တောင်တွေပေါ်ကတိမ် တိမ်တွေပေါ်ကလမ်း

( 0 မှတ်ချက်)

3500 (ကျပ်)

ရသဆိုတာ ခံစားနှစ်သက်ခြင်းပါ။ ခံစားနှစ်သက်ခြင်းကို ပေးစွမ်းနိုင်တဲ့ စာပေဖန်တီးမှု အနုပညာကို ရသစာပေလို့ ခေါ်ပါတယ်။ နှလုံးသားကို အဟာရဖြစ်စေတဲ့ စာပေပေါ့။ရသကိုးပါးရှိတယ်လို့ အင်္လကာကျမ်းပြု ပညာရှင်တွေက ဆိုခဲ့ကြပါတယ်။
အဲဒီ ရသကိုးပါးက————
၁။ သိင်္ဂၤါရ ရသ
၂။ အဗ္ဘုတ ရသ
၃။ဝီရ ရသ
၄။ သန္တ ရသ
၅။ ကရုဏာ ရသ
၆။ ဝိဘစ္စ ရသ
၇။ ဘယာနက ရသ
၈။ ရုဒ္ဒ ရသ
၉။ ဟာသ ရသ
စသဖြင့် ရသစာပေကို ချစ်မြတ်နိုးကြတဲ့ စာဖတ်သူတွေအတွက် စာအုပ်တစ်အုပ်တည်းနဲ့ ရသကိုးပါးလုံးကို ခံစားနိုင်ဖို#တောင်တွေပေါ်ကတိမ်_တိမ်တွေပေါ်ကလမ်း စာအုပ်လေးထွက်လာပါပီ..။
ယခုစာအုပ်တွင် ဆရာနတ်မှူး။ ဆရာထန်။ ဆရာရဲရင့်လုံတို့ရဲ့ မဂ္ဂဇင်းများမှာ ဖော်ပြပါရှိပြီးဖြစ်တဲ့ ဝတ္ထုလတ် ၃ပုဒ်နဲ့အတူ ဆရာကောင်းမြတ်။ ဆရာခန့်ညီဖေ။ ဆရာလူခါး။ ဆရာသတိုးတို့ရဲ့ မည့်သည့်မဂ္ဂဇင်းစာစောင်တွေမှာမှ မဖော်ပြရသေးတဲ့ အသစ်စက်စက် ဝတ္ထုလတ် ၄ပုဒ်တို့ကို စုစည်းထုတ်ဝေထားတာ ဖြစ်ပါတယ်။
ဆရာ ခုနှစ်ဦးရဲ့ ဝတ္ထုခုနှစ်ပုဒ်မှာ မတူကွဲပြားတဲ့ ရေးဟန် ဇာတ်ကောင်စရိုက် ဒေသပတ်ဝန်းကျင် ခေတ်ပြိုင်ခံစားမှု အဖွဲ့အနွဲ့တွေနဲ့ အားပြိုင်းထားတာမို့ ရသကိုးပါးလုံးကို ရရှိခံစားရစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်…..။

စာမျက်နှာ

236 မျက်နှာ

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.2 လက်မ

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊2019 နိုဝင်ဘာလ (ပ-ကြိမ်)

စာအုပ်ပြင်ဆင်မှု

နံ့သာရောင်စက္ကူ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တောင်တွေပေါ်ကတိမ် တိမ်တွေပေါ်ကလမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ကောင်းမြတ် စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ