မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
4000 (ကျပ်)
ဆရာမြစ်ကျိုးအင်း၏ မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ ဝတ္ထုတိုစုကို ဖတ်ဖြစ်သည်။ ဝတ္ထုတို ၁၆ ပုဒ်ပါဝင်ပါတယ်။ အခုစာအုပ်လေးမှာ ဆရာ့ရဲ့ လက်ရာတွေကို တစ်စုတစ်စည်းတည်း ဖတ်ခွင့်ရသည်။ ဝတ္ထုတိုသည် ဝတ္ထုရှည် မဟုတ်သဖြင့်လည်း အသေးစိတ် အနုတစိတ်ရေးဖွဲ့ရန်မရှိ။ အကွက်ကျကျစီစဉ်ပြင်ဆင်ထားသည့် ဝတ္ထုရှည်နှင့် ခြားနားသည်။
ဆရာ့၏ ဝတ္ထုတိုအချို့ကို ဖတ်ဖြစ်သည့်အခါ စာရေးသူ၏ စိတ်ခံစားမှုကို ဖျိုးဖျိုးဖျပ်ဖျပ် မြင်ရတတ်သည်။ နောက်ထပ်မြင်တွေ့ရသည့်အချက်က ဝတ္ထုတိုစုဆိုသော်ငြား အက်ဆေးနှင့်တူနေတာတွေလည်း ပါသည်။
ဝတ္ထုတိုတွင် ချုံခြင်းနှစ်ရပ်ရှိတတ်သည်။ ဘာသာစကားချုံရခြင်းနှင့် ခံစားမှုချုံရခြင်းတို့ဖြစ်သည်။ ဆရာ့ဝတ္ထုတိုတွေက သည်အထဲက ရုန်းထွက်ခြင်နေပုံရသည်။ သည့်အတွက် လောကအမူအရာ၊ ဘဝအမူအရာတို့ဖြင့် ရက်ယှယ်ထားသော ဆရာ့လက်ရာ လုံးချင်းရှည်ကြီးများကိုလည်း မျှော်လင့်နေမိသည်…..
စာမျက်နှာ | 172 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မဟာစာပေ၊ တတိယအကြိမ်၊ ဇွန်လ ၂၀၂၁ |
Out of stock
Moon Luck –
#မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ
“၂၀၁၈ ခုနှစ် အမျိူးသားစာပေဆု ဝတ္ထုတိုဆုရစာအုပ်”
တိမ်းညွတ်ချင်ဖွယ်ရာတွေ များပြားလှတဲ့ ၂၁ ရာစုထဲက လူသားတစ်ယောက်အနေနင့် ပေါက်ကွဲလုမတတ် ခံစားချက်တွေပြည့်နက်ပီး ဦးနှောက်ကြည်ဆေးလည်းသုံး အနားယူရင်း အားယူမယ်လို့ စဥ်းစားတယ်ဆိုရင် အခုစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါလို့ ဝေမျှပါရစေ။
ဒီစာအုပ်လေးထဲမှာဖြင့် ခေါင်းစဉ် ၁၆ ခုဖြင့် လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းလေးတွေကို ရသဝတ္ထုတိုအဖြစ် ဖန်တီးပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖတ်ကြည့်သူရင်ထဲ ငြိသွားရလောက်အောင်ကို ခေါင်းစဥ်လေးတွေကလည်း လှသလို သရုပ်ဖော်ပေးထားတဲ့ ပန်းချီလေးတွေကလည်း နှလုံးသားထဲထိကို ထိသွားနိုင်စွမ်းရှိတယ်လို့ ခံစားရပါတယ်။
စာအုပ်လေးထဲမှာ ရွေးချယ်ထားတဲ့ အကြောင်းအရာ ဆေးစက်လေးတွေကတော့ စာအုပ်ကိုရေးတဲ့ အမှာစာဆိုပေမယ့်
အရေးသားတွေ ပြောင်မြောက်လွန်းတဲ့
*၁။ဆရာနေဝင်းမြင့်အမှာစာ
ကျောချထားတဲ့တစ်နေရာ ပျက်သွားတာခြင်းကိုနာမည်ပေးလိုက်တဲ့
*၂။ကမ္ဘာပျက်ခြင်း
ဖခင်တစ်ယောက်ရဲ့ မိသားစုစားဝတ် နေရေးအတွက် ရှာဖွေရတဲ့
*၃။ မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
တိုင်းတစ်ပါးမြေမှာ မြိုသိပ်ထားရတဲ့ စိတ်တွေကို အမိမြေရောက်မှ စိတ်ရှိလက်ရှိ ဖွင့်ချလိုက်တဲ့ လူငယ်လေးရဲ့
*၄။အငုံ့စိတ်
နှလုံးသား အစွန်းနှစ်ဖက်ကနေ ချည်ထားခဲ့တဲ့
*၅။သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး
ခိုလှုံရာရင်ခွင်အိမ် လွဲခဲ့ရတဲ့ လူကလေးရဲ့
*၆။ရင်လွဲအိမ်
တလေတခါ တကယ့်တန်ဖိုးရှိတဲ့အရာတွေက အမှောင်ထဲမှာ ပျောက်ကွယ်နေရတဲ့
*၇။အကြွေပန်းက မှောင်ရိပ်ထဲ
မရပ်မနား ပျံသန်းလာခဲ့၍ အတောင်ပံများ ညောင်းလွန်းလှပီလို့ တင်စားထားတဲ့ ချစ်တဲ့သူဆီပြေးလာခဲ့ရတဲ့
*၈။အပြန်
အတ္တတွေ ရှေ့တန်းတင်ထားလို့ တစ်ဖက်သားရဲ့ခံစားချက်ကို မျက်ကွယ်ပြုသလို ဖြစ်ရတဲ့
*၉။မလက်နိုင်တဲ့ကြွေ မခုန်နိုင်တဲ့ကြက်
မိခင်အတွက် သားကဆင်ပေးတဲ့
*၁၀။အမေ့စိန်နားကပ်
အမြတ်နိုးဆုံး ချစ်သူ့လက်ဆောင်
*၁၁။တစ်ခါတစ်ရံ နာကျင်ခြင်းက ချိူမြိန်တယ်
အိုကံကောင်းဖို့အရေး ထုတ်သုံးလိုက်ရတဲ့ ဘကြီးမြစ်ရဲ့ဉာဏ်စွမ်း
*၁၂။ဉာဏ်များတဲ့ဘကြီးမြစ်
ရည်ရွယ်ထာားတဲ့လမ်းဟာ တလေတစ်ခါ အရိပ်အယောင်လေးသာ ဖြစ်တည်ကျန်ရစ်တတ်တဲ့
*၁၃။ ပုံရိပ်ယောင်လမ်း
တစ်ယောက်နဲ့တစ်ယောက် စရိုက်တွေ မတူတဲ့အချိန် နေသင့်တဲ့အနေထားက
*၁၄။ကိုယ့်တရားနဲ့ကိုယ်
လျှပ်စစ်မီးကို ပေါ့ပေါ့ဆဆ မသုံးစွဲသင့်ဘူးဆိုတဲ့ မက်ဆေ.
*၁၅။တစ်ကားပေါင်းမိုးအလင်း
ရနံ့မဲ့ပန်းအတုကို ရနံ့စစ်စစ်ရှိသည့်ပန်းတစ်ပွင့်က ငေးမောအားကျနေသည်ဟု မြင်မိတယ်ဆိုတဲ့
*၁၆။ပန်းတစ်ပွင့်ရဲ့ရနံ့စစ်စစ်
ဘဝတစ်ကွေ့မှာ ဆုံဆည်းမိကြတဲ့ မိသားစုနေထိုင်ရာအရပ်
*၁၇။နှလုံးသားရှိတဲ့အရပ်
ဘဝဇာတ်ခုံအဖုံဖုံကို မြင်တွေ့မှာဖြစ်သလို စာရေးသူရဲ့ ကျစ်လစ်တဲ့အရေးသားတွေကိုလည်း မြင်တွေ့ရမှာပါ။ အစားအစာအပြင် ခန္ဓာကိုယ်အတွက် အားဆေးသောက်ပေးရသလိုမျိူး စာဖတ်သူအတွက် အားဆေးနဲ့တူသောစာအုပ်လေးပါ။ အခွင့်သာခဲ့လျှင် ဖတ်ကြည့်စမ်းပါလို့ မျှဝေပေးပါရစေရှင့်။
Moe Thandar Tun –
စာဖတ်သူက —
ဇတ်လမ်းအဆုံးမှာ
ဟာ ! ကနဲ
ဟင်! ကနဲ့
အော်ဒီလိုပါလား!
ဟယ် ! သနားပါတယ်
ဆိုတာမျိုးမှဖတ်ချင်တဲ့သူမျိုးလား??
ဒါဆို ဆရာ မြစ်ကျိုးအင်း ရဲ့
💗မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ 💗
စာအုပ်လေးကိုသာ ဖတ်ကြည့်ဖို့ညွှန်းပေးပါရစေ
📖ဝတ္တုတို ၁၆ပုဒ် ပါပါတယ်
၁။ ကမ္ဘာပျက်ခြင်း
တကယ်ပဲ ကမ္ဘာပျက်နေတဲ့အကြောင်းရေးတာထင်ပီး ဖတ်လိုက်တာ နောက်ဆုံးကျမှ အဝတ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေရဲ့အကြောင်းကို ခံစားသက်ဝင်ပြီးရေးထားလို့ တကယ်ကိုသဘောကျမိပါတယ်
နောက် ၁ပုဒ်ဆို ကျွန်မ ရင်လွဲအိမ် ကိုကြိုက်ပါတယ်
မျှော်လင့်ချက်များစွာနဲ့ အလုပ်တွေလုပ်ပြီး အိမ်ပြန်လာတဲ့လမ်းမှာ တဒိတ်ဒိတ်ရင်တွေခုန်ရင်း ကြည်နူးနေတဲ့ သား တစ်ယောက်ရဲ့ ခံစားချက်အသေးစိတ်လေးကို ဖော်ပြပီးမှ
မိခင်ရဲ့ အမျှဝေသံကြောင့် ဟိုးကမ္ဘာအပြင်ဘက်အထိဝေးလွင့်သွားရတဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ဇတ်သိမ်း လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရတာလေးကတစ်မျိုးနဲ့
အမျိုးမျိုးသော ရသပေါင်းစုံ ကို တွေးလေ ခံစားသက်ဝင်မိလေ ဖြစ်ရတာမို့ တကယ်ကောင်းတဲ့ စာအုပ် တစ်အုပ်ပါလို့ စာဖတ်သူတွေကို ညွှန်းပေးပါရစေ 📖📚📚💖💗💞
Moe Thandar Tun –
စာဖတ်သူက —
ဇတ်လမ်းအဆုံးမှာ
ဟာ ! ကနဲ
ဟင်! ကနဲ့
အော်ဒီလိုပါလား!
ဟယ် ! သနားပါတယ်
ဆိုတာမျိုးမှဖတ်ချင်တဲ့သူမျိုးလား??
ဒါဆို ဆရာ မြစ်ကျိုးအင်း ရဲ့
💗မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ 💗
စာအုပ်လေးကိုသာ ဖတ်ကြည့်ဖို့ညွှန်းပေးပါရစေ
📖ဝတ္တုတို ၁၆ပုဒ် ပါပါတယ်
၁။ ကမ္ဘာပျက်ခြင်း
တကယ်ပဲ ကမ္ဘာပျက်နေတဲ့အကြောင်းရေးတာထင်ပီး ဖတ်လိုက်တာ နောက်ဆုံးကျမှ အဝတ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေရဲ့အကြောင်းကို ခံစားသက်ဝင်ပြီးရေးထားလို့ တကယ်ကိုသဘောကျမိပါတယ်
နောက် ၁ပုဒ်ဆို ကျွန်မ ရင်လွဲအိမ် ကိုကြိုက်ပါတယ်
မျှော်လင့်ချက်များစွာနဲ့ အလုပ်တွေလုပ်ပြီး အိမ်ပြန်လာတဲ့လမ်းမှာ တဒိတ်ဒိတ်ရင်တွေခုန်ရင်း ကြည်နူးနေတဲ့ သား တစ်ယောက်ရဲ့ ခံစားချက်အသေးစိတ်လေးကို ဖော်ပြပီးမှ
မိခင်ရဲ့ အမျှဝေသံကြောင့် ဟိုးကမ္ဘာအပြင်ဘက်အထိဝေးလွင့်သွားရတဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ဇတ်သိမ်း လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရတာလေးကတစ်မျိုးနဲ့
အမျိုးမျိုးသော ရသပေါင်းစုံ ကို တွေးလေ ခံစားသက်ဝင်မိလေ ဖြစ်ရတာမို့ တကယ်ကောင်းတဲ့ စာအုပ် တစ်အုပ်ပါလို့ စာဖတ်သူတွေကို ညွှန်းပေးပါရစေ 📖📚📚💖💗💞