အမှောင်ထုထဲက မြစ်တစ်စင်း
4000 (ကျပ်)
A River in Darkness စာအုပ်က နိုင်ငံရေးအကြောင်းရေးထားတဲ့ စာအုပ်ကြီးတော့ မဟုတ်ပါဘူး။ မာဆာဂျီအီရှီကာဝါဆိုတဲ့ ဂျပန်-ကိုရီးယား ကပြား လူတစ်ယောက်၊ ဂျပန်အမေနဲ့ ကိုရီးယားဖခင်ကနေ မွေးဖွားလာတယ်။ ဂျပန်မှာ နေကြတယ်။ ဒါပေမဲ့ အသက် ၁၃နှစ်အရွယ်လောက်မှ ဖခင်ဖြစ်သူက တစ်မိသားစုလုံးကို ခေါ်ပြီး မြောက်ကိုရီးယားနိုင်ငံဆီ ပြောင်းရွှေ့သွားတယ်။ အဲဒီကာလက ၁၉၆၀ ပြည့်နှစ် ဝန်းကျင်ကာလ။ ကိုရီးယားစစ်ပွဲကြီးက ၁၉၅၃ မှာ ပြီးဆုံးသွားတယ်ဆိုတော့ စစ်လွန်ကာလလို့ ပြောရမှာပေါ့။ အဲဒီအချိန်မှာ မြောက်ကိုရီးယားဟာ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ လိုနေပြီ။ ဒီတော့ စစ်အာဏာရှင် ကင်အီဆွန်းကြီးက နိုင်ငံခြားရောက်နေတဲ့ ကိုရီးယားနိုင်ငံသားတွေကို အလိမ်အညာမက်လုံးတွေနဲ့ ဆွဲဆောင်ပြီး ပြန်ခေါ်ပါတော့တယ်။
မာဆာဂျီရဲ့ အဖေလို လူမျိုးတွေကို အလိမ်အညာမက်လုံးတွေနဲ့ ပြန်ခေါ်တာပေါ့။ တကယ်တော့ အပီအပြင်ခိုင်းမလို့ပါ။ သူတို့ မက်လုံးတွေက ဘာတွေလဲဆိုတော့ “ကမ္ဘာပေါ်က နိဗ္ဗာန်ဘုံ” ဆီ ပြန်လာခဲ့ပါတဲ့။ ဒါ့အပြင် မြောက်ကိုရီးယားမှာ ပညာရေးလည်း အခမဲ့ သင်ကြားခွင့်ရမယ်တဲ့။ ကောင်းမွန်တဲ့ ဘဝတစ်ခုလည်း တည်ဆောက်ပေးမယ်တဲ့။ တကယ်တော့ မာဆာဂျီရဲ့ အဖေလို လူမျိုးတွေက မြောက်ကိုရီးယားနိုင်ငံသားတွေတော့ မဟုတ်ဘူးဗျ။ ဘာလို့လည်းဆိုတော့ မာဆာဂျီအဖေက ကိုရီးယား နှစ်ခြမ်း မကွဲခင်မှာ မွေးဖွားခဲ့သူတွေ ဖြစ်လို့ပါပဲ။ ဒါနဲ့ မာဆာဂျီရဲ့ အဖေကလည်း ကင်အီဆွန်းရဲ့ အလိမ်အညာတွေကို ယုံပြီး တစ်မိသားစုလုံးခေါ်ကာ မြောက်ကိုရီးယားကို ပြောင်းသွားကြပါလေရော…တကယ်တမ်း မြောက်ကိုရီးယားကို ရောက်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲ။ နိဗ္ဗာန်နဲ့ တစ်စက်မှ မတူပဲ ငရဲနဲ့သာ တူတဲ့နေရာတစ်ခု ဖြစ်နေခဲ့တယ်… (စာရေးသူ၏ ညွှန်းစာ ကောက်နှုတ်ချက်)
သမိုင်းနိုင်ငံရေးနောက်ခံ ကမ္ဘာကျော်၀တ္ထုတစ်အုပ်ဖြစ်တဲ့အတွက် လေးနက်တဲ့ရသစာပေကို ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းနောက်ခံများနှင့်အတူ ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။
စာမျက်နှာ | 273 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.4 × 8 inches |
ပုံနှိပ်မှတ်တမ်း | Alphabooks၊ 2020 ဇွန်လ၊ (ပ-ကြိမ်) |
Out of stock
Ma Aye Aye Aung –
အမှောင်ထုထဲက မြစ်တစ်စင်း
ဒီစာအူပ်လေးဖတ်ပြီး မာဆာဂျီအီရှီယာမ ဘဝကို
စာနာတတ်လာတယ် သူ့အစားသိပ်ကိုမွန်းကြပ်လွန်းတယ် သူ့ဘလေးကို သနားတယ့ အရမ်းလည်းလေးစားတယ် သူဟာဘယ်လောက်ပဲ အခက်အတေဖြစ်ခဲ့ဖစ်ခဲ့ စိတ်ဓာတ်မကျပဲ ဘဝကိုရုန်းကန်ခဲ့တယ် ဒီစာအုပ်လေးမာ ရသုးစုံကို
ခံစားဖတ်ရှူရလို့ အရမ်းကိုကြောက်ပါတယ်
Shinmin Thadar –
ဒီစာအုပ်လေးက စာဖတ်သူတွေကို စိတ်ခွန်အားပေးတဲ့ စာအုပ်လေးပါ။
ဘဝမှာ ဘယ်လောက်ပဲ လဲကျ ခဲ့ လဲကျခဲ့ ၊ အခက်အခဲတွေ ဘယ်လောက်များခဲ့ များခဲ့ ၊ အသက်ဆက် ရှင်သန်ချင်စိတ် မရှိတဲ့ အထိ လောကဓံဟာ ဘယ်လောက်ကြမ်းတမ်းပါစေ
အမှောင်ထုထဲက လွတ်မြောက်အောင် ကြိုးစား ရုန်းကန်ခဲ့တဲ့ မာဆာဂျီ ရဲ့ ဖြစ်ရပ်မှန် ဘဝ အပြင် မြောက်ကိုရီးယားမှာ နေထိုင်တဲ့ လူတန်းစားတွေ ရဲ့ ဖြစ်ရပ်မှန် အခြေအနေ တွေကို ပါ မြင်ယောင်မိအောင် ရေးထားတာကြောင့် လက်က မချချင်အောင် ဖတ်လို့ ကောင်းတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
Min Thi Ha –
တကယ်ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ နိုင်ငံရေးက နိုင်ငံသားတိုင်းအတွက်ဘယ်လောက်အရေးပါလဲဆိုတာသိရှိနားလည်နိုင်သလို မိမိဘဝကိုလည်းအရင်ကထက်ပိုချစ်လာမှာပါ။ သုတရသ နှစ်မျိုးစလုံးခံစားရရှိနိုင်တဲ့စာအုပ်တစ်အုပ်လို့ပြောပါရစေ
Aye Myint Moe –
ဖြတ်သန်းရတဲ့လူ့ဘ၀အချိန်တိုလေးအတွင်းမှာ လူတစ်ယောက်က
အသက်ရှင်ရက်နဲ့ အကြိမ်ကြိမ်သေဆုံးဘူးလား ၊ ဒါမှမဟုတ် အကြိမ်ကြိမ် မွေးဖွားခြင်းကို ရှာတွေ့ခဲ့ဖူးလား။
ငယ်စဥ်ထဲက မြောက်ကိုရီးယားကို ရောက်သွားခဲ့တဲ့ သူအကြောင်း။
ခြေချလိုက်ထဲက ငရဲခန်းကိုရောက်သွားခဲ့တဲ့အလား လူအများခံစားကြရတယ်။
ကိုယ်တိုင်ရွေးချယ်လိုက်မိတဲ့လမ်းမို့ ပြန်လှည့်ဖိုဆိုတာ လုံး၀မဖြစ်နိုင်ခဲ့တာကြောင့် မျက်ရည်ပင်လယ်ေ၀ခဲ့ကြရတဲ့ မိသားစုတွေ။
သကာရည်တွေဖုံးထားတဲ့စကားတွေကို ယုံကြည့်မိခဲ့တဲ့ မိသားစုတွေ။
မကြိုးစားပဲ ရှုံးခဲ့ရင် ကိုယ့်အပြစ် ၊ ကြိုစားပါရဲ့နဲ့ လက်လျှော့ခဲ့ရပြီး ကြီးမားတဲ့ အာဏာတွေအောက် လွှမ်းမိုးထားတဲ့ ဥပဒေသတွေအောက်
ဒူးထောက်ခဲ့ရတော့ ဘယ်သူ့အပြစ်တင်ရမလဲ။
တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုပေမယ့်
သေချင်တဲ့ ကျား တောပြောင်းဆိုတာက သူ့အတွက်များ ဖြစ်ခဲ့သလား။
တစ်မြေထဲနေတာတောင် မိဘ ၊ ဇနီးမယား ၊ သားသမီးတွေနဲ့
ရှင်ကွဲကွဲရတဲ့ဘ၀တစ်ခု ၊ ပျော်စရာဆိုတာ လက်ညိုးထိုးပြစရာတောင်
မရှိကြတဲ့ လူတစ်ချို့။
လူတစ်ယောက်က ဆင်းရဲ ဒုက္ခဆိုတာကို
ဘယ်လောက်ထိသတ်မှတ်ပြီး
ဘယ်အချိန်ထိ သည်းခံနိုင်မလဲ။
ဒါပေမယ့် သူခံစားရတဲ့ ဒုက္ခကတော့
သွေးတွေ ၊ ချွေးတွေ ၊ နားကျည်းစရာတွေ ၊
လွမ်းမောဖွယ်ရာတွေပဲဖြစ်ပါတယ်။
မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ
မိသားစုတွေကို ဆုံးရှုံးခဲ့တဲ့အခါ
သည်းခံနိုင်မှုတွေ ပယ်ပျောက်တဲ့အခါ
လွတ်မြောက်ရာကို ရှာဖွေကြတယ်။
စိတ်ထဲမှာသူ့အစားမွန်းကြပ်လာသလိုခံစားရတယ်..
တစ်ကယ်လို့ကိုယ်သာ သူ့နေရာဆိုရင်ကော
အခုလိုအားတင်းနိုင်ပါ့မလားဆိုတဲ့စိတ်လေး၀င်လာမိတယ်။
မိသားစုကို ကယ်တင်ဖို့ အသက်စွန့်ပြီး ထွက်ခွာခဲ့သူတစ်ယောက်
သူ့ရဲ့ မိသားစုကို ပြန်ခေါ်နိုင်မလားဆိုတာကတော့….
အမိန့်တွေ ၊ ကြောက်ရွံ့မှုတွေကြား ရင်းနှီးရင်းနှီးခဲ့တော့ ကိုယ့်နိုင်ငံရောက်လို့လွှတ်မြောက်လာတာတောင် စိတ်အေးလက်အေး မပျော်နိုင်တဲ့ဘ၀
မြောက်ကိုရီးယားရဲ့ အုပ်ချုပ်ပုံတွေအကြောင်းကိုရေးသားထားတဲ့ စာအုပ်။
ကိုယ့်အမြင်ပဲရေးထားတာမို့ အမှားပါရင် တောင်းပန်ပါတယ်။
#မိုးရှင်း ( I.M.T)
Phone Myint Moe –
ဖတ်လို အရမ်းကောင်းပါတယ်