3PL Warehousing
15000 (ကျပ်)
ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုကို တစ်ဆင့်မြှင့်ဖို့ လိုအပ်နေတဲ့သူများအတွက် Warehouse Management & 3PL Warehousing 2021 မှာ Warehouse သမားတွေနှင့် Logistics, Supply Chain ဆောင်ရွက်နေသူတွေအတွက် ပရိသတ်အားပေးမှုကောင်းတဲ့ Warehouse Management စာအုပ်လေးထွက်ရှိခဲ့ပါတယ်။ Warehouse Management စာအုပ်လေးဟာ Warehousing အပိုင်းကို အခြေခံကနေ နားလည်တတ်ကျွမ်းတဲ့အထိ လမ်းညွှန်ပေးနိုင်မည့် စာအုပ်လည်းဖြစ်ပါတယ်။ ယခု စာအုပ်ဖြစ်တဲ့ 3PL Warehousing စာအုပ်ရဲ့ မတူညီတဲ့ သဘောသဘာဝတွေနှင့် ပေါင်းဖက်လေ့လာလိုက်ရင် Warehouse သဘောတရားတွေ ပြည့်စုံသွားမှာပါ။ ဒီစာအုပ် နှစ်အုပ်ဟာ ကော်ဖီမှုန့်နှင့် ကော်ဖီမိတ် တွဲသောက်ရသလို တစ်ခုနှင့်တစ်ခုဖြည့်ဆည်းပေးကြပြီး ပြီးပြည့်စုံတဲ့ ကော်ဖီတစ်ခွက် ဖြစ်စေသလိုပါပဲ။ Logistics ကဏ္ဍမှာ အလုပ်လုပ်ကိုင်နေသူများ ၊ Warehousing ကုန်ပစ္စည်းသိုလှောင်ရုံလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် လုပ်ငန်းခွင်သဘောတရားများကို အခြေခံမှစ၍ အဆင့်မြင့်မြင့်အထိ လေ့လာနိုင်စေရန် လမ်းညွှန်ပေးထားတဲ့ စာအုပ်များ ဖြစ်ပါတယ်။ စာရေးသူ Zarni(synergy) သည် လက်ရှိလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေသူဖြစ်ပြီး ဒီစာအုပ်ကလည်း စာတွေ့၊ လက်တွေ့ ပေါင်းစပ် လမ်းညွှန်ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို တစ်ဆင့်မြှင့်ဖို့ လိုအပ်နေတဲ့သူများအတွက် ဖတ်သင့်တဲ့စာအုပ်ကောင်းလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုပါရစေ။
စာမျက်နှာ | 218 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2023 မတ်လ (ပထမအကြိမ်) |
8 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ