အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ
7000 (ကျပ်)
ဒီဝတ္ထု က ဆရာနွမ်ဂျာသိုင်း ရဲ့ ပထမဦးဆုံး ရေးသားခဲ့တဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ်။ ဝတ္ထုရှည်ချည်း သီသန့်ထုတ်ဝေခဲ့တာတော့ အခုအကြိမ်နဲ့ဆို ပဉ္စမအကြိမ် ရှိပါပြီ။ အင်္ဂလိပ်ဘာသာပြန်နဲ့ တွဲဖက်ထုတ်ဝေတာကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာကိုတော့ ဆရာပေါ်ထင်က ဘာသာပြန်ပေးထားပါတယ်။ ဒီ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာစာအုပ်ကို ပထမအကြိမ်အဖြစ် ၁၉၈၄ ခုနှစ် ဇွန်လမှာ ရွှေသမင်စာပေကနေ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် နှစ်ပေါင်း ၃၉ နှစ်ရှိပါပြီ။
ဒီဝတ္ထု က ရန်ကုန်တက္ကသိုလ်ကို နောက်ခံပြုထားတဲ့ အချစ်ဝတ္ထု တစ်ပုဒ်လို့ ဆိုရပါမယ်။ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုဖြစ်တဲ့ *အ* သုံးလုံး လုပ်အားပေးမှာ တတ်တတ်ကြွကြွ ပါဝင်ပေးတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးရဲ့အချစ်ခံစားမှုတွေကို အရေးသွက်သွက်နဲ့ ချစ်စရာကောင်းအောင် ရေးသားထားတဲ့ အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။
စာမျက်နှာ | 232 (မြန်မာ – အင်္ဂလိပ် နှစ်ဘာသာ) |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ကောင်းဆုသာစာပေ၊ 2023 ဇူလိုင်လ (ဒုတိယအကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ