အသက် ၂၀ ကျော်ပြီးတဲ့အခါ

( 20 မှတ်ချက်)

8000 (ကျပ်)

📖 ဒီစာအုပ်လေးဟာ စာရေးသူရဲ့ အသက်၂၀ အရွယ်မှာ ရရှိခဲ့တဲ့ ဘဝသင်ခန်းစာတွေကြောင့် အတွေးအခေါ် ၊ စိတ်နေစိတ်ထား ပြောင်းလဲမှုတွေအကြောင်းကို ဘဝရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရေးသားထားပါတယ်…

📖 အသက်၂၀ ကျော်မှာ ကျွန်တော်တို့ သိထားရမယ့် အချက် ၅၀ ကို ပြောပြထားတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘဝလမ်းကြောင်းကို စတင် လျှောက်လှမ်းတော့မယ့် အချိန်မှာ သိထားသင့်တဲ့ အရာတွေပါ ….

📖 အသက် ၂၀ ဝန်းကျင်အရွယ်များအတွက် ဆိုပေမယ့်လည်း အသက် ၂၀ ကျော်သွားပြီး. .. လူလတ်ပိုင်းအရွယ်များပါ ဖတ်သင့်တဲ့ စာအုပ်လေးလည်းဖြစ်ပါတယ်။ ရင့်ကျက်တဲ့စိတ်နေစိတ်ထားတွေနဲ့ ဘ၀အတွေ့အကြုံတွေကို လူငယ်တစ်ယောက်ရဲ့ ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံတွေကနေ အကောင်းဆုံး သင်ခန်းစာယူနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်..

စာမျက်နှာ

232

စာအုပ်အရွယ်အစား

5.2 x 0.4x 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

22 in stock

အသက် ၂၀ ကျော်ပြီးတဲ့အခါ အား ဝေဖန်သုံးသပ်မှု 20 ရှိပါသည်။

  1. Elizabeth Lun Tin

    လွတ်လပ်သောစိတ်ဖြင့်ဆက်လျှောက်လှမ်းနေဘို့လိုသလိုကိုယ့်ဘဝအပိတ်မခံဘို့လိုတယ်..သိပ်ကောင်းတဲ့ Moti Book…Thank You*

  2. Sym

    AD ရဲ့စာအုပ်တစ်အုပ်ချင်းစီတိုင်းမှာ သုတရသတွေ မှတ်သားလိုက်နာစရာတွေနဲ့စိတ်ခွန်အားဖြစ်စေပါတယ် 😊
    After 20 လေးကလည်း ညီမရဲ့အကြိုက်ဆုံးစာအုပ်တစ်အုပ်ပါပဲ 🥰

  3. Htoo Pa Pa Aung

    After 20 ဖတ်ပြီး စိတ်ကိုပြန်ပြီးပြင်ဆင်နိုင်အောင်ကြိုးစားနေပါတယ်။ ကိုယ့်အတွက်ကိုစဉ်းစားဖို့မေ့နေခဲ့တာ အတော်ကြာပြီ
    ADရဲ့စာတွေက ကိုယ့်ကိုတိုက်ရိုက်ပြောနေသလိုခံစားရတယ်
    တန်ဖိုးရှိတဲ့စာ‌ပေအ‌တွက် ကျေးဇူးတင်ပါတယ်
    တကယ်ညီမအတွက်ခွန်အားလည်းဖြစ်ပါတယ်
    အခွင့်အရေးရခဲ့မယ်ဆို ဆရာADကို ရင်ဖွင့်ချင်ပါသေးတယ် ❤️✨

  4. Htet Htet Tin Zar (verified owner)

    🔲 “After 20” စာအုပ်လေးက ဆရာ AD ရဲ့ စတုတ္ထမြောက် စာအုပ်လေးပါ။ အဓိကကတော့ စာရေးသူက သူဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေ၊ ရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ မှားယွင်းခဲ့တဲ့ လုပ်ဆောင်ချက်တွေကို အမှုမဲ့အမှတ်မဲ့ မနေခဲ့ဘဲ ပြန်လည်ဆင်ခြင်ပြီး Lifestyle တစ်ခုမှာ ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ လုပ်ဆောင်ပြီး အကောင်းဆုံး နေထိုင်သွားသင့်တယ်ဆိုတာကို အတွေ့အကြုံတွေကို လက်ဆင့်ကမ်း ပြောပြသွားတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ ဒီအကြောင်းအရာတွေကို အပိုင်း (၄) ပိုင်းနဲ့ ခွဲခြားပြောပြထားပါတယ်။
    __________________________

    🔲 Part 1
    50 Things we should realize in our 20s
    အသက် ၂ဝ ကျော်မှာ ကျွန်တော်တို့ သိထားရမယ့် အရာ ၅ဝ

    ◼️ ဒီအပိုင်းမှာကတော့ တွေ့ကြုံခဲ့ရဖူးတဲ့ အကြောင်းအရာတွေကို Lifestyle tips တွေအနေနဲ့ ပြောပြထားတဲ့ အပိုင်းလေးပါ။
    ▪ အရာရာတိုင်းကို အတည်ကြီး မခံစားပါနဲ့။
    ▪ Right Time ရောက်ဖို့ ထိုင်ပြီးတော့ပဲ စောင့်မနေပါနဲ့။
    ▪ ဆိုးတဲ့နေ့ရက်တစ်ရက်ဟာ ဆိုးတဲ့ ဘဝကြီး မဟုတ်ဘူး။
    ▪ ဘဝကြီးက ဘာမှမရှိတော့သလို ခံစားလာရတဲ့အခါ ဒီနေ့တစ်ရက်တာအတွက်ပဲ ကြည့်ပါ။
    ▪ အရာရာတိုင်းကို ဆုပ်ကိုင်မထားပါနဲ့။
    ▪ ဘဝမှာ စွန့်လွှတ်သင့်တဲ့ အရာ (၃) ခု
    ▪ ရှောင်ရှားသင့်တဲ့ personality type (၅) မျိုး

    အစရှိတဲ့ အကြောင်းအရာ tips အခု (၅၀) ကို ဒီအပိုင်းမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    🔲 Part 2
    20s Life Stories of AD
    စာရေးသူ အေဒီ၏ အသက် ၂ဝ ကျော် ဘဝဇာတ်လမ်းအချို့

    ◼️ ဒီအပိုင်းကတော့ စာရေးသူကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို story ပုံစံ ပြန်ပြောပြထားတာလေးတွေက ဖတ်လို့လည်း ကောင်းသလို အတုယူစရာလည်း ကောင်းပါတယ်။ ဒီအပိုင်းမှာ story ဆယ်ပုဒ် ပါပါတယ်။

    ◼️ Story 8 ကို ဖတ်လိုက်ရတာ ရင်ထဲမှာ လှိုက်ပြီး ကြည်နူးခဲ့မိတယ်။ စာရေးသူနဲ့ delivery သမားလေးရဲ့ ကြည်နူးပျော်ရွှင်မှုကို စာဖတ်သူလည်း ကူးစက်ခံစားရရှိတယ်။ အဖြစ်အပျက်လေးကတော့ ဘာမှတော့ မဆန်းပါဘူး။ စာရေးသူက delivery နဲ့ ကတ်ကြေးကိုက် မှာစားတယ်။ ဒါပေမဲ့ တစ်နာရီကြာတဲ့အထိ လာမပို့ ဗိုက်ကလည်း ဆာနေတော့ ဒေါသဖြစ်တာပေါ့။ အဲဒီအချိန်မှာ delivery ကောင်လေးက ဖုန်းဆက်လာပြီး သူအက်ဆီးဒင့်ဖြစ်လို့ လာမပို့နိုင်ကြောင်း၊ မုန့်ဖိုးက ရှင်းထားပြီးသားမို့ လျော်ပေးပါမယ်အကြောင်း ပြောလာတော့ စာရေးသူရဲ့ ဗိုက်ဆာလို့ ထွက်တဲ့ ဒေါသလည်း ပျောက်သွားပြီး ကောင်လေးကို ပြန်ကူညီပေးခဲ့တာလေးပါ။

    တစ်ခါတလေမှာ ကိုယ်ကူညီပေးလိုက်ရတဲ့ အရာက ဘာမှမဟုတ်ပေမဲ့ တစ်ဖက်လူအပေါ်မှာတော့ သက်ရောက်မှု ကြီးမားသွားတတ်တာ၊ ဒါ့အပြင် ကိုယ့်ဘက်မှာ ဆာလောင်မှုကြောင့် ဒေါသဖြစ်နေရပေမဲ့ တစ်ဖက်မှာလည်း ကိုယ်မမြင်နိုင်တဲ့ ခက်ခဲတဲ့ အခြေအနေတွေ ကြုံနေရတာမျိုး ဖြစ်တတ်ကြောင်း ဒီ story လေးက ဖော်ပြနေပါတယ်။

    ◼️ “နင်ကတော့ ဘယ်ကိုယ်ချင်းစာမလဲ ငါ့လိုမှ မခံစားဖူးတာ” ဆိုတဲ့ စကားဟာ အမြဲတမ်း မှန်မနေဘူးဆိုတာကို story 9 မှာ ဖတ်ရပါတယ်။ အဖေဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်ခဲ့လို့ အမေနဲ့ သူကိုယ်တိုင် ဒုက္ခရောက်ခဲ့ရတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် နာကျင်ခဲ့ရသူက သူကိုယ်တိုင် အိမ်ထောင်ရေး ဖောက်ပြန်လာခဲ့တယ်။ ငါနာကျင်ခဲ့ရသလို ငါ့သားလေး နာကျင်မလား၊ ငါ့အမေ ပင်ပန်းသောကရောက်ခဲ့ရသလို ငါ့ဇနီး ပင်ပန်းသောကရောက်မလားဆိုပြီး ကိုယ်တိုင်ခံစားဖူးပေမဲ့လည်း ကိုယ်ချင်းမစာနာတတ်တဲ့ တချို့သော လူတွေရဲ့ သဘာဝကို ကွဲကွဲပြားပြား သိမြင်စေတဲ့ story လေးပါ။

    🔲 Part 3
    Recalling our Good Old Days
    ကောင်းမွန်သော အတိတ်နေ့ရက်များဆီ အောက်မေ့သတိရခြင်း

    ◼️ ဒီအပိုင်း ၃ ကတော့ ကိုယ့်ရဲ့ memory တွေကို recall ပြန်လုပ်ခိုင်းတဲ့ အပိုင်းလေးပဲ ဖြစ်ပါတယ်။ ဘာတွေကို recall ပြန်လုပ်ခိုင်းထားသလဲဆိုရင် ~

    ▪ Versions of a Decade (ဆယ်စုနှစ်အတွင်း ပြောင်းလဲခြင်းများ)
    ဆယ်နှစ်အတွင်းမှာ ကိုယ်ဘာတွေ တိုးတက်လာသလဲ၊ ပြောင်းလဲလာသလဲ။

    ▪ Positive Nostalgia (ပြုံးစရာပျော်စရာများအား လွမ်းဆွတ်ခြင်း)
    အတိတ်မှာ ကိုယ်လုပ်ခဲ့တဲ့ အရာတွေထဲက ကိုယ့်ကို ပျော်ရွှင်ကြည်နူးစေခဲ့တာတွေ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ၊ ကောင်းမွန်တဲ့ အဖြစ်အပျက်၊ အကြိုက်ဆုံး အရာဝတ္ထု

    စတာတွေကို recall ပြန်လုပ်ပြီး ချရေးနိုင်ဖို့လည်း စာမျက်နှာလွတ်လေးတွေ ထည့်ပေးထားပါတယ်။ ဆိုတော့ ပြန်ဖတ်ကြည့်မိတိုင်း ဆယ်နှစ်တာကာလကို reflect လုပ်မိပြီး အမှတ်တရတွေကို ပြန်ခံစားလို့ရနိုင်တဲ့ အပိုင်းပါပဲ။

    🔲 Part 4
    Life Lessons from the Cartoons
    ကာတွန်းလေးတွေဆီက ဘဝအတွက် သင်ခန်းစာများ

    ◼️ ဒီအပိုင်းကတော့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတွေထဲက ရတဲ့ သင်ခန်းစာလေးတွေ စုစည်းပေးထားတာပါ။

    ▪ Scooby-Doo (2002)
    လူတွေဟာ သရဲတစ္ဆေဆိုရင် အင်မတန်မှ ကြောက်ကြပါတယ်။ တကယ်တော့ လူ့ဘဝမှာ လူတွေကို ဘဝအဆုံးသတ်သွားစေတဲ့အထိ ဒုက္ခပေးတတ်တာဟာ လူတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လူတွေဟာ သရဲတစ္ဆေတွေထက်ကို ပိုကြောက်ဖို့ ကောင်းပါတယ်။

    ▪ Kung Fu Panda (2008)
    လူတစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ဟာ သူ့ရဲ့စွမ်းရည်တွေနဲ့ တိုက်ရိုက် အချိုးမကျပါဘူး။ အပြင်ပန်းမှာ ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ၊ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ အစွမ်းသတ္တိဟာ အတွင်းဘက်မှာသာ ကိန်းအောင်းပါတယ်။

    ▪ Coraline (2009)
    လူတစ်ယောက်က ကိုယ့်အပေါ် ကောင်းနေတယ်ဆိုတိုင်း သူ့ကို ချက်ချင်းကြီး ၁၀၀% မယုံကြည်လိုက်ပါနဲ့။ ကိုယ့်အတွက် စစ်မှန်တဲ့သူ ဟုတ် မဟုတ် ဆိုတာ သေချာသိရဖို့အတွက် အချိန်တစ်ခုတော့ လိုအပ်ပါတယ်။

    ▪ Winnie The Pooh (2011)
    လူအများစုဟာ နေ့စဉ် အလုပ်တွေ အများကြီးလုပ်ရင်း၊ အတွေးတွေ အများကြီး တွေးရင်း၊ ဘဝရဲ့ ပျော်ရွှင်မှုတွေကို မခံစားဖြစ်ကြပါဘူး။ တစ်ခါတရံ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ရင်း ကိုယ်နဲ့စိတ်ကို အနားပေးနိုင်မှသာ ဘဝရဲ့အပူတွေဟာ သက်သာမှာ ဖြစ်ပါတယ်။

    ▪ Inside Out (2015)
    ပျော်ရွှင်စေဖို့ဆိုပြီး မကောင်းတဲ့ ခံစားချက်တွေကို ရှောင်နေမယ်ဆိုရင် အမှန်တကယ် ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ခံစားချက်တွေကို ရှောင်မနေဘဲ ခံစားရတဲ့အတိုင်း အရင် လက်ခံဖို့ လိုပါတယ်။ ပြီးမှ စိတ်သက်သာအောင် ကြိုးစားရပါမယ်။

    ▪ Zootopia (2016)
    နူးညံ့သိမ်မွေ့တယ်လို့ ထင်ရတဲ့သူတိုင်းဟာ လူကောင်းတွေ မဟုတ်ကြသလို ကြမ်းတမ်းခက်ထန်တယ်လို့ ထင်ရတဲ့သူတိုင်းဟာ လူဆိုးတွေ မဟုတ်ကြပါဘူး။ လူတချို့မှာ ဟန်ဆောင်မျက်နှာဖုံးတွေ ရှိပါတယ်။ အပြင်ပန်းကို ကြည့်ပြီး အတွင်းစိတ်ရဲ့အလှကို ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့။

    ▪ Coco (2017)
    မိသားစုဆိုတာ အင်မတန် အဖိုးတန်ပါတယ်။ အကယ်၍ ကိုယ့်မှာ ကောင်းမွန်တဲ့ မိသားစုရှိတယ်ဆိုရင် အချိန်မလွန်ခင် သူတို့နဲ့ အတူရှိနေဖို့ ကြိုးစားပါ။ သူတို့အပေါ် အတ္တတွေ လျော့ချပါ။ ခွင့်လွှတ်ခြင်းတွေ အမြဲပေးအပ်ပါ။

    ▪ Luca (2021)
    ကိုယ်ချစ်ရတဲ့ သူကို သူ့ရဲ့အိပ်မက်တွေ၊ သူ့ရဲ့ဆန္ဒတွေ၊ သူ့ရဲ့ရည်မှန်းချက်တွေအတွက် ခဏလောက် လက်လွှတ်ခွဲခွာပေးရတာမျိုး ရှိပါတယ်။ တစ်နေ့ အချိန်တန်လို့ သူဟာ ကိုယ့်ဆီ ပြန်ရောက်လာပြီဆိုရင် ဒါဟာ ထာဝရအတွက် ဖြစ်ပါတယ်။

  5. သဲမာ

    After20စာအုပ်လေးနဲ့မှဆရာနဲ့စတင်မိတ်ဆက်ခွင့်ရခဲ့ပါတယ် တကယ်သဘောကျရတဲ့စာအုပ်လေးပေါ့ စာအုပ်လေးထဲမှာပါတဲ့အကြောင်းအရာလေးတွေက အသက်20ကျော်ပြီးရင်ပြောင်းလဲနေထိုင်သင့်တဲ့အကြောင်းအရာလေးတွေမို့ လူငယ်တွေအတွက် အဖိုးတန်ပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

AD စာအုပ်များ