အိမ်ထောင့်သုခ
4500 (ကျပ်)
အိမ်ထောင်ရေးဆိုတာ မတူညီသော လူနှစ်ဦး ပေါင်းဆုံပြီး အကောက်အကွေ့ ၊ အလှည့်အပြောင်းတွေများသော လမ်းကို လျှောက်လှမ်းရတဲ့ ခရီးလမ်းကြမ်း တစ်ခုဖြစ်တယ် .. တချို့လူတွေက အိမ်ထောင်ကျပြီးမှ ပိုပျော်ရွှင်စရာကောင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်သွားကြသလို တချို့လူတွေကျတော့လည်း အရှင်လတ်လတ်ငရဲကျနေရသလို နေ့စဉ်ရက်ဆက် ပူလောင်နေရတဲ့ ဘ၀တွေကိုလည်း ပိုင်ဆိုင်သွားကြရပြန်တယ် .. ဒီထဲက အမျိုးသမီးကတော့ နှစ်ကာလများစွာ အမျိုးသားဖြစ်သူနဲ့ပျော်ရွှင်စွာပေါင်းဖက်ပြီးမှ တစ်နေ့ကျ သူမ လုံး၀ မထင်ထားတဲ့ ဖြစ်ရပ်တချို့ကို သူမ အမျိုးသားက လုပ်ဆောင်ခဲ့တာကို မြင်သိလိုက်ရတယ် .. အမျိုးသမီးတစ်ယောက်အဖို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ ဖြစ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေလိုက်ရတဲ့အခါ သူမရဲ့ အမျိုးသားကို သူမ ဘယ်လိုရင်ဆိုင်ခဲ့လဲ ဆိုတဲ့ ဇာတ်လမ်းလေးကတော့ စိတ်၀င်စားဖို့ ကောင်းပါတယ် .. ဒီစာအုပ်က အိမ်ထောင့်သုခလို့ အမည်ပေးထားပေမယ့် ပျော်ရွှင်စရာကောင်းတဲ့ သုခနိဗ္ဗာန်ဘုံလေးအကြောင်း ရေးထားတဲ့ ဇာတ်လမ်းမျိူး မဟုတ်ဘဲ ကြောက်ရွံထိတ်လန့်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေပါ၀င်တဲ့အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းတဲ့သူတွေ မဖတ်သင့်ပါဘူး ဆိုတာကို ကြိုတင်အသိပေးထားပါရစေ ..
စာမျက်နှာ | 136 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 ဒီဇင်ဘာလ ၊ (ပထမအကြိမ်) |
107 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ