နှလုံးသားနက်နက်မှာ ပွင့်တဲ့ပန်း

( 4 မှတ်ချက်)

2000 (ကျပ်)

” ပန်းတိုင်းက မွှေးချင်မှ မွှေးမယ်၊ အရောင်မှိန်တာလည်းရှိနိုင်တယ်၊ လူတွေမနှစ်သက်တဲ့ အနံ့ရှိတဲ့ပန်းလည်းရှိနိုင်တယ်။ အဲ့ဒီလိုပဲ ဒီစာအုပ်ထဲမှာ ရေးထားတဲ့ စာတစ်ပုဒ်တိုင်းကလည်း စာဖတ်သူတွေကို ကျေနပ်မှုပေးနိုင်ချင်မှ ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ပန်းကလေးတွေလို စာဖတ်သူရဲ့ ရင်ကို နူးညံ့၊ နွေးထွေး၊ကြည်နူးနိုင်စေမှာပါ။ ခွန်အားရစေနိုင်မှာပါ။ ” ဟု အမှာစာလေးတွင်ဆိုထားပါတယ်။

ပန်းပွင့်လေးတွေ၊သစ်ပင်ပန်းမန်လေးတွေပေါ် အခြေတည်ပြီး ရရှိခဲ့တဲ့ အတွေးအမြင်များနှင့် ပန်းကလေးများအပေါ် အမြင်များကို ပြန်လည်ဝေမျှထားတဲ့ စိတ်ခွန်အားဖြည့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

စာမျက်နှာ

198

စာအုပ်အရွယ်အစား

5 x 0.5 x 7.2 inches

ပုံနှိပ်မှတ်တမ်း

SYNERGY Publications စာပေ၊ 2020 ဧပြီလ၊ (ပ-ကြိမ်)

13 in stock

နှလုံးသားနက်နက်မှာ ပွင့်တဲ့ပန်း အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Ko Aung Paing Min

    စိတ်ခွန်အားဖြည့်ဖို့…ပေါ့ပေါ့ပါးပါလေးနဲ့…အဆင်ပြေတဲ့တခုပါပဲ…ကျေးဇူးပါ…?

  2. Nan chit chit moe aye

    မိန်းကလေးတိုင်း ပန်းချစ်ကြတယ်။ ပန်းချစ်တဲ့ မိန်းကလေးတစ်ယောက် ပန်းအကြောင်းဘယ်လောက်သိလဲ၊ ပန်းနဲ့ပက်သက်လို့ စူးစမ်းဖူးလား။ ပန်းချစ်တဲ့ကျွန်မတောင် ဒီစာအုပ်ဖတ်ပြီးမှ ပန်းအကြောင်းတွေ ငါမသိသေးပါလားဆိုတာ သိခဲ့ရတယ်။

    ပန်းတွေက ကြည့်သူမရှိလဲ အစွမ်းကုန်ပွင့်လန်းကြတယ်။ ပန်းပွင့်ခါနီး ပွင့်ဖက်အသံကို နားထောင်ဖူးလား

    ပန်းချစ်သူတွေ ဖတ်သင့်တဲ့ စာအုပ်ဖြစ်သလို ပန်းမကြိုက်ဘူးဆိုတဲ့ သူတွေရော ဖတ်သင့်ပါတယ်။ ပန်းကိုချစ်တဲ့သူတွေ ပိုပိုချစ်သလို မချစ်တဲ့သူတွေပါ ချစ်သွားစေရပါမယ်။

  3. May Yoon

    ပန်းပွင့်တွေလိုပဲရှင်သန်ရတဲ့ခဏမှာာစွမ်းကုန်ကြိုးစားပြီးလှပသွားဖို့ ဒီစာအုပ်လေးကနေ သင်ခန်းစာတွေအများကြီးရခဲ့ပါတယ်

  4. Esther

    တစ်ကယ်ကောင်းတဲ့စာအုပ်လေးပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

နိုင်းနိုင်းစနေ စာအုပ်များ