အဖြူကိုမည်သူအနက်ဆိုးသနည်း

( 0 မှတ်ချက်)

4500 (ကျပ်)

ဝတ္ထုတို ၁၁ပုဒ်ပါပါသည်။ ဝတ္ထုတိုအားလုံးသည်(မပြုပြင်ခင်က) သရက်ထောင်အတွေ့အကြုံနှင့်ဆိုင်ပါသည်။ ပတ်ဝန်းကျင်ကြောင့်၊ အိမ်တွင်းရေး အဆင်မပြေမှုကြောင့် ကလေးထောင်ကျရသည်တွင် အကြောင်းရင်းကိုလည်းရှာ၊ သူတို့၏ အကျင့်စာရိတ္တကောင်းမွန်ရေးအတွက်လည်း စာရေးဆရာက ဦးတည်ပေးသော အင်္ဂါရပ်များပါပါသည်။ ဖတ်ချင်စဖွယ်လည်း ဖြစ်သည်။

(၁၉၇၅-၇၆ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏မှတ်ချက်မှ…)

စာရှုရိုးရိုးတို့အတွက် ကရုဏာရသအပြည့်ပါ၏ ပြုပြင်နိုင်သူတို့အတွက် မီးမောင်းထိုးပြချက်များပါ၏။ မိဘနှင့် လူကြီးများအတွက် ကိုယ်ချင်းစာနာချက်များပါ၏။ ဤဝတ္ထုများသည် လူငယ်ပြဿနာတိုင်းအတွက် ကရုဏာကို နှိုးဆွပေးသော မီးရှူးများဖြစ်သည်။

(စာကြေးမုံ- ကြီးမောင် (၃.၄.၇၆ ကြေးမုံ))

သနားဖွယ်၊ ကြေကွဲဖွယ်၊ ကရုဏာဒေါသဖြစ်ဖွယ်၊ ရင်နင့်ဖွယ်ရာများအဖြစ် ဤစာအုပ်တွင် ဖတ်ရှုကြရလိမ့်မယ်။ မိမိတို့၏ ရင်သွေးကလေးများနှင့် စာနာထောက်ထားမှု စိတ်ဓာတ်တဖွားဖွားဖြစ်ပေါ်လာစေလျက် လူငယ်ပြုပြင်ရေးတွင် ပါဝင်လာစေမည့် လူငယ်ပြုပြင်ရေး၌ အထောက်အပံ့ကြီးစွာရရှိစေမည့် တွန်းအားပေးစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

(ဟာရိတ (၁၉.၄.၇၆ မြန်မာ့အလင်း)

စာမျက်နှာ

240

စာအုပ်အရွယ်အစား

5.2 x 0.5 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2020 နိုဝင်ဘာလ(ဆဋ္ဌမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အဖြူကိုမည်သူအနက်ဆိုးသနည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းကျော် စာအုပ်များ