ပတ်ဝန်းကျင်အပေါ်
    စေတနာထားတာကိုလည်း တွေ့မြင်ရတယ်။မျှဝေမှုမှာ နားဝင်ခံသာစိတ်ဝင်စားအောင် မျှဝေနိုင်ရင် အဲဒီမျှဝေမှုဟာ အကျိုးရှိပါတယ်။မျှဝေသူကိုယ်တိုင် ကိုယ့်အနေကိုသတိထပ်ထားမိစေသလို မျှဝေမှုကိုလက်ခံသူအတွက်လည်း ထိုသူ့အနေအတွက် အကျိုးရှိစေပါတယ်။အစာကိုမျှဝေစားတာနဲ့ လေကိုမျှဝေရှူရတာမှာတောင်မတူဘူး။အစာကလျှော့သွားပေမယ့် လေကတော့လျှော့မသွားဘူးမဟုတ်လား။
    ဆရာမမွန်ဟော်စီက လေကောင်းလေသန့်ကိုအတူရှူကြဖို့ ဖိတ်ကြားလိုက်သလိုပဲလို့ ဆိုနိုင်ပါတယ်။ဖတ်ရတာလည်း အကြည်ဓာတ်ရတယ်။ကြည်လင်တဲ့ဘဝအထာ၊ဘဝတည်ဆောက်မှု၊
    ကြည်လင်တဲ့လူ့အဖြစ်ကို လက်တို့လိုက်တဲ့စာ
    လို့သဘောရပါတယ်။အခန်း ၆ခန်းနဲ့ရေးထားတာကို မာတိကာနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
    မာတိကာ
    Part (1)
    Embracing Change
    ပြောင်းလဲမှုများကိုထွေးပွေ့ခြင်း
    ၁။ အမျိုးသမီးတစ်ယောက်ရဲ့ အလှ
    ၂။ ပျော်ရွှင်မှုကို ခိုးယူသွားစေသော အကျင့်
    များ
    ၃။ ဂုဏ်ယူစရာ မှတ်တိုင်များ
    ၄။ ဘဝကို သက်သောင့်သက်သာကျော်
    ဖြတ်ခြင်း
    Part (2)
    Rebuilding Relationships
    ဆက်ဆံရေးများကိုပြန်လည်တည်ဆောက်ခြင်း
    ၁။ ချစ်ခြင်းမေတ္တာပေါ်အခြေခံပြီး ဖြစ်လာတဲ့
    ပြဿနာများ
    ၂။ ပျံသန်းကြတော့မယ့်အရွယ်
    ၃။ အပူချစ်
    ၄။ သူဟာသူ၊ ကိုယ်ဟာကိုယ်
    ၅။ တို့လွတ်လပ်ရေး… လွတ်လပ်ရေး
    ၆။ အသက် ၄ဝ ကျော်အရွယ်ယောက်ျားတွေ
    ရဲ့ ဖောက်ပြန်မှုအကြောင်းရင်းများ
    ၇။ တတိယလူပေါ်လာတဲ့အခါ
    ၈။ Relationship အသစ်တစ်ခုစတင်ခြင်း
    ၉။ ကောင်းတာလေးတွေရွေးပြီး တွေးကြည့်ပါ
    ၁ဝ။ ကျေးဇူးမတင်တတ်သူများနဲ့ စည်းခြား
    ခြင်း
    ၁၁။ ညီအစ်ကို မောင်နှမ သံယောဇဉ်
    ၁၂။ ကိုယ်လည်းလျှောက်မယ့်လမ်း
    Part (3)
    Financial Wellness
    ငွေကြေးဆိုင်ရာကျန်းမာရေး
    ၁။ အလုပ်နဲ့ ဘဝအမြင်
    ၂။ What is Your Plan B?
    ၃။ မသိဘူး.. ကျစ်မယ်
    Part (4)
    The Power of Self-Care
    မိမိကိုယ်ကိုဂရုစိုက်ခြင်း
    ၁။ ကျွန်မဟာ ကျွန်မအတွက် အရေးကြီးပါ
    တယ်
    ၂။ အိမ်
    ၃။ အနှစ် ၄ဝ ကျော် စားခဲ့ပြီးသော အရာများ
    ၃။ အသက် ၄ဝ ကျော်မှာ သွေးဆုံးခြင်းနဲ့ လိင်
    ဆိုင်ရာခံစားချက်များ
    ၄။ တစ်ခါတလေတော့ တစ်ကိုယ်ကောင်းဆန်
    လိုက်ပါ
    Part (5)
    Who Am I Now?
    ငါအခုဘယ်သူလဲ
    ၁။ Identity ဆိုတာဘာလဲ
    ၂။ ဖြတ်သန်းခဲ့တဲ့ လမ်းများ
    ၃။ တကိုယ်တော်သမား
    ၄။ အသက် ၄ဝ မှာ ကလေးမွေးတော့
    ၅။ အတွဲမလိုတဲ့ အမျိုးသမီးများ
    ၆။ ကိုယ်ရွေးချယ်ခဲ့လမ်းမှာ နောင်တမရှိဖို့လို
    တယ်
    ၇။ မတူသော ခြေရာများ
    ၈။ ပြောင်းလဲပါ
    ၉။ ကျွန်မ ထမင်းဟင်း မချက်တတ်ပါ
    Part (6)
    Living Life Fully
    ရည်ရွယ်ချက်ရှိသောဘဝမှာ ကျေနပ်ပြည့်စုံစွာနေထိုင်ခြင်း
    ၁။ မွေးနေ့အမှတ်တရရေးတဲ့စာ
    ၂။ အခက်ခဲဆုံး အချိန်များ ကြုံဆုံရတဲ့အခါ
    ၃။ ဘဝ၏ အချင်းအရာများ
    ၄။ ရင့်ကျက်သောသူတွေ
    ၅။ ပလတ်စတစ်ပန်း
    ၆။ ဆက်လက်ရင်ဆိုင်ကျော်ဖြတ်ပါ
    ၇။ ထက်မြက်တဲ့ မိန်းမ
    ၈။ အပ်ချည်နှင့်တူသော လူသားများ
    ၉။ ဓာတ်ပုံထဲက ဘဝများ
    ၁၀။ စစ်ကိုင်းတံတားနားမှာ နေသူ
    ၁၁။ အသက် ၆ဝ မှာ ဘယ်လိုနေမလဲ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မွန်ဟော်စီ စာအုပ်များ