


စတုတ္ထစက်မှုတော်လှန်ရေး၏စိန်ခေါ်မှုများ
8000 (ကျပ်)
Amazon.com တွင် အရောင်းရဆုံးစာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။ ဤစာအုပ် မူရင်းရေးသူမှာ World Executive Forum ၏ ကနဦး ထူထောင်သူနှင့် ဥက္ကဌဖြစ်သူ Klaus Schwab ဖြစ်ပါသည်။ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့နေထိုင်ပုံ၊ အလုပ်လုပ်ကိုင်ပုံ၊ တစ်ယောက် နဲ့တစ်ယောက် ဆက်ဆံပုံနည်းလမ်းတွေကို အခြေခံကစပြီး ပြောင်းလဲပေးနေတဲ့ တော်လှန်ရေးကြီးတစ်ခုရဲ့ အစပိုင်းမှာရောက်နေပါသည်။ ဒီတော်လှန်ရေးကြီးရဲ့ အတိုင်းအတာအကျယ်အဝန်းနဲ့ ရှုပ်ထွေးမှုတွေအရ စတုတ္ထစက်မှုတော်လှန်ရေး၏စိန်ခေါ်မှုများ ဖြစ်မယ်လို့ ကျွန်တော်ယူဆတဲ့ အဲဒီအရာဟာ အရင်တုန်းကလူသားတွေ ကြုံခဲ့ဖူးတဲ့ ဘယ်အရာနဲ့မှ မတူပါ။ ဒီစာအုပ်ကိုရေးတဲ့ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က စတုတ္ထစက်မှုတော်လှန်ရေးဟာ ဘာလဲ၊ စတုတ္ထစက်မှုတော်လှန်ရေးက ဘာကိုယူဆောင်လာမလဲ၊ စတုတ္ထ စက်မှုတော်လှန်ရေးက ကျွန်တော်တို့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ၊ အားလုံးအတွက်ကောင်းအောင် ဒီစတုတ္ထစက်မှုတော်လှန်ရေးကို ထိန်းချုပ်အသုံးချဖို့ ဘာတွေကို ကျွန်တော်တို့ လုပ်နိုင်မလဲဆိုတဲ့ စတုတ္ထစက်မှုတော်လှန်ရေးနဲ့ ပတ်သက် တဲ့ ပထမဆုံးဖတ်စာကိုပေးဖို့ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ် အပေါ်မှာ စိတ်ဝင်စားမှုရှိပြီး ကမ္ဘာကြီးကို နေချင်စရာပိုကောင်းတဲ့ နေရာတစ်ခုဖြစ် အောင်လုပ်ဖို့ ဒီတော်လှန် ပြောင်းလဲမှုကြီးရဲ့ အခွင့်အလမ်းတွေကို အသုံးချဖို့ စိတ် ပိုင်းဖြတ်ထားတဲ့ လူတွေအားလုံးအတွက် ရည်ရွယ်ပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးအပေါ် ခြုံငုံသုံးသပ်ချက်၊ ပြောင်းလဲသွားတဲ့ အဓိက နည်းပညာ တွေ၊ တော်လှန်ရေးရဲ့ အကျိုးသက်ရောက်မှုနဲ့ တော်လှန်ရေးက ဖြစ်ပေါ်စေတဲ့ မူဝါဒပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ချို့ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ကြည့်မှုတွေကို ရေးသားထားပါတယ်။ ဒီမဟာပြောင်းလဲမှုကြီးရဲ့ စွမ်းအားကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလိုက်လျောညီထွေပြောင်းလဲမယ်၊ ဘယ်လိုပုံစံသွင်းမယ်၊ ဘယ်လိုထိန်းချုပ်အသုံးချမယ်ဆိုတာနဲ့ပတ်သက်တဲ့ လက်တွေ့ကျတဲ့စိတ်ကူး ယူဆချက်တွေနဲ့ ဖြေရှင်းချက်တွေကို ဤစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဝင်ငွေနိမ့်ကျတဲ့နိုင်ငံတွေအတွက် စိန်ခေါ်နေတဲ့အနာဂတ်ဖြစ်နိုင်ခြေတစ်ခုကတော့ စတုတ္ထစက်မှု တော်လှန်ရေးကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်ပစ္စည်းထုတ်လုပ်မှုတွေ ဖွံ့ဖြိုးပြီး စီးပွားရေးတွေဆီကို ပြန်ရွှေ့ပြောင်းသွားတာ သိသိသာသာဖြစ်လာမလားဆိုတာပဲဖြစ်ပါတယ်။ စရိတ်သက်သာတဲ့ အလုပ်သမားတွေရရှိနိုင်မှုက ကုမ္ပဏီတွေရဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိမှုကိုတွန်းအားမပေးတော့ရင် အဲဒါဟာအလွန်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကုန်ကျစရိတ်အားသာမှုအပေါ်မှာ အခြေခံပြီး ကမ္ဘာ့စီးပွားရေးကိုအလုပ်အကျွေးပြုနေတဲ့ အားကောင်းတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍတွေကို ဖော်ထုတ်ပေးနိုင်တဲ့စွမ်းရည်ဟာ အလွန်အသုံးများခဲ့တဲ့ဖွံ့ဖြိုးမှုလမ်းကြောင်းတစ်ခုဖြစ်ပြီး နိုင်ငံတွေကိုမတည်ရင်းနှီးငွေစုဆောင်းနိုင်အောင်၊ နည်းပညာတွေလွှဲပြောင်းပေးနိုင်အောင်နဲ့ ဝင်ငွေတွေကို မြှင့်တင်နိုင်အောင် လုပ်ပေးနေပါတယ်။ ဒီလမ်းကြောင်းပိတ်သွားခဲ့ရင် နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ စက်မှုလုပ်ငန်းတည်ထောင်တဲ့ပုံစံတွေနဲ့မဟာဗျူဟာတွေကို ပြန်ပြီး စဉ်းစားရပါလိမ့်မယ်။
စတုတ္ထစက်မှုတော်လှန်ရေးရဲ့ အခွင့်အလမ်းတွေကို ဖွံ့ဖြိုးဆဲစီးပွားရေးတွေက ကောင်းကောင်း အသုံးချနိုင်သလား၊ ဘယ်လိုအသုံးချနိုင်သလဲဆိုတာဟာ ကမ္ဘာကြီးအတွက် ကြီးကျယ် နက်နဲတဲ့ အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ လိုအပ်တဲ့မဟာဗျူဟာတွေကို နားလည်ဖို့၊ ဖော်ထုတ်ဖို့နဲ့ လိုက်လျောညီထွေပြင်ဆင်ဖို့အတွက် နောက်ထပ်သုတေသနနဲ့ တွေးခေါ်မှုတွေကို မဖြစ်မနေ လုပ်ဖို့လိုအပ်ပါတယ်…။
စာမျက်နှာ | 195 |
---|---|
စာအုပ်အရွယ်အစား | 6 x 9 inches |
ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2022 မတ်လ (ပထမအကြိမ်) |
2 in stock
ဇော်ဝင်းကြူ(ပျဉ်းမနား) စာအုပ်များ
-
ဇော်ဝင်းကြူ(ပျဉ်းမနား)
ဗုဒ္ဓဦးနှောက်
4500 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
သတိပဋ္ဌာန်ဦးနှောက်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
သင့်စိတ်၏ အံ့ဖွယ်စွမ်းအားများ
2500 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
မျက်လှည့်
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
ဟားဗတ်ကသင်မပေးသောစီးပွားရေးပညာ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲနည်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
သင်၏အချိန်ကိုစီမံခန့်ခွဲပါ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
စတုတ္ထစက်မှုတော်လှန်ရေး၏စိန်ခေါ်မှုများ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များ၏ ပထမခြေလှမ်းများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
အသေးစားစီးပွားရေးလုပ်ငန်းအတွက်သေနင်္ဂဗျူဟာ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
အရေးအကြီးဆုံးစီမံခန့်ခွဲမှုဆိုင်ရာ မေးခွန်းများ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
အချိန်မီစေ့စပ်သေချာမန်နေဂျာ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
အင်တာဗျူးလျှို့ဝှက်ချက်များ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
ထိပ်တန်းသို့အံ့မခန်းလှမ်းတက်ခဲ့သူ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
ခွေးတစ်ကောင်၏အမြင်နှင့် အခြားရင်ခုန်ဖွယ်ဖြစ်ရပ်များ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဇော်ဝင်းကြူ(ပျဉ်းမနား)
ခေတ်သစ်ရဲမက်တစ်ယောက်၏လမ်းစဉ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ