အချိန်တစ်ခု၌ ရပ်တန့်နေခဲ့ကြသူများ

( 0 မှတ်ချက်)

5000 (ကျပ်)

လူတစ်ယောက်ရဲ့ မသိစိတ်မှာရှိတဲ့ စံနှုန်းတွေဟာ ထိုသူတွေရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်၊ အပြုအမူ၊ တစ်ခြားလူနဲ့ အရာတွေအပေါ်မှာ တုံ့ပြန်ဆက်ဆံတဲ့ပုံစံစတာတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ မသိစိတ်ဆိုတာ မမြင်နိုင်တဲ့ အတွင်းစိတ်လောကတစ်ခုဆိုပေမယ့် လူတွေရဲ့ ပြင်ပလောကကိုပါ လွှမ်းမိုးထိန်းချုပ်ထားနိုင်ပါတယ်။ မသိစိတ်ကို “Iceberg” နဲ့လည်း နှိုုင်းယှဉ်လေ့ရှိပါတယ်။ ရေခဲတောင်တစ်ခုလုံးက လူတွေရဲ့စိတ်ကို ကိုယ်စားပြုတယ်ဆိုရင် သိစိတ်ဆိုတာ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတောင်တစ်ခုလုံးရဲ့ ထိပ်ပိုင်း ၅% လောက်ပဲရှိတယ်လို့ ဆိုထားပါတယ်။ ကျန်တဲ့ ၉၅%လောက်က မသိစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
ယခုစာအုပ်ထဲတွင် မသိစိတ်မှာရှိတဲ့ ခံယူချက်တွေဟာ လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး၊ငွေကြေး၊ ဘ၀နေထိုင်မှုပုံစံစတာတွေကို ဘယ်လိုဂယက်ရိုက်စေခဲ့လဲ စတဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းတိုလေးအဖြစ်နဲ့ ရေးသားဖော်ပြထားပါတယ်။

စာမျက်နှာ

199

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

နိုင်နိုင်မိုးစာပေ၊ 2020 ဖေဖော်ဝါရီလ၊ (တ-အကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အချိန်တစ်ခု၌ ရပ်တန့်နေခဲ့ကြသူများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သက်တန့်(မေရီ) စာအုပ်များ