တစ်ဖန်ပြန်၍မနိုးသောဝေဒနာ
9000 (ကျပ်)
ကိုမာသည် အရောင်းရတွင်ကျယ်သော စာအုပ်များစာရင်းဝင်ဖြစ်သည်။ အဆင့်အတန်း မြင့်သော ဆေးပညာ၀တ္ထုတစ်ပုဒ်ဖြစ်သလို ဆေးပညာလျှို့ဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်လည်း ဖြစ်သည်။ ၀တ္ထုရေးသူသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးပညာပါရဂူတစ်ဦး၊ ဟားဗတ်ဆေးတက္ကသိုလ်တွင် သင်တန်းဆရာတစ်ဦးဖြစ်သည်။
အမေရိကန်ပြည် ဘော့စတန့်မြို့ရှိ အထိမ်းအမှတ်ဆေးရုံကြီးသို့ ဆေးပညာသင်တန်းများ လက်တွေ့သင်ကြားရန်ရောက်ရှိလာသော တတိယနှစ်ဆေးကျောင်းသူကလေးဆူဆန်ဝှီးလားသည် ရုတ်တရတ်သေဆုံးသွားသူနှစ်ဦးနှင့် ပက်သက်ပြီး စိတ်ထဲတွင် စိတ်ထဲတွင် ဘဝင်မကျမှုများဖြစ်ပေါ်လာသဖြင့် စူးစမ်းခြင်း၊ လေ့လာခြင်း၊ မေးမြန်းခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်သောအခါ……။
ဆေးပညာ၏ခက်ခဲနက်နဲမှုများကိုသိရှိရသည်။ ကိုမာရောဂါ၏ အရင်းအမြစ်များကို နားလည်ရသည်။ ထိုမျှမက ကိုမာကို ဖွေရှာရင်း ထူးဆန်းသော၊ ချောက်ချားဖွယ်သော၊ အံ့ဩဖွယ်သော ဆေးပညာလောက၏ မယုံကြည်နိုင်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာလျှို့ဝှက်မှုကြီးတစ်ခုကို အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်တွေ့ကြုံရသည်။
ဆူဆန်ဝှီးလားသည် ကိုမာကို ဖွေရှာရင်း ဆေးရုံအာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ သမားတော်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၏ ဟန့်တားဆန့်ကျင်မှု၊ အမည်မသိသော လူသတ်သမား၏လုပ်ကြံတိုက်ခိုက်မှု၊ နိုင်ငံတကာလျှို့ဝှက်ဂိုဏ်းကြီးတစ်ခု၏ ရှင်းလင်းသုတ်သင်မှုတို့ကို တွေ့ကြုံရသည်။ ခုခံတွန်းလှန်ရသည်။ မိမိအသက်ဘေးမှ လွတ်မြောက်အောင် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဆောင်ရွက်ရသည်။
ဆေးပညာနှင့် ဆေးလောက၏ အရှုပ်အထွေးများ၊ လျှို့ဝှက်ဆန်းကြယ်မှုများ၊ အံ့မခန်းဖွယ်ရာများ….။
စာမျက်နှာ | 456 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 ဇန်နဝါရီလ၊ (တ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ