မြောင့်မူပိုင်ရှင်
4000 (ကျပ်)
တကယ်တော့ ဇာတ်လမ်းက ရိုးရိုးလေးပဲ။ဘဝမှာဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်ချင်တဲ့ လူတစ်ယောက် (သူကကြောင်တော့ တအားချစ်တတ်တယ်) ၊ သူ့ မယားကြီးရယ် ၊ မယားငယ်ရယ် ၊ ကြောင်တစ်ကောင်ရယ်။ဒီလူ မယားငယ်ယူတော့ မယားကြီးက အိမ်ပေါ်က ဆင်းသွားရတယ်။ဆင်းသွားရတဲ့ မယားကြီးက ကျန်ခဲ့တဲ့ ကြောင်ကိုတောင်းတယ်။ဘာလို့တောင်းတာလဲ? ဖတ်လာရင်းမှ ဇာတ်လမ်းဟာ ထင်သလောက် မရိုးရှင်းဘူးဆိုတာ တွေ့လာရတယ်။ထူးခြားတဲ့ လူမှုရေးနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့လာရတယ်။ ဘာဖြစ်မလဲလို့ သိချင်စိတ်နဲ့ တစ်မျက်နှာပြီး တစ်မျက်နှာ ဆက်ကာဆက်ကာ လှန်ဖတ်မိသွားစေမယ့် စာအုပ်မျိုးပဲ။ တာနီဇာကီဟာ နေမတိတိုင်မသာဖြစ်မှုကို နှစ်လိုဖွယ်ဖြစ်အောင် ကတ်သီးကတ်သတ်ရေးနိုင်တဲ့ဟန် ရှိတယ်လို့ စာရေးဆရာ ဒေးဗစ်မစ်ချဲလ်က မှတ်ချက်ချဖူးတယ်။
စာမျက်နှာ | 128 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ