အရှုံးသမားမဟုတ်သော လူ
4000 (ကျပ်)
လူငယ်တွေလေ့လာသင့်တဲ့ အတွေးအခေါ်၊ အမြင်၊ သဘောထား၊ အယူအဆ၊ အချစ်ရေးနှင့် တိုးတက်ကြီးပွားရေးဆိုင်ရာ အတွေးစာစုများကို စုစည်းဖော်ပြထားသော စာအုပ်ကလေး ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်ကလေး ဖတ်ရှုရမှာဖြစ်ပြီး အတွေးစာစုတိုင်းမှာ မှတ်သားစရာ၊ တွေးတောစရာတို့ ပါရှိနေကြပါတယ်။
‘လူဖြစ်မရှုံးစေနဲ့’
မိသားစုတစ်စုမှာ တစ်ယောက်တော့ ထူးချွန်စမြဲပါပဲ။ အကောင်းဘက် မဟုတ်ဘူးဆိုရင်တောင် အဆိုးဘက် တစ်ခုခုပေါ့။ အကောင်းဘက် ထူးချွန်ရင်တော့ ဂုဏ်ယူရမည်။ အဆိုးဘက် ကျော် ကြားရင်တော့ သိမ်ငယ်ရမယ်ပေါ့။ ‘လူမိုက် ကံကောင်း’ဆိုပေမဲ့ လူမိုက်တွေ လမ်းဆုံးသွားတာလည်း ရှိပါတယ်။ လူဆိုးလူမိုက်အဖြစ်တော့ မကျော်ကြားချင်ပါနဲ့။ ‘တစ်မိပေါက် တစ်ယောက်ထွန်း’၊ ‘မတစ်ထောင် တစ်ကောင်ပွား’၊ ‘တစ်သန်းမှာ တစ်ယောက်’ဖြစ်ဖို့ မလွယ်တဲ့ ထူးချွန်ထက်မြက်တဲ့လူဖြစ်ဖို့ နာမည်ကောင်းနဲ့ ကျော်ကြားသူဖြစ်အောင် ကြိုးစားရလိမ့်မည်။
စာမျက်နှာ | 112 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.2 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2022 ဩဂုတ်လ (ဒု-ကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ