အသွင်ယူသတို့သမီး

( 0 မှတ်ချက်)

5500 (ကျပ်)

အသွင်ယူပြီး သတင်းလိုက်ရင်း ISIS ရဲ့ အဓိက အဖွဲ့ဝင် တစ်ယောက်နဲ့ အန္တရာယ်ကြီးစွာ ရင်းနှီးမိသွားတဲ့ ပြင်သစ် လူငယ်သတင်းထောက်တစ်ဦးရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်…ဖေ့စ်ဘုတ်ပေါ်မှာ အသက် ၂၀ အရွယ် အစ္စလာမ်ဘာသာကို ကူးပြောင်းထားပြီး တူလူဇ်မြို့မှာ အမေရယ်၊ အစ်မရယ်နဲ့ အတူနေနေတဲ့ မိန်းကလေးငယ်လေး မယ်လိုဒီဟာ ဆီးရီးယားနိုင်ငံ IS က ထိပ်ပိုင်း စစ်သွေးကြွ ပြင်သစ်နိုင်ငံဖွား ဘီလယ်လ်နဲ့ တွေ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ဘီလယ်လ်ဟာ မယ်လိုဒီကို ချစ်ကြိုက်သွားပြီး စကိုက်ပ်ကနေ အကြိမ်ကြိမ် ဗီဒီယိုကောခေါ်တယ်။ ဆီးရီးယားကို လိုက်လာပြီး သူနဲ့လက်ထပ်၊ ဂျီဟတ်လုပ်ဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ အမှန်မှာတော့ မယ်လိုဒီဆိုတာက ပဲရစ်အခြေစိုက် ဂျာနယ်လစ် အန်နာအီရယ်။ သူက IS အဖွဲ့ရဲ့ လူသစ်စုလမ်းကြောင်းတွေအကြောင်း ထောက်လှမ်းရေးသားနေတဲ့ အမျိုးသမီးသတင်းထောက်။ ဘီလယ်လ်ဆိုတာကလည်း တခြားလူမဟုတ်ဘဲ ISIS ရဲ့ ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘာဒါဒီရဲ့ ညာလက်ရုံးပဲ။ စုံစမ်းထောက်လှမ်းခြင်းရဲ့ ကျောချမ်းစရာ နောက်ဆုံးအဆင့်အနေနဲ့ မယ်လိုဒီဟာ အရှေ့အလယ်ပိုင်းကို သွားဖို့ အမ်စတာဒမ်ကို ထွက်လာတယ်။ ဒါပေမဲ့ စီစဉ်ထားသမျှဟာ အဆိုးတွေ ဖြစ်လာတယ်။လူငယ်တွေ အစွန်းရောက်လမ်းစဉ်ကို ဝင်ရောက်ဖို့ တွန်းအားပေးတဲ့ အချက်အလက်တွေကို စူးစမ်း ထောက်လှမ်းထားတဲ့ ဒီစာအုပ်ဟာ အစွန်းရောက်ဝါဒရဲ့ ဆွဲဆောင်မှုအကြောင်း နားလည်လာစေတဲ့ စိတ်လှုပ်ရှားဖွယ် စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

227

စာအုပ်အရွယ်အစား

5.4 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2022 ဩဂုတ်လ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အသွင်ယူသတို့သမီး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းသူအောင် စာအုပ်များ