သတိ ၁၀၀

( 1 မှတ်ချက်)

8500 (ကျပ်)

နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေက ထပ်ခါထပ်ခါ
ပြုလုပ်နေတယ်ဆိုပေမယ့် ဒါတွေကို သတိနဲ့
စောင့်ကြည့်တဲ့အခါ ပျင်းစရာမကောင်းတော့
ဘူး …

သတိမရှိလို့သာ အကြိမ်တိုင်းက အတူတူပဲလို့
ထင်ရပေမယ့် သတိနဲ့ကြည့်လိုက်တော့အရာရာ
ဟာ ဆန်းသစ်နေတယ်။ မတူကွဲပြားနေတယ်။
အသစ်အသစ်သောအတွေးတွေ၊ စိတ်ကူးတွေ၊
ခံစားချက်တွေ၊ တွေ့ထိမှုတွေဆိုတာကို သိလာ
ရတယ် …

အဲဒီ့အခါမှာ ဘ၀ကြီးက ငြီးငွေ့စရာမကောင်း
တော့ဘူး။ ဆန်းကြယ်လာတယ်။ ပျော်ရွှင်စရာ
ကောင်းလာတယ်…
♥ ———— ♥

🎯 စိတ်အေးချမ်းမှုရှိတဲ့ ဘ​​ဝတစ်ခုတည်ဆောက်နိုင်ဖို့ သတိတရားကို အခြေခံတဲ့ အလေ့အကျင့်တွေကို မွေးမြူဖို့ ဒီစာအုပ်လေးက စာဖတ်သူအတွက် အထောက်အကူကောင်းတစ်ခု သေချာပေါက် ဖြစ်စေပါလိမ့်မယ်…

◽ ​ပတ်ဝန်းကျင်လောကကြီးရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေက လူတွေကို စိတ်ဖိစီးမှုတွေကို ဖြစ်စေပါတယ်။ အဲဒီလို အကြောင်းအရာတွေကိုဖြစ်စေတဲ့ အရင်းအမြစ်တွေက နေရာတိုင်းမှာရှိနေပြီး မငြိမ်မသက်မှုတွေကို ဖြစ်စေပါတယ်။

◽ ​ထေရဝါဒကမ္မဋ္ဌာန်းနည်းမှာရော ဇင်ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းနည်းတွေမှာပါ ကျွမ်းကျင်တဲ့ ကမ္မဋ္ဌာနစရိယတစ်ဦးဖြစ်တဲ့ ကိုရီးယားနိုင်ငံဖွား ဘိက္ခုနီ အနုလရဲ့ ’သတိ ၁ဝဝ’စာအုပ်ဟာ မျက်မှောက်ခေတ်အနေအထားနဲ့ ကိုက်ညီပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာသတိပြုမိအောင် သင်ကြားပေးထားပါတယ်။ စိတ်နဲ့ရုပ်ရဲ့ ပေါင်းစပ်ဆောင်ရွက်မှုကနေ ဘယ်လိုကျန်းမာ၊ ချမ်းသာနိုင်သလဲဆိုတာကို အခြေခံကျကျ ရှင်းပြပေးထားပါတယ်။

◽ ​ဒီစာအုပ်က ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားသွားလာမှုတွေကို သတိရှိစေမဲ့ အခြေခံသင်ခန်းစာတွေကို သင်ကြားပေးပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမဲ့ စာအုပ်မျိုးပါ။ တစ်အုပ်လုံး ရောင်စုံသရုပ်ဖော်ပုံတွေနဲ့ ပုံဖော်ထားပြီး နေ့စဉ်ဘဝမှာလုပ်ဆောင်နေတဲ့ လှုပ်ရှားသွားလာမှုတွေမှာ သတိရှိစေပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကိုဖြစ်စေရုံမကစာဖတ်သူရဲ့ ကိုယ်ပိုင်ဘဝကိုပါ တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။
♥ ———— ♥

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5× 0.2 × 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2024 မတ်လ (ပထမအကြိမ်)

13 in stock

သတိ ၁၀၀ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ~~~ သတိ ၁၀၀ ~~~

    “အကြောင်းတရားတွေကို စောင့်ကြည့်နေရင်း အရာအားလုံးဟာ ဖြစ်ပေါ်ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားတာကို အလိုအလျောက် နားလည်နိုင်လာပါမယ်။

    ပျောက်ကွယ်သွားတဲ့ လက်ခုပ်တီးသံကို
    ပြန်ဖမ်းဆုပ်လို့ မရနိုင်သလို မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ရဲ့ ဦးတည်ရာကိုလည်း
    ရှာမတွေ့နိုင်တော့ပါ။

    အခုချိန်မှာ ရှိတယ်၊ ပိုင်ဆိုင်ထားတယ်လို့ ထင်ရပေမယ့် အခုပဲ မရှိတော့မယ့် အရာတွေကို မျှော်လင့်ချက် မထားတော့ဘဲ
    ပယ်ခွာ စွန့်လွှတ်နိုင်စေဖို့ ဒီနေရာကနေ သင်ယူနိုင်ပါတယ်။

    လက်လွှတ်လိုက်နိုင်လေ အဲ့ဒီအခိုက်အတန့်မှာ လွတ်မြောက်လာလေပါ။”

    “သတိ ၁၀၀” ဆိုတဲ့ ဒီစာအုပ်လေးဟာ ပုံမှန် ဖတ်နေကျ စာအုပ်မျိုးနဲ့ မတူဘဲ
    လက်တွေ့ကျကျ လိုက်နာလုပ်ဆောင်ရန်
    ရည်ရွယ် ထုတ်ဝေထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

    ကျွန်မ လက်ထဲ ဒီစာအုပ်လေး ရောက်တဲ့နေ့ကတည်းက ဖတ်လို့ပြီးခဲ့ပါတယ်။

    လက်တွေ့ လေ့ကျင့်ရမယ့် စာအုပ်လေးဖြစ်တာမို့ လေ့ကျင့်မပြီးခင်နဲ့ လေ့ကျင်နေစဥ်အတွင်း ဘာတွေ ကွာခြားမှုရှိသလဲ
    ဆိုတာကို သိချင်လို့ အချိန်ယူပြီး ကျွန်မ Self-Practice လုပ်ကြည့်ဖြစ်ပါတယ်။

    “ပစ္စုပ္ပန်မှာ နေပါ” ဆိုတဲ့ စကားလေး
    တစ်ခွန်းဟာ တွေးထင်ထားတာထက် အများကြီး နက်နဲပါလားဆိုတာကို လက်တွေ့ ခံစားမိစေပါတယ်။

    ရက်အနည်းငယ် လေ့ကျင့်ကြည့်တဲ့အခါမှာ…

    ◇လက်ရှိ လုပ်နေတဲ့အလုပ်ကို ပိုပြီး အာရုံစိုက်လာနိုင်တယ်။

    ◇တစ်ဆင့်ချင်း စိတ်က သိနေ၊နှုတ်က ရေရွတ်နေလေတော့ စိတ်ပျံ့လွင့်ခြင်းကိုလည်း လျော့စေပါတယ်။

    ◇စိတ်က တစ်နေရာ၊ လူကတစ်နေရာ ဖြစ်တတ်တဲ့ ကျွန်မအတွက်တော့ စလေ့ကျင့်ခါစက ခပ်နှေးနှေးလေး သွားရတာကို ခံစားသိနေပေမယ့် ဖြည်းဖြည်းချင်း စိတ်ငြိမ်လာတာကို သတိထားမိလာပါတယ်။

    သတိတရားဟာ ထားနေရင်း ကြားကနေ လွတ်ထွက်သွားတယ်၊ ပျောက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သတိထားကြည့်မယ်ဆိုရင် စိတ်နဲ့ခန္ဓာအတွက် အချိတ်အဆက်မိစေတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်တာ တွေ့ရပါတယ်။

    ဒီစာအုပ်လေးဟာ လူမျိုး၊ဘာသာမရွေး လက်တွေ့လေ့ကျင့်လို့ရမယ့် စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။

    ဒီစာအုပ်ထဲက လေ့ကျင့်ခန်းတော်တော်များများကလည်း နေ့စဥ်လုပ်ငန်းဆောင်တာ နိစ္စဓူဝ ကိစ္စများစွာကို အခြေခံထားတာမို့ လက်တွေ့မှာပါ အကျိုးများစေမယ့် စာအုပ်လေးပါပဲ။

    ဖတ်ပြီးသွားတဲ့အခါ တွယ်တာမှုတွေ၊သောကတွေကိုပါ အထိုက်အလျောက် လျော့ကျစေ၊ လျှော့ချသွားစေနိုင်မယ့် စာအုပ်လေး တစ်အုပ်ဖြစ်ကြောင်း ထပ်ဆောင်း ပြောချင်ပါတယ်။

    စာအုပ်အတွင်းမှာ ရောင်စုံပန်းချီပုံလေးတွေပါတာကလည်း စာချည်းသက်သက် ဖတ်ရတာထက် ပိုပြီး စိတ်ဝင်စားစရာ
    ကောင်းပါတယ်။

    မူရင်း ရေးသားသူ ကိုရီးယား ဘိက္ခုနီ
    “အနုလ” နဲ့ ဘာသာပြန်ဆိုသူ Thismoment Zone တစ်ခုလုံးကို
    ကျေးဇူးအထူးတင်ရှိပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Thismoment Zone စာအုပ်များ