အကျင့်ပြင်နည်းအထာ

( 1 မှတ်ချက်)

6000 (ကျပ်)

1. နေ့စဉ် ၁% ပိုကောင်းလာစေမယ့် စနစ်တစ်ခုကို တည်ဆောက်နည်း
2. သင့်ရဲ့အကျင့်ဆိုးတွေကို ချိုးဖျက်နည်း၊ အကျင့်ကောင်းတွေ စွဲမြဲအောင်လုပ်နည်း
3. အလေ့အကျင့်တွေကို ပြောင်းလဲတဲ့အခါ လူအများစုလုပ်လေ့ရှိတဲ့အမှားတွေကိုရှောင်နည်း
4. မော်တီဗေးရှင်းနဲ့စိတ်စွမ်းအားမရှိခြင်းကို ကျော်လွှားနည်း
5. ပိုကောင်းတဲ့ကိုယ်ပိုင်အရည်အသွေးကို တိုးတက်စေပြီး မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်နည်း
6. မအားမလပ်အလုပ်များနေရင်တောင်မှအလေ့အကျင့်အသစ်တွေအတွက် အချိန်ပေးနည်း
7. အောင်မြင်မှုကို ပိုမိုလွယ်ကူစေဖို့ သင့်ရဲ့ပတ်ဝန်းကျင်ကို ဒီဇိုင်းဆွဲနည်း
8. ကြီးမားတဲ့ရလဒ်များကိုဖြစ်စေတဲ့ သေးငယ်ပြီး လွယ်ကူတဲ့ပြောင်းလဲမှုများကို ပြုလုပ်နည်း
9. ဘ၀ရဲ့အနာဂတ်လမ်းကြောင်းကနေ သွေဖယ်သွားတဲ့အခါ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင်လုပ်နည်း
10. အထက်ပါနည်းလမ်းတွေကို တကယ့်ဘ၀မှာ ဘက်တွေ့အကောင်အထည်ဖော်နည်း
စတဲ့ လက်တွေ့ကျတဲ့ နည်းလမ်း(၁၀)ခုကို ယခုစာအုပ်ထဲတွင် ဖော်ပြထားပါတယ်။

စာရေးသူမှလည်း စာအုပ်နှင့်ပတ်သက်၍ ဤသို့ မှတ်ချက်ပြုထားပါတယ်။

ဆိုရှယ်မီဒီယာမှာ အကောင်းဆုံးအရာတွေကို  အပြိုင်အဆိုင်တင်နေကြတဲ့ အခြားသူတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ပြီး စိတ်ဓာတ်ကျနေတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်နေတဲ့သူတွေ၊ ပြောင်းလဲဖို့ ဘယ်ကစလုပ်ရမှန်းမသိ ဖြစ်နေတဲ့လူတွေအတွက် ဒီစာအုပ်က အကျိုးရှိစေပါလိမ့်မယ်။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာတွေပဲဖြစ်ပါစေ ဒီစာအုပ်ဟာ တိုးတက်မှု၊ အောင်မြင်မှုတို့နဲ့ ပတ်သက်ပြီး သင့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းတွေကို ပြန်လည်ပုံဖော်ပေးပါလိမ့်မယ်။ သင့်ရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ လိုအပ်တဲ့လက်နက်ကိရိယာများနဲ့ နည်းလမ်းများကို ပေးပါလိမ့်မယ်။ ပြောရရင်တော့ စာအုပ်ထဲက အချက်အလက်တွေ၊ နည်းလမ်းတွေကို ဘဝရဲ့ နယ်ပယ်တော်တော်များများမှာ အသုံးပြုလို့ရတာကြောင့် လူကြီးလူငယ် အရွယ်မရွေး အကျိုးရှိစေမှာပါ

စာမျက်နှာ

331

စာအုပ်အရွယ်အစား

6.0× 0.6 ×8.7 inches

ပုံနှိပ်မှတ်တမ်း

Fortune Publishing House 2022 ဇွန်လ (ဒု-ကြိမ်)

21 in stock (can be backordered)

အကျင့်ပြင်နည်းအထာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မောင်ဖြိုးဝေအောင်

    အကျင့်ပြင်တယ်ဆိုတာကလေးတစ်ဦးရဲ့စွဲမြဲနေတဲ့အလေ့အကျင့်ကိုပျင်ရမာဆိုတော့အချိန်ပေးမှုလိုမယ်လို့ထင်ပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ကျော်ဇောသာ စာအုပ်များ