အချစ်မြို့အဝင်

( 0 မှတ်ချက်)

5000 (ကျပ်)

1994-95 တုန်းက ခေတ်အနေအထား၊ စကားအသုံးအနှုန်း နှင့် ရန်ကုန်တက္ကသိုလ် စိန်ရတုအရွေ့မှာ ပြန်စီးမျောရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ရိုးရိုးလေးမှာ လိုက်ပါနေမိသည်။ သို့သော် အရိုးဆုံးသည် အဆန်းဆုံးဖြစ်နေတတ်သော လောကသဘာဝအရ အချစ်ဝတ္ထုတချို့မှာ ဗီလိန်မပါသောအခါ ဇာတ်ကို မျှားခေါ်ဖို့ခက်ခဲပါသည်။ သူကတော့ သူ့ဇာတ်ကောင်တွေ ဗီလိန်ဖြစ်မှာ အတော်ကြောက်ပုံရသည်။ ဘယ်အချိန်မှာ ဗီလိန်က ဘယ်သူလဲ၊ အတက်အကျဘယ်လိုရှိပါ့မလဲနှင့်ပင် ဖေ့ဘုတ်မှာဖတ်ရင်း နောက်နေ့စောင့်ဖတ်နေမိသည်။ သူက သူ့ဇာတ်ကောင်တွေကို အချစ်တွေနှင့် အသာအယာ မျှားခေါ်သွားခဲ့ရာ ဒီလိုလည်း တတ်သူပါလား။ သူပြောနေသည့် ခေတ်ကွာဟမှုတွေကိုလည်း ဖတ်ရင်းမေ့သွားပါသည်။ သက္ကရာဇ်တွေကိုလည်း မေ့သွားပါသည်။ ထိုစဉ်ကာလ ရန်ကုန်ရောက် နယ်တက္ကသိုလ်ကျောင်းသူတို့၏  ခေတ်လူငယ်စရိုက်  လှုပ်ရှားဖြတ်သန်းပုံနှင့် အိမ်လွမ်းစိတ္တဇတွေးလေးတွေပါ လွမ်းမိသွားသည်။ သူ့ဇာတ်ကောင်တွေ့ဖြစ်သည့် ရွှေရံနိုင်၊ ပျိုးခင်ဇော်၊ မင်းဘထင်တို့နှင့်အတူ သူတို့မြို့လေးအထိ လိုက်လည်နေမိသည်။

ဆရာမနှင်းဝေငြိမ်း ၏ အမှတ်တရစကားမှ ကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

265

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကောင်းကင်မေစာပေ 2022 ဇွန်လ (ပထမအကြိမ်)

9 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အချစ်မြို့အဝင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ယုဒါ စာအုပ်များ