ကြမ္မာမုန်တိုင်း – ၂

( 0 မှတ်ချက်)

8500 (ကျပ်)

ကြမ္မာမုန်တိုင်းဟာ ထူးခြားတဲ့ စာပေအမျိုးအစား ဖြစ်ပါတယ်။ ကလေးဖတ်၊ စိတ်ကူးယဉ်ဆန်းကြယ်၊ သရော်စာ၊ စွန့်စားခန်း၊ လျှို့ဝှက်သည်းဖိုတို့ ရောယှက်ပြီး ဇာတ်လမ်းဖွဲ့ထားတာပါ။ ထူးခြားတဲ့ အရေးအသားနဲ့ ပဟေဠိတွေ အများကြီး ဝှက်ထားတဲ့ ဇာတ်ကြောင်းကို ဖတ်ရင်း ဇာတ်လမ်းတစ်လျှောက် စာဖတ်သူကို ဖမ်းစားသွားပါလိမ့်မယ်။

မူရင်းစာအုပ်ရေးသူ လီမိုနီစနစ်ကတ်ဟာ သူကိုယ်တိုင် ကြမ္မာမုန်တိုင်းဇာတ်ကြောင်းကို ပြောပြနေတာပါ။ ဒီစီးရီးတွဲတွေကိုဖတ်ရင်း သူဟာ ဘော်ဒလဲယားမိသားစုနဲ့ တနည်းနည်း ပတ်သက်နေမှန်း စာဖတ်သူတွေက တဖြည်းဖြည်း ရိပ်မိလာမှာ ဖြစ်သလို စာအုပ်အစ dedication တွေမှာ ထည့်လေ့ရှိတဲ့ ဘီးထရစ်နဲ့ ပတ်သက်တဲ့ ဆွတ်ပျံ့ကြေကွဲဖွယ် အချစ်ဇာတ်လမ်းကို စာဖတ်သူတွေ သဘောပေါက်လာပါလိမ့်မယ်။ ဇာတ်လမ်းဟာ ရသပိုင်း အနေနဲ့ အင်မတန်မှ ကောင်းမွန်လွန်းပေမယ့် စိတ်မချမ်းမြေ့ဖွယ်၊ ပင်ပန်း ဆင်းရဲ ရက်စက်မှုတွေ များပြားလွန်းတာကြောင့် စာရေးဆရာဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဇာတ်လမ်းတွေကို ဖတ်ချင်ရင် ဒီစာအုပ်ကို မဖတ်ပါနဲ့၊ ကိုင်ထားမိရင်တောင် ချက်ချင်း ချလိုက်ပါလို့ တဖွဖွ ဆိုခဲ့တာပါ။

စာမျက်နှာ

472

စာအုပ်အရွယ်အစား

5.4 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2022 မေလ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကြမ္မာမုန်တိုင်း – ၂” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

လင်းခန့် စာအုပ်များ