Review by Myint Myat
ဘာသာရေးနှင့် တရားဓမ္မ
#BookReview #PannSattLannBooks #Why Buddhism is True? ဒီစာအုပ်လေးရဲ့နာမည်အစကWhy Buddhism is Trueဆိုတော့စိတ်ဝင်စားစရာခေါင်းစဥ်ပါ။ဗုဒ္ဓရဲ့ဝါဒတွေချည်းပဲဟောပြောထားတာမဟုတ်ပါဘူး။ဗုဒ္ဓဘါသာရဲ့အခြေခံသဘောတရားတွေ၊ဗုဒ္ဓသါသနာတော်ရဲ့အဆီအနှစ်တွေရဲ့မြစ်ဖျားခံရာအစလို့ပြောရင်တောင်ရပါတယ်။ဘာလို့လဲဆိုတော့ဗုဒ္ဓရဲ့အခြေခံသဘောတရားအားလုံးကလူ့လောကနဲ့အကိုက်ညီဆုံးဖြစ်နေတာကိုထူးထူးခြားခြားတွေ့ခဲ့ရပါတယ်။အလွယ်ကူဆုံးပြောရရင်လူ့ကျင့်ဝတ်တွေကိုဗုဒ္ဓပြဌာန်းပေးခဲ့တာတွေဟာအခုချိန်မှာအကိုက်ညီဆုံးလို့ဝန်ခံရမှာပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဗုဒ္ဓဘါသာရဲ့အခြေခံလုပ်ငန်းစဥ်ဖြစ်တဲ့ဝိပဿနာနဲ့ကမ္မဌာန်းတရားတွေရှုမှတ်မှုတွေကိုသိပ္ပံပညာနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာအတော်များများဟာသိပ္ပံပညာနဲ့ထပ်တူကျနေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပုံကိုမူရင်းစာရေးဆရာRobert Wrightကဖော်ပြထားပါတယ်။ဒီတော့Robert Wrightကိုယ်တိုင်ဝိပဿနာနဲ့ကမ္မဌာန်းကျင့်စဥ်တွေကိုသူကျင့်ကြံကြည့်တဲ့အခါမှာသူ့စိတ်မှာငြိမ်းချမ်းမှုကိုခံစားလာခဲ့ရတာတွေကိုပါစိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ပြီးတော့တော်တော်များများသိချင်ကြတဲ့ဗုဒ္ဓဘါသာထဲမှာအမြတ်ဆုံးဆုဒါမှမဟုတ်နေရာလို့ပဲပြောရမယ်ထင်ပါတယ်။နိဗ္ဗာန်အကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပေးထားပါတယ်။နိဗ္ဗာန်ဆိုတာဒေါသ၊လောဘ၊မောဟတွေကင်းစင်မှရမယ်။ကိလေသာ၊စွဲလမ်းတပ်မက်မှုတွေကင်းစင်မှသာနိဗ္ဗာန်ဆိုတဲ့အရာကိုရရှိမယ်ဆိုတာကိုဖော်ပြထားပါတယ်။ဒီအချက်တွေတစ်ချက်ချင်းကိုပြန်လည်ထောက်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဗုဒ္ဓသါသနာကျင့်စဥ်တွေသည်ကျင့်ကြံမှသာချမ်းသာမှုကိုရမယ်ဆိုတာထင်ရှားပါတယ်။ဒီအချက်တွေကိုတစ်ချက်ချင်းစာရေးသူကရေးပြသွားတဲ့အတွက်ကိုယ့်ဗုဒ္ဓဘါသာသည်ကိုးကွယ်ရာတစ်ခုထက်ပိုပါလားဆိုတာကိုရှင်းရှင်းလင်းလင်းပဲသိခွင့်ရခဲ့ပါတယိ။ပြီးတော့ဗုဒ္ဓဘါသာကိုသိပ္ပံပညာနဲ့တွဲဖက်လေ့လာနေကြတဲ့သူတွေအတွက်လဲဒီစာအုပ်ကလမ်းစဖြစ်မယ်လို့ယုံကြည်ပါတယ်။ပြီးတော့ဗုဒ္ဓဘါသာရဲ့လမ်းစဥ်တွေဖြစ်တဲ့ဝိပဿနာနဲ့ကမ္မဌာန်းရဲ့သဘောတရားတွေကိုလဲနားလည်အောင်ရှင်းလင်းတဲ့ဥပမာတွေနဲ့ရေးပေးထားပါတယ်။ပြီးတော့ဘာသာပြန်သူဆရာညီညီနိုင်ရဲ့ဘာသာပြန်စွမ်းရည်ကလဲအတော်လေးကောင်းတဲ့အတွက်ဖတ်ရင်းဖတ်ရင်းနဲ့ကိုစိတ်ဝင်စားလာစေပါတယ်။ ဒါကြောင့်ဒီဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲစာအုပ်သည်ရှိသင့်ရှိထိုက်သောစာအုပ်၊ဝယ်သင့်ဝယ်ထိုက်သောစာအုပ်လို့Reviewပေးချင်ပါတယ်ခင်ဗျာ။ပန်းဆက်လမ်းစာပေလဲဒီ့ထက်မကပိုမိုကောင်းမွန်သောစာအုပ်များထုတ်ဝေနိုင်ပါစေ။