ပီမိုးနင်း ဝတ္ထုတို ၁၀၀

( 0 မှတ်ချက်)

15000 (ကျပ်)

မြန်မာစာကို ရှေးရိုးအစဉ်အလာ ရေးသားနေကြရာမှ ဆရာပီမိုးနင်းသည် တိုတိုတုတ်တုတ်နှင့်လိုရင်းရောက်၍ စကားအသစ်ထွင်သင့်လျှင်လည်း အသစ်ထွင်ပြီးလျှင် ခေတ်သစ်ရေးနည်း တစ်ဂိုဏ်းထူထောင်ခဲ့သူဖြစ်ပေသည်။ ဆရာပီမိုးနင်း၏ စာများသည် လွန်ခဲ့သည် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ် တစ်ခေတ်လွန် နှစ်ခေတ်လွန်က ရေးခဲ့သောစာများဖြစ်၏။ သို့သော် ရေးပုံရေးနည်း၊ ယူဆပုံတို့မှာ ယခုတိုင်ပင် မရိုးသေး။ ဆန်းသစ်ပျိုမြစ် အားကောင်းလျက်ပင် ရှိနေသေးသည်။
(ဇေယျ)

ဆရာကြီး ပီမိုးနင်းသည် မြန်မာစာပေ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက်များစွာ ကျေးဇူးပြုခဲ့သော စာပေပညာရှင်ကြီးတစ်ဦးဖြစ်ပါ၏။ခေတ်မီသောအရေးအသားကို မြန်မာစာပေသမိုင်းတွင် စတင်အုတ်မြစ်ချခဲ့သော စာရေးဆရာကြီးတစ်ဦးလည်းဖြစ်ပါ၏။
(ဗန်းမော်တင်အောင်)

ပီမိုးနင်းသည် မြန်မာစကားပြေ အရေးအသား၌ ရှေ့ဆောင်သူဖြစ်သည်။ လမ်းသစ်ကိုထွင်သူဖြစ်သည်။ အဟောင်းမှ လမ်းခွဲထွက်သူဖြစ်သည်။ ဝတ္ထုတို၌ ပီမိုးနင်းသည် ကျွန်တော်တို့လမ်းပြဖြစ်ပြီး ခေတ်သစ်ဝတ္ထုတို​ရေးနည်းကို ပီမိုးနင်းက စခဲ့သည်ဟု ဆိုနိုင်သည်။ ဝတ္ထုရှည်၌လည်း ပီမိုးနင်းသည်ကျွန်တော်တို့ရှေ့ဆောင်ဖြစ်သည်။ ထိုမျှမက ပီမိုးနင်းသည် မြန်မာစာပေလောကတွင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ပထမဆုံးရေးခဲ့သူဖြစ်မလား မပြောတတ်။
(မြသန်းတင့်)

သာမန်အကြောင်းအရာရိုးရိုးကလေးကို ဖတ်ကောင်းအောင် စိတ်ဝင်စားစရာဖြစ်အောင် ရေးတတ်တဲ့ဘက်မှာတော့ ရှာမှရှားပဲလို့ ဆိုရပါမယ်။ အကြောင်းအရာ ဇာတ်ကွက်ဇာတ်လမ်းနဲ့ စကားလုံးတွေဟာ အံကျချည်းပဲ။ ဆေးစက်ကြရာ အရုပ်ထင်တယ်လို့ ပန်းချီမှာရှိသလို ကလောင်သွားရာ စာဖြစ်တယ်ဆိုတာလဲ တွေ့ကြပြီပေါ့။ အဲ့တာ ဆရာကြီးရဲ့ကလောင်ပါပဲ။
(မြင့်ဆွေဦး)

မြန်မာစာပေလောက ဆရာကြီးတွေရဲ့ ဆရာကြီးပီမိုးနင်းအပေါ် ထင်မြင်ယူဆ သုံးသပ်ချက်တွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်တွင် ဆရာကြီး အယူအဆ၊ အတွေးအခေါ်၊ အရေးအသားများသည် ယနေ့တိုင်အောင် ခေတ်မီနေသေးသည်၊ ဟောင့်းနွမ်း၍မသွားသည်ကို တွေ့ရပါလိမ့်မည်။

စာမျက်နှာ

714

စာအုပ်အရွယ်အစား

7.4 x 1.2 x 9.7 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 ဇူလိုင်လ (ဒုတိယအကြိမ်)

3 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပီမိုးနင်း ဝတ္ထုတို ၁၀၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ပီမိုးနင်း စာအုပ်များ