သားအတွက်ဖတ်တဲ့စာ

( 1 မှတ်ချက်)

2000 (ကျပ်)

သားနှစ်ယောက်မိခင် စာရေးဆရာမ ဧမြတ်ခင်က ခေတ်သစ်မေမေတစ်ယောက်ရဲ့ သားတွေကို ဆုံးမတဲ့ စိတ်ဝင်စားဖွယ်နည်းလမ်းတစ်ခု၊ လောကကြီးကို စူးစမ်းချင်ကြတဲ့ သားနှစ်ယောက်က စာအုပ်ထဲကအကြောင်းအရာတွေကို တိုက်ဆိုင်ပြောပြဆုံးမရင် ပိုသဘောကျတဲ့အတွက် ဖတ်သမျှစာတွေကို နေရာတကျ အသုံးပြုသွားပုံ၊  စိတ်ဝင်စားဖွယ် မတူတဲ့ရသတွေနဲ့ သားတွေကို နားဝင်အောင် ပြောပြရတဲ့ ခေတ်သစ်မိခင်တစ်ယောက်ရဲ့ စေတနာစကားတွေ၊ ပြောသမျှမယုံတတ်ဘဲ အကျိုးသင့်အကြောင်းသင့်မှ လက်ခံနားထောင်တတ်တဲ့ လူငယ်တွေရဲ့ စိတ်သဘောထားတွေအကြောင်း လက်တွေ့ကျကျရေးသားထားခြင်း ဖြစ်ပါသည်။
စာအုပ်တစ်အုပ်ထဲက စာတွေအဖြစ်သာ မြင်ရဖတ်ရမှာ မဟုတ်တော့ဘဲ သားနှစ်ယောက်ရဲ့ ထူးခြားဆန်းပြားတဲ့အမေးစကားတွေ၊ စူးစမ်းမှုတွေကို ဖတ်သမျှစာအုပ်တွေထဲက သိမှတ်စရာတွေနဲ့ နှိုင်းယှဉ်ဆုံးမသွားတဲ့ စကားဝိုင်းတစ်ခုအဖြစ် တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်ရှုရမှာ ဖြစ်ပါသည်။
(13) ပုဒ်ပါရှိပြီး တစ်ပုဒ်နဲ့တစ်ပုဒ် မတူတဲ့အကြောင်းအရာတွေနဲ့ လူငယ်တွေနဲ့ မိဘ ဆရာတွေကြား နားလည်မှု ပိုတိုးစေဖို့ ရေးဖွဲ့ထားပါသည်။  စာရေးဆရာမ ဧမြတ်ခင်ကိုယ်တိုင် တကယ်ဖတ် တကယ်ကြိုက်ခဲ့တဲ့ စာကောင်းပေမွန်တွေက ကိုယ့်အတွက်အကျိုးရှိယုံမျှမက သားတွေအတွက်၊ တဆင့်ပြန်လည်ဖတ်ရတဲ့ စာဖတ်သူတွေအတွက် အကျိုးရှိအောင် တင်ပြပုံလှပစွာနဲ့ ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
သားသမီးရှိသော မိဘတိုင်း၊ တပည့်ရှိသော ဆရာတိုင်း၏ စာအုပ်စင်မှာ မဖြစ်မနေထားသင့်ပြီး သိသင့်သည်များကို တစ်အုပ်ဖတ်ယုံဖြင့် သိချင်ကြသော သားတို့သမီးတို့အတွက် ရည်ရွယ်ရေးသားထားပါသည်။

စာမျက်နှာ

109

စာအုပ်အရွယ်အစား

5.2 × 0.2 ×7.5 inches

ပုံနှိပ်မှတ်တမ်း

အာရှအလင်းစာပေ၊ 2021 ဇန်နဝါရီလ၊ (ပ-ကြိမ်)

သားအတွက်ဖတ်တဲ့စာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Nay Thu

    ပြည်သူ့နီတိနဲ့ အဆက်အသွယ်ပြတ်နေပြီး အချိန်ပြည့် screen time ကသာ နေရာယူကြီးစိုးနေသည့် ယခုခေတ် ကလေးတွေကို ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက ပျောက်ကွယ်မသွားရအောင် ဒီစာအုပ်လေးဖတ်ပြီတာနဲ့ မိမိရဲ့ ရင်သွေးရတနာလေးများကို စာအုပ်ထဲက အကြောင်းအရာတွေနဲ့ face to face ပျော်ရွှင်စွာ တိုက်ဆိုင် ဆုံးမလို့ရတဲ့အတွက် သားသမီးရှိသည့် မိခင်၊ ဖခင်များ မဖြစ်မနေ ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
    ဆရာမ ဧမြတ်ခင်နဲ့ ပန်းဆက်လမ်းစာပေတို့ ဒီထက်မက အောင်မြင်ပါစေ။ *****

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဧမြတ်ခင် စာအုပ်များ