AD- Author Collection (10%off + deli free)

( 0 မှတ်ချက်)

Original price was: 27000 (ကျပ်).Current price is: 24300 (ကျပ်).

ဆရာ AD ရဲ့ စာအုပ် (၄) အုပ်ကို Collection Package လေး စုစည်းထားပါတယ်။ Package ဝယ်ယူမယ်ဆိုရင် ၁၀% သက်သာမယ့်အပြင် ပို့ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

📙 Dear Me… ကိုယ်တိုင်ဖတ်ဖို့
Dear Me … ဆိုတဲ့အတိုင်း စာအုပ်လေးထဲမှာ ကိုယ့်ကိုယ်ကိုချစ်တတ်လာစေဖို့ self-love အကြောင်းတွေ အများစုပါဝင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်းတွေ မဖြစ်ရလေအောင်၊ စိတ်ဆိုးစိတ်ညစ်တွေနဲ့ ဘဝကို မဖြတ်သန်းရလေအောင် စာရေးသူက စာစုတိုလေးတွေ၊ ကမ္ဘာကျော် quotes တွေနဲ့ လိုတိုရှင်း ဖော်ပြပေးထားပါတယ်။

ပျော်ရွှင်စေဖို့၊ အေးချမ်းစေဖို့၊ အကြည်ဓာတ်လေးတွေနဲ့ ရှင်သန်နိုင်စေဖို့ ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ စာအုပ်လေးဖြစ်ပါတယ်။

📙 thank u Ex
လူငယ်တစ်ယောက်ရဲ့ အသည်းကွဲမှုကနေ စတင်ခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ်။ မိမိကိုယ်ကို ချစ်တတ်ဖို့၊ အသည်းကွဲခြင်းကို ကုသဖို့၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အရေးပါပုံ၊ ချစ်သူမလိုတဲ့ တစ်ကိုယ်တည်းဘဝ၊ ပေါင်းသင်းအပ်တဲ့လူတွေနဲ့ မပေါင်းသင်းအပ်တဲ့လူတွေအကြောင်း၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အားပေး အကြောင်းအရာတွေအပါအဝင် ဘဝအတွက်အသုံးဝင်မယ့် အချက်အလက်များစွာကို လိုတိုရှင်း ဝေမျှပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

📙 Seven Exes
“7 Exes” စာအုပ်လေးမှာတော့ စာရေးသူရဲ့ ရည်းစားဟောင်း ၇ ဦးအကြောင်းကို အခြေပြုပြီး ဘဝတစ်လျှောက်ရရှိခဲ့တဲ့ love experience တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

သင်ခန်းစာတွေ၊ အတွေ့အကြုံသဘော ဗဟုသုတတွေနဲ့ အချစ်နဲ့ပတ်သက်တဲ့ ရင့်ကျက်မှုတွေ အများကြီးရရှိစေမယ့် စာအုပ်လေးဖြစ်ပါတယ်။

ချစ်ခြင်းနဲ့ တစ်ခါမှ မထိတွေ့ဖူးသူ
ချစ်ခြင်းနဲ့ အခုမှ စတင်ထိတွေ့နေတဲ့သူ
ချစ်ခြင်းကြောင့် ပျော်ရွှင်နေတဲ့သူ
ချစ်ခြင်းကြောင့် နာကျင်နေတဲ့သူ
ချစ်ခြင်းနဲ့ မကင်းကြသူ အားလုံးအတွက် စာရေးသူရဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဖော်ရင်း ဖန်တီးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။

📙 After 20…အသက် ၂၀ ကျော်ပြီးတဲ့အခါ
ဒီစာအုပ်လေးဟာ စာရေးသူရဲ့ အသက်၂၀ အရွယ်မှာ ရရှိခဲ့တဲ့ ဘဝသင်ခန်းစာတွေကြောင့် အတွေးအခေါ် ၊ စိတ်နေစိတ်ထား ပြောင်းလဲမှုတွေအကြောင်းကို ဘဝရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရေးသားထားပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ်များအတွက် ဆိုပေမယ့်လည်း အသက် ၂၀ ကျော်သွားပြီး. .. လူလတ်ပိုင်းအရွယ်များပါ ဖတ်သင့်တဲ့ စာအုပ်လေးလည်းဖြစ်ပါတယ်။ ရင့်ကျက်တဲ့စိတ်နေစိတ်ထားတွေနဲ့ ဘ၀အတွေ့အကြုံတွေကို လူငယ်တစ်ယောက်ရဲ့ ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံတွေကနေ အကောင်းဆုံး သင်ခန်းစာယူနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်..

Dear Me… ကိုယ်တိုင်ဖတ်ဖို့

https://www.pannsattlann.com/product/dear-me/

thank u Ex

https://www.pannsattlann.com/product/thank-u-ex/

Seven Exes

https://www.pannsattlann.com/product/seven-exes/

After 20...အသက် ၂၀ ကျော်ပြီးတဲ့အခါ

https://www.pannsattlann.com/product/after-20/

27 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“AD- Author Collection (10%off + deli free)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

AD စာအုပ်များ