ဆစ်ခ်တို့၏ သမိုင်း

( 0 မှတ်ချက်)

4000 (ကျပ်)

ကမ္ဘာ့ဘာသာကြီးတစ်ခုအပါအဝင်ဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းနှင့်အတူယှဉ်တွဲတည်ရှိနေသည့် လူမျိုးတစ်မျိုး
ရဲ့ ဖြစ်ထွန်းပေါ်ပေါက်ပုံ၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို … လေ့လာဖတ်ရှုရမှာဖြစ်ပြီး
စိတ်ဝင်စားဖွယ် စာအုပ်ကောင်းတစ်အုပ်လို့မမှားဧကန် ညွှန်းဆိုရမှာပါ…

(စာအုပ်ပါ ကောက်နှုတ်ချက်လေးကို ဖော်ပြပါရစေ)
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ဂုရှကြီးနာနတ်(က်) ကွယ်လွန်ခဲ့လေသည်။ ဟိန္ဒူတို့က သူတို့၏ ဓလေ့ထုံးစံအရ မီးရှို့ပြီး သဂြိုလ်ခွင့်တောင်းသလို မွတ်စလင်တို့ကလည်း အချိန်ပြည့်မွတ်စလင်အသိုင်းအဝိုင်းထဲ နေခဲ့သော ဂုရုကြီးကိုမွန်စလင်တို့၏ ထုံးစံအရ ကောင်းမွန်စွာ မြေမြှပ်သဂြိုလ်ခွင့်တောင်းရာ ဂုရုကြီး၏ မှာထားချက်အရလက်ယာဖက်တွင် ဟိန္ဒူများက ပန်းများခင်းထားကြပါ။ မွန်စလင်များက လက်ဝဲဖက်တွင် ခင်းထားကြပါ။ နောက်နေ့နံနက်ကြည့်ပါက ပန်းများ မနွမ်းသေးသူများက သူတို့၏ ဓလေ့ထုံးစံဖြင့် သဂြိုလ်ခွင့်ရမည်ဟု မှာခဲ့ရာ…..
နောက်နေ့နံနက်တွင် ဟိန္ဒူအုပ်စုများနှင့် မွတ်စလင်အုပ်စုများ ကြိုတင်ရောက်နေကြပြီး မင်းကြီးရောက်လာချိန်ကို စောင့်ကြသည်။ မင်းကြီးဘာဘာ ရောက်လာပြီး အလောင်းကို ဖုံးအုပ်ထားသော အဝတ်ကိုဖယ်လိုက်သောအခါ အလောင်းကို မတွေ့ရတော့ပေ။ စောင့်ကြည့်နေသူများကလည်း မည်သည့် ထူးခြားမှုမျှ မဖြစ်ခဲ့ပါဟု ဆိုကြသည်။ ဂရုကြီးနာနတ်(က်)ကို ဇာတ်နိမ့်ဟိန္ဒူအားလုံးကလေးစားကြသည်။ ဆင်းရဲသား တောင်သူလယ်သမား မွတ်စလင်များကလည်း လေးစားကြသည်။ ဂုရု၏နှစ်ပေါင်း ၄၀ သာသနာပြုမှုသည် ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာတို့ စင်ပြိုင်ထွန်းကားနေသော အိန္ဒိယတွင် ဆစ်ခ်ဘာသာ သာသနာအသစ်တစ်ခုကို အခြေခံ အုတ်မြစ်ချပေးနိုင်ခဲ့သည်။

စာမျက်နှာ

316 မျက်နှာ

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 လက်မ

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ ၂၀၁၉ ဖေဖော်ဝါရီလ၊ (ပ-ကြိမ်)

စာအုပ်ပြင်ဆင်မှု

နံ့သာရောင်စက္ကူ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆစ်ခ်တို့၏ သမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ကိုကိုလေး စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ