စိတ်ချမ်းသာနည်း ၁၀၀
6000 (ကျပ်)
“ဘယ်အရာကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်စေမယ့် ဒီ ၁၀၀ သော လေ့ကျင့်ခန်းတွေနဲ့ သင့်ရဲ့ဘဝကို တည်ငြိမ်အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းတွေ ဆောင်ကြဥ်းလိုက်ပါ။ ရှုပ်ထွေးပွေလီလှတဲ့ နေ့စဥ်ဘဝကြီးမှာ စိတ်အေးအေးထားဖို့ဆိုတာ အမြဲတမ်း မလွယ်ကူလှပါဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ သင်ထောက်ကူတွေရှိရင်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားခြင်းဆိုတဲ့ စွမ်းရည်ကို သင်ယူရာမှာ လူတိုင်းက ဆရာတစ်ဆူ ဖြစ်လာနိုင်ပါတယ်။
ရောက်ရာအရပ်မှာ ရပ်လိုက်ပါ။ တစ်မိနစ်ပဲ။
ပုခုံးတွေကို ဖြေလျော့လိုက်၊ ခေါင်းနဲ့ကျောကုန်းကို လှုပ်ခါလိုက်ပါအုံး။ ခွေးလေးတစ်ကောင် ရေခါသလိုမျိုးပေါ့။ မင်းဦးနှောက်ကို ခိုင်းစေနေတဲ့အသံကို ပြောလိုက်…ငြိမ်ငြိမ်လေးနေပေးပါလို့”
ဒီ စိတ်ချမ်းသာနည်း ၁၀၀ ဆိုတဲ့စာအုပ်လေးကို ဘယ်သွားသွားဆောင်ထားပြီး… စိတ်ဖိစီးမှုကြောင့် အသက်ရှုကြပ်လာတဲ့အခါ၊ မောပန်းသလိုဖြစ်လာတဲ့အခါတိုင်း ကြိုက်ရာစာမျက်နှာကို ဖွင့်ကြည့်လိုက်ပါ။ သင့်စိတ်ဖိစီးမှုကို ပြေလျော့စေမည့် နည်းလမ်းတစ်ခုကို သင်တွေ့ရမှာပါ။
ဒီစာအုပ်ထဲမှာပါတဲ့ နည်းလမ်းတိုင်းဟာ အိမ်မှာပဲဖြစ်ဖြစ် ၊ အလုပ်မှာပဲဖြစ်ဖြစ် လုပ်ရလွယ်တဲ့ အချိန်ခဏပဲပေးရတဲ့နည်းတွေပါ။ ဒီနည်းတွေကို အတွင်းအပြင်အဆင် လှလှလေးတွေနဲ့ ချစ်စဖွယ်စာအုပ်လေးဖြစ်အောင် ပြင်ဆင်ထားတာကြောင့် စာဖတ်သူတွေကို သေချာပေါက် စိတ်ချမ်းသာစေမယ့် စာအုပ်လေးပါ။
စာမျက်နှာ | 136 (Hard cover) |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 7.6 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာအုပ်တိုက်၊ 2023 ဇူလိုင်လ (ပထမအကြိမ်) |
44 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ